Skip to main content
ဘာသာ၊ သာသနာေပ်ာက္ဆံုးပါက ႏုိင္ငံႏွင့္လူမ်ိဳးပါေပ်ာက္မည္ဟု ဒုတိယဗိုလ္ခ်ဳပ္ႀကီး(ၿငိမ္း)ဦးစိုးေမာင္ ေျပာ
Ads Block

ဘာသာ၊ သာသနာေပ်ာက္ဆံုးပါက ႏုိင္ငံႏွင့္လူမ်ိဳးပါေပ်ာက္မည္ဟု ဒုတိယဗိုလ္ခ်ဳပ္ႀကီး(ၿငိမ္း)ဦးစိုးေမာင္ ေျပာ

ဘာသာ၊ သာသနာႏွင့္ ယဥ္ေက်းမႈေပ်ာက္ဆံုးပါက ႏုိင္ငံႏွင့္လူမ်ိဳးပါေပ်ာက္မည္ျဖစ္ေၾကာင္း သမၼတရုံးဝန္ႀကီးေဟာင္း ဒုတိယဗိုလ္ခ်ဳပ္ႀကီး(ၿငိမ္း) ဦးစိုးေမာင္က ေျပာသည္။
ရန္ကုန္ၿမိဳ႕ရွိ Orchid Hotel တြင္ ဇူလိုင္လ ၂၇ ရက္ကက်င္းပေသာ အမ်ဳိးသားႏိုင္ငံေရးဒီမိုကရက္တစ္ပါတီ (DNP) တည္ေထာင္ျခင္းႏွင့္ သေဘာထားမူဝါဒရွင္းလင္းပြဲ၌ အကုန္သိသတင္းဌာန၏ေမးျမန္းမႈကို ယင္းကဲ့သို႔ေျဖၾကားျခင္းျဖစ္သည္။
“ကြ်န္ေတာ္တို႔ကေတာ့ အစြန္းထြက္တဲ့စကားလုံးေတြကလြဲရင္ေတာ့ ဗုဒၶဘာသာတည္တံ့ခိုင္ျမဲေအာင္ ေဆာင္ရြက္တဲ့ကိစၥမွန္သမွ်ကို ဒါလည္းပဲအမ်ဳိးသားအက်ဳိးစီးပြားပဲေလ။ ဘာသာ၊ သာသနာ၊ ယဥ္ေက်းမႈ ေပ်ာက္ဆုံးရင္ လူမ်ဳိးေပ်ာက္ဆုံးလိမ့္မယ္။ ႏိုင္ငံပါေပ်ာက္သြားလိမ့္မယ္။ တခ်ဳိ႕ေသာ နည္းနည္းေလး အစြန္းထြက္တဲ့ စကားလုံးေတြကလြဲရင္ေတာ့ ကြ်န္ေတာ္တို႔က ဗုဒၶဘာသာအေနနဲ႔ကေတာ့ လက္ခံရမွာေပါ့” ဟု သမၼတရုံးဝန္ႀကီးေဟာင္းဒုတိယဗိုလ္ခ်ဳပ္ႀကီး(ၿငိမ္း)၊ DNP ပါတီဥကၠ႒ ဦးစိုးေမာင္က ေျပာသည္။
လက္ရွိတြင္ အမ်ဳိးသားေရးဆရာေတာ္ ဦးဝီရသူအား အေနာက္ပိုင္းခ႐ိုင္အေထြေထြအုပ္ခ်ဳပ္ေရးမွဴး႐ုံးမွ ဒုတိယအုပ္ခ်ဳပ္ေရးမွဴး ဦးစန္းမင္းက တရားလိုျပဳလုပ္တိုင္တန္းခ့ဲသျဖင့္ ရန္ကုန္အေနာက္ပိုင္းခ႐ိုင္တရား႐ုံး၊ တြဲဖက္တရားသူႀကီးဦးေက်ာ္ေက်ာ္မွ ရာႀကီးအမႈအမွတ္ ၄၇/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ- ၁၂၄(က) ျဖင့္ ဖမ္းဝရမ္းထုတ္ထားေၾကာင္း သိရသည္။
ယင္းထုတ္ျပန္ေၾကညာခ်က္ႏွင့္ပတ္သက္၍ ၾသဂုတ္လ ၉ ရက္ေနာက္ဆုံးထား၍ ရန္ကုန္အေနာက္ပိုင္းခရိုင္ တရား႐ုံးသို႔ လာေရာက္ေျဖ႐ွင္းရမည္ျဖစ္ေၾကာင္း သိရသည္။

- ႏိုင္မင္းလြင္ ( အကုန္သိသတင္းဌာန) 

Unicode Version

 

ဘာသာ၊ သာသနာနှင့် ယဉ်ကျေးမှုပျောက်ဆုံးပါက နိုင်ငံနှင့်လူမျိုးပါပျောက်မည်ဖြစ်ကြောင်း သမ္မတရုံးဝန်ကြီးဟောင်း ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း) ဦးစိုးမောင်က ပြောသည်။
ရန်ကုန်မြို့ရှိ Orchid Hotel တွင် ဇူလိုင်လ ၂၇ ရက်ကကျင်းပသော အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ (DNP) တည်ထောင်ခြင်းနှင့် သဘောထားမူဝါဒရှင်းလင်းပွဲ၌ အကုန်သိသတင်းဌာန၏မေးမြန်းမှုကို ယင်းကဲ့သို့ဖြေကြားခြင်းဖြစ်သည်။
“ကျွန်တော်တို့ကတော့ အစွန်းထွက်တဲ့စကားလုံးတွေကလွဲရင်တော့ ဗုဒ္ဓဘာသာတည်တံ့ခိုင်မြဲအောင် ဆောင်ရွက်တဲ့ကိစ္စမှန်သမျှကို ဒါလည်းပဲအမျိုးသားအကျိုးစီးပွားပဲလေ။ ဘာသာ၊ သာသနာ၊ ယဉ်ကျေးမှု ပျောက်ဆုံးရင် လူမျိုးပျောက်ဆုံးလိမ့်မယ်။ နိုင်ငံပါပျောက်သွားလိမ့်မယ်။ တချို့သော နည်းနည်းလေး အစွန်းထွက်တဲ့ စကားလုံးတွေကလွဲရင်တော့ ကျွန်တော်တို့က ဗုဒ္ဓဘာသာအနေနဲ့ကတော့ လက်ခံရမှာပေါ့” ဟု သမ္မတရုံးဝန်ကြီးဟောင်းဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း)၊ DNP ပါတီဥက္ကဋ္ဌ ဦးစိုးမောင်က ပြောသည်။
လက်ရှိတွင် အမျိုးသားရေးဆရာတော် ဦးဝီရသူအား အနောက်ပိုင်းခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ ဒုတိယအုပ်ချုပ်ရေးမှူး ဦးစန်းမင်းက တရားလိုပြုလုပ်တိုင်တန်းခဲ့သဖြင့် ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံး၊ တွဲဖက်တရားသူကြီးဦးကျော်ကျော်မှ ရာကြီးအမှုအမှတ် ၄၇/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ- ၁၂၄(က) ဖြင့် ဖမ်းဝရမ်းထုတ်ထားကြောင်း သိရသည်။
ယင်းထုတ်ပြန်ကြေညာချက်နှင့်ပတ်သက်၍ သြဂုတ်လ ၉ ရက်နောက်ဆုံးထား၍ ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးသို့ လာရောက်ဖြေရှင်းရမည်ဖြစ်ကြောင်း သိရသည်။

- နိုင်မင်းလွင် ( အကုန်သိသတင်းဌာန)

             

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။