Skip to main content
ဒီမိုကေရစီေရွ႕တြင္ နာမဝိေသသနမ်ားလာျခင္းမွာ ဒီမိုကေရစီ၏အဓိပၸါယ္ကိုရႈပ္ေထြးေစေၾကာင္း ဦးကိုကိုႀကီးေျပာ
Ads Block

ဒီမိုကေရစီေရွ႕တြင္ နာမဝိေသသနမ်ားလာျခင္းမွာ ဒီမိုကေရစီ၏အဓိပၸါယ္ကိုရႈပ္ေထြးေစေၾကာင္း ဦးကိုကိုႀကီးေျပာ

ျပည့္စုံၿပီးသားျဖစ္ေသာ ဒီမိုကေရစီေရွ႕တြင္ နာမဝိေသသနမ်ားလာျခင္းသည္ ဒီမိုကေရစီ၏အဓိပၸါယ္ကို ရႈပ္ေထြးေစေၾကာင္း ျပည္သူ႔ပါတီ(ဗဟို)မွဥကၠ႒ ဦးကိုကိုႀကီးက ေျပာသည္။
ရန္ကုန္ၿမိဳ႕၊ မဟာဗႏၶဳလပန္းျခံတြင္ ၾသဂုတ္လ ၈ ရက္၊ နံနက္ပိုင္းကက်င္းပခဲ့သည့္ (၃၁)ျပည့္ ႐ွစ္ေလးလုံး ဒီမိုကေရစီအေရးေတာ္ပုံအခမ္းအနား၌ မီဒီယာမ်ားထံ ေျဖၾကားျခင္း ျဖစ္သည္။
“ကြ်န္ေတာ္တို႔ အဲဒီတုန္းကေတာင္းဆိုခဲ့တာ ရိုးရိုးရွင္းရွင္းေလးပါ။ ဒီမိုကေရစီရရွိေရး ဒို႔အေရးပါ။ ဒီမိုကေရစီရဲ႕ေရွ႕မွာ ဘာနာမဝိေသသနမွ မပါပါဘူး။ အခုေတာ့ ဒီမိုကေရစီမွာ စစ္မွန္ေသာတို႔၊ စည္းကမ္းျပည့္ဝေသာတို႔ပါ လာတာဟာ ဒီမိုကေရစီရဲ႕ ရုိးရွင္းဂုဏ္သတၱိေပါ့။ ဒီမိုကေရစီမွာ တရားဥပေဒ စိုးမိုးေရးပါၿပီးသား။ တာဝန္နဲ႔ ရပိုင္ခြင့္ဆိုတာပါၿပီးသား။ အဲဒီဟာေတြျပည့္စုံၿပီးသားဟာကို နာမဝိေသသနေတြ မ်ားသထက္မ်ားလာတာကိုက ဒီမိုကေရစီရဲ႕အဓိပၸါယ္ကို ရႈပ္ေထြးေစတယ္လို႔ျမင္တယ္” ဟု ျပည္သူ႔ပါတီ (ဗဟို)မွဥကၠ႒ ဦးကိုကိုႀကီးက ေျပာသည္။
အဆိုပါအခမ္းအနားသို႔ ၈၈ ေက်ာင္းသားေခါင္းေဆာင္မ်ားအျပင္ ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္း၊ ရန္ကုန္ၿမိဳ႕ေတာ္ဝန္ ဦးေမာင္ေမာင္စိုး၊ ႏိုင္ငံေရးပါတီမ်ား၊ ႏိုင္ငံေရးတက္ၾကြလႈပ္ရွားသူမ်ား၊ လူမႈေရးအဖြဲ႔အစည္း မ်ားႏွင့္ အႏုပညာရွင္မ်ားတက္ေရာက္ခဲ့သည္။

- ႏိုင္မင္းလြင္ ( အကုန္သိ သတင္းဌာန )

Unicode Version

 

ပြည့်စုံပြီးသားဖြစ်သော ဒီမိုကရေစီရှေ့တွင် နာမဝိသေသနများလာခြင်းသည် ဒီမိုကရေစီ၏အဓိပ္ပါယ်ကို ရှုပ်ထွေးစေကြောင်း ပြည်သူ့ပါတီ(ဗဟို)မှဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောသည်။
ရန်ကုန်မြို့၊ မဟာဗန္ဓုလပန်းခြံတွင် သြဂုတ်လ ၈ ရက်၊ နံနက်ပိုင်းကကျင်းပခဲ့သည့် (၃၁)ပြည့် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံအခမ်းအနား၌ မီဒီယာများထံ ဖြေကြားခြင်း ဖြစ်သည်။
“ကျွန်တော်တို့ အဲဒီတုန်းကတောင်းဆိုခဲ့တာ ရိုးရိုးရှင်းရှင်းလေးပါ။ ဒီမိုကရေစီရရှိရေး ဒို့အရေးပါ။ ဒီမိုကရေစီရဲ့ရှေ့မှာ ဘာနာမဝိသေသနမှ မပါပါဘူး။ အခုတော့ ဒီမိုကရေစီမှာ စစ်မှန်သောတို့၊ စည်းကမ်းပြည့်ဝသောတို့ပါ လာတာဟာ ဒီမိုကရေစီရဲ့ ရိုးရှင်းဂုဏ်သတ္တိပေါ့။ ဒီမိုကရေစီမှာ တရားဥပဒေ စိုးမိုးရေးပါပြီးသား။ တာဝန်နဲ့ ရပိုင်ခွင့်ဆိုတာပါပြီးသား။ အဲဒီဟာတွေပြည့်စုံပြီးသားဟာကို နာမဝိသေသနတွေ များသထက်များလာတာကိုက ဒီမိုကရေစီရဲ့အဓိပ္ပါယ်ကို ရှုပ်ထွေးစေတယ်လို့မြင်တယ်” ဟု ပြည်သူ့ပါတီ (ဗဟို)မှဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောသည်။
အဆိုပါအခမ်းအနားသို့ ၈၈ ကျောင်းသားခေါင်းဆောင်များအပြင် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊ နိုင်ငံရေးပါတီများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ လူမှုရေးအဖွဲ့အစည်း များနှင့် အနုပညာရှင်များတက်ရောက်ခဲ့သည်။

- နိုင်မင်းလွင် ( အကုန်သိ သတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။