Skip to main content
ေ၀ဟင္ပုိင္နက္ က်ဴးေက်ာ္လာတဲ့ ရုရွားစစ္ေလယာဥ္ကုိ သတိေပးပစ္ခတ္မႈလုပ္ခဲ့ဟု ေတာင္ကုိရီးယား ထုတ္ျပန္
Ads Block

ေ၀ဟင္ပုိင္နက္ က်ဴးေက်ာ္လာတဲ့ ရုရွားစစ္ေလယာဥ္ကုိ သတိေပးပစ္ခတ္မႈလုပ္ခဲ့ဟု ေတာင္ကုိရီးယား ထုတ္ျပန္

အဂၤါေန ့(ဇူလုိင္ ၂၃) က ရုရွား စစ္ေလယာဥ္တစ္စင္း ေတာင္ကုိရီးယား ေလပုိင္နက္ကုိ က်ဴးေက်ာ္ ၀င္ေရာက္လာခဲ့တာေၾကာင့္ စစ္တပ္က ႏွစ္ႀကိမ္တုိင္ သတိေပးပစ္ခတ္မႈ လုပ္ခဲ့ေၾကာင္း ဆုိးလ္ၿမိဳ႕ရွိ အမ်ဳိးသားကာကြယ္ေရး၀န္ႀကီးဌာနက ထုတ္ျပန္ခဲ့ကာ တရုတ္စစ္ေလယာဥ္ေတြလည္း ေတာင္ကုိရီးယား ပုိင္နက္အတြင္း အလားတူ ခ်ဳိးေဖာက္၀င္ေရာက္ခဲ့ေၾကာင္း ဆုိခဲ့ပါတယ္။

ေ၀ဟင္ပုိင္နက္ က်ဴးေက်ာ္လာတဲ့ ရုရွားစစ္ေလယာဥ္ကုိ သတိေပးပစ္ခတ္မႈလုပ္ခဲ့ဟု ေတာင္ကုိရီးယား ထုတ္ျပန္


ေတာင္ကုိရီးယား ေ၀ဟင္ပုိင္နက္ကုိ ရုရွားစစ္ေလယာဥ္ က်ဴးေက်ာ္၀င္ေရာက္မႈျဖစ္စဥ္ဟာ ပထမဆုံးအႀကိမ္ျဖစ္ေၾကာင္းလည္း ယင္း ၀န္ႀကီးဌာန အရာရွိတစ္ဦးက ေျပာဆုိပါတယ္။ ရုရွား စစ္ေလယာဥ္ သုံးစင္းအနက္ တစ္စင္းဟာ အဂၤါေန ့အေစာပုိင္းက ကုိရီးယား ေလေၾကာင္းကာကြယ္ေရးဇုန္(KADIZ) ကုိ ၀င္ေရာက္လာခဲ့တာျဖစ္ေၾကာင္း သိရပါတယ္။ ဒါ့အျပင္ တရုတ္စစ္ေလယာဥ္ႏွစ္စင္းဟာလည္း KADIZ အတြင္း က်ဴးေက်ာ္၀င္ေရာက္ခဲ့ေၾကာင္း ကာကြယ္ေရး၀န္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပခဲ့ပါတယ္။
ျဖစ္စဥ္ေတြနဲ ့ပတ္သက္ၿပီး ရုရွားဘက္ကေရာ တရုတ္ဘက္ကပါ ေလာေလာဆယ္မွာ တံု႔ျပန္ ေျပာဆုိျခင္းမရွိေသးပါဘူး။ ပုိင္နက္ က်ဴးေက်ာ္မႈေတြနဲ ့ပတ္သက္ၿပီး တရုတ္နဲ ့ရုရွားအစုိးရေတြကုိ ေတာင္ကုိရီးယား အစုိးရက တရား၀င္ ကန္ ့ကြက္မႈလုပ္သြားမွာျဖစ္ေၾကာင္း ကာကြယ္ေရး၀န္ႀကီးဌာနက ေျပာဆုိပါတယ္။
ေတာင္ကုိရီးယား စစ္တပ္ရဲ႕ ထုတ္ျပန္ခ်က္အရ ရုရွား စစ္ေလယာဥ္ဟာ ေတာင္ကုိရီးယားပုိင္ ေဒါ့ခ္ဒုိကၽြန္း ေ၀ဟင္ကုိ ေဒသစံေတာ္ခ်ိန္ မနက္ ၉ နာရီေလာက္က က်ဴးေက်ာ္၀င္ေရာက္ ခဲ့တာျဖစ္တယ္လုိ ့ဆုိပါတယ္။ ယင္းကၽြန္းကုိ ဂ်ပန္ကလည္း ပုိင္ဆုိင္ေၾကာင္း ေၾကညာထားၿပီး ဂ်ပန္အေခၚ တာကီရွီးမားလုိ ့ အမည္ရပါတယ္။ ေတာင္ကုိရီးယားစစ္တပ္က မီးက်ည္ထုတ္လႊတ္မႈ၊ သတိေပး ပစ္ခတ္မႈ အပါအ၀င္ နည္းဗ်ဴဟာက်က် တုံ႔ျပန္မႈလုပ္ခဲ့ေၾကာင္း ကာကြယ္ေရး၀န္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပပါတယ္။ ယင္းအခ်ိန္မွာ ေတာင္ကုိရီးယား ေ၀ဟင္ကေန ရုရွားစစ္ေလယာဥ္ ျပန္ထြက္သြားေပမယ့္ ေနာက္ မိနစ္ ၂၀ ေလာက္အၾကာမွာ ေနာက္တစ္ႀကိမ္ ထပ္၀င္လာျပန္တာေၾကာင့္ ေတာင္ကုိရီးယား စစ္တပ္က ဒုတိယအႀကိမ္ သတိေပးပစ္ခတ္မႈလုပ္ခဲ့တယ္လုိ ့ဆုိပါတယ္။
ေတာင္ကုိရီးယား စစ္ေလယာဥ္ေတြက ယင္း က်ဴးေက်ာ္မႈအတြက္ ပုံမွန္တုံ႔ျပန္အေရးယူမႈမ်ဳိး လုပ္ေဆာင္ခဲ့ေၾကာင္း စစ္တပ္က ေျပာဆုိခဲ့ကာ အေသးစိတ္အခ်က္ေတြကုိေတာ့ ေျပာဆုိခဲ့ျခင္း မရွိပါဘူး။

- ကုိလင္း ( အကုန္သိ သတင္းဌာန ) | Ref : Reuters

Unicode Version

 

အင်္ဂါနေ့(ဇူလိုင် ၂၃) က ရုရှား စစ်လေယာဉ်တစ်စင်း တောင်ကိုရီးယား လေပိုင်နက်ကို ကျူးကျော် ဝင်ရောက်လာခဲ့တာကြောင့် စစ်တပ်က နှစ်ကြိမ်တိုင် သတိပေးပစ်ခတ်မှု လုပ်ခဲ့ကြောင်း ဆိုးလ်မြို့ရှိ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ကာ တရုတ်စစ်လေယာဉ်တွေလည်း တောင်ကိုရီးယား ပိုင်နက်အတွင်း အလားတူ ချိုးဖောက်ဝင်ရောက်ခဲ့ကြောင်း ဆိုခဲ့ပါတယ်။
တောင်ကိုရီးယား ဝေဟင်ပိုင်နက်ကို ရုရှားစစ်လေယာဉ် ကျူးကျော်ဝင်ရောက်မှုဖြစ်စဉ်ဟာ ပထမဆုံးအကြိမ်ဖြစ်ကြောင်းလည်း ယင်း ဝန်ကြီးဌာန အရာရှိတစ်ဦးက ပြောဆိုပါတယ်။ ရုရှား စစ်လေယာဉ် သုံးစင်းအနက် တစ်စင်းဟာ အင်္ဂါနေ့အစောပိုင်းက ကိုရီးယား လေကြောင်းကာကွယ်ရေးဇုန်(KADIZ) ကို ဝင်ရောက်လာခဲ့တာဖြစ်ကြောင်း သိရပါတယ်။ ဒါ့အပြင် တရုတ်စစ်လေယာဉ်နှစ်စင်းဟာလည်း KADIZ အတွင်း ကျူးကျော်ဝင်ရောက်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။
ဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး ရုရှားဘက်ကရော တရုတ်ဘက်ကပါ လောလောဆယ်မှာ တုံ့ပြန် ပြောဆိုခြင်းမရှိသေးပါဘူး။ ပိုင်နက် ကျူးကျော်မှုတွေနဲ့ပတ်သက်ပြီး တရုတ်နဲ့ရုရှားအစိုးရတွေကို တောင်ကိုရီးယား အစိုးရက တရားဝင် ကန့်ကွက်မှုလုပ်သွားမှာဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ပြောဆိုပါတယ်။
တောင်ကိုရီးယား စစ်တပ်ရဲ့ ထုတ်ပြန်ချက်အရ ရုရှား စစ်လေယာဉ်ဟာ တောင်ကိုရီးယားပိုင် ဒေါ့ခ်ဒိုကျွန်း ဝေဟင်ကို ဒေသစံတော်ချိန် မနက် ၉ နာရီလောက်က ကျူးကျော်ဝင်ရောက် ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ ယင်းကျွန်းကို ဂျပန်ကလည်း ပိုင်ဆိုင်ကြောင်း ကြေညာထားပြီး ဂျပန်အခေါ် တာကီရှီးမားလို့ အမည်ရပါတယ်။ တောင်ကိုရီးယားစစ်တပ်က မီးကျည်ထုတ်လွှတ်မှု၊ သတိပေး ပစ်ခတ်မှု အပါအဝင် နည်းဗျူဟာကျကျ တုံ့ပြန်မှုလုပ်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ယင်းအချိန်မှာ တောင်ကိုရီးယား ဝေဟင်ကနေ ရုရှားစစ်လေယာဉ် ပြန်ထွက်သွားပေမယ့် နောက် မိနစ် ၂၀ လောက်အကြာမှာ နောက်တစ်ကြိမ် ထပ်ဝင်လာပြန်တာကြောင့် တောင်ကိုရီးယား စစ်တပ်က ဒုတိယအကြိမ် သတိပေးပစ်ခတ်မှုလုပ်ခဲ့တယ်လို့ဆိုပါတယ်။
တောင်ကိုရီးယား စစ်လေယာဉ်တွေက ယင်း ကျူးကျော်မှုအတွက် ပုံမှန်တုံ့ပြန်အရေးယူမှုမျိုး လုပ်ဆောင်ခဲ့ကြောင်း စစ်တပ်က ပြောဆိုခဲ့ကာ အသေးစိတ်အချက်တွေကိုတော့ ပြောဆိုခဲ့ခြင်း မရှိပါဘူး။

- ကိုလင်း ( အကုန်သိ သတင်းဌာန ) | Ref : Reuters

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။