Skip to main content
bgrgr
Ads Block

ေျခဥျပင္ဆင္ရာတြင္ တပ္မေတာ္ဂုဏ္သိကၡာမထိခိုက္ေစမည့္ အေကာင္းဆံုးနည္းလမ္းကိုအဆိုျပဳထားဟု ဆို

၂၀၀၈ဖြဲ႔စည္းပုံအေျခခံဥပေဒျပင္ဆင္ေရးအတြက္ တပ္မေတာ္ဂုဏ္သိကၡာမထိခိုက္ေစမည့္ အေကာင္းဆံုး နည္းလမ္းကိုေရြးခ်ယ္အဆိုျပဳထားေၾကာင္း အမ်ိဳးသားဒီမုိကေရစီအဖြဲ႔ခ်ဳပ္(NLD) ပါတီမွ ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာမ်ိဳးညႊန္႔က ေျပာသည္။

လက္ရွိ ျပည္ေထာင္စုလႊတ္ေတာ္တြင္ ေဆာင္ရြက္ေနသည့္ ၂၀၀၈ ဖြဲ႔စည္းပံုျပင္ဆင္ေရးႏွင့္ ပတ္သက္ၿပီး ယခုကဲ့သို႔ ေျပာခဲ့ျခင္းျဖစ္သည္။

“ႏုိင္ငံနဲ႔လူမ်ိဳးအက်ိဳးအတြက္ လတ္တေလာျပင္ဆင္သင့္တဲ့အခ်က္ေတြကိုအဆုိျပဳထားတာပါ။ အားလံုးကို အျဖဴ၊ အမဲေျပာင္းလဲဖုိ႔ ရည္ရြယ္ခ်က္မရွိပါဘူး။ တပ္မေတာ္အေနနဲ႔ ပူးေပါင္းေဆာင္ရြက္ဖုိ႔ အသင့္ဆံုး ၊ တပ္မေတာ္ရဲ႕ဂုဏ္သိကၡာကိုမထိခုိက္ေစတဲ့ အေကာင္းဆံုးနည္းလမ္းကိုေရြးၿပီး အဆုိျပဳခ်က္မ်ားကို တင္ျပထားတာျဖစ္ပါတယ္” ဟု အမ်ိဳးသားဒီမုိကေရစီအဖြဲ႔ခ်ဳပ္(NLD) ပါတီမွ ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာမ်ိဳးညႊန္႔က ေျပာသည္။

၂၀၀၈ဖြဲ႔စည္းပံုအေျခခံဥပေဒျပင္ဆင္ေရးအတြက္ ျပည္ေထာင္စုလႊတ္ေတာ္တြင္ ၄၅ ဦးပါေကာ္မတီက အဆုိျပဳခ်က္ေပါင္း ၃၀၀၀ ေက်ာ္ကို ျပည္ေထာင္စုလႊတ္ေတာ္သို႔ တင္ျပထားသည္။

အဆုိပါ အဆုိျပဳခ်က္မ်ားအေပၚ တပ္မေတာ္ကုိယ္စားလွယ္အစုအဖြဲ႔အေနျဖင့္ ေဆြးေႏြးထားျခင္းမရွိသကဲ့သို႔  ၄၅ ဦးေကာ္မတီကိုလည္း ဥပေဒႏွင့္အညီဖြဲ႔စည္းထားျခင္းမရွိဟုဆုိကာကန္႔ကြက္ေနေၾကာင္း သိရသည္။

 

 - 

ခ်မ္းၿငိမ္း(အကုန္သိသတင္းဌာန)

 

Unicode Version

 

 

ခြေဥပြင်ဆင်ရာတွင် တပ်မတော်ဂုဏ်သိက္ခာမထိခိုက်စေမည့် အကောင်းဆုံးနည်းလမ်းကိုအဆိုပြုထားဟု ဆို

 

၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် တပ်မတော်ဂုဏ်သိက္ခာမထိခိုက်စေမည့် အကောင်းဆုံး နည်းလမ်းကိုရွေးချယ်အဆိုပြုထားကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်က ပြောသည်။

လက်ရှိ ပြည်ထောင်စုလွှတ်တော်တွင် ဆောင်ရွက်နေသည့် ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ပတ်သက်ပြီး ယခုကဲ့သို့ ပြောခဲ့ခြင်းဖြစ်သည်။

“နိုင်ငံနဲ့လူမျိုးအကျိုးအတွက် လတ်တလောပြင်ဆင်သင့်တဲ့အချက်တွေကိုအဆိုပြုထားတာပါ။ အားလုံးကို အဖြူ၊ အမဲပြောင်းလဲဖို့ ရည်ရွယ်ချက်မရှိပါဘူး။ တပ်မတော်အနေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ဆုံး ၊ တပ်မတော်ရဲ့ဂုဏ်သိက္ခာကိုမထိခိုက်စေတဲ့ အကောင်းဆုံးနည်းလမ်းကိုရွေးပြီး အဆိုပြုချက်များကို တင်ပြထားတာဖြစ်ပါတယ်” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်က ပြောသည်။

၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်တွင် ၄၅ ဦးပါကော်မတီက အဆိုပြုချက်ပေါင်း ၃၀၀၀ ကျော်ကို ပြည်ထောင်စုလွှတ်တော်သို့ တင်ပြထားသည်။

အဆိုပါ အဆိုပြုချက်များအပေါ် တပ်မတော်ကိုယ်စားလှယ်အစုအဖွဲ့အနေဖြင့် ဆွေးနွေးထားခြင်းမရှိသကဲ့သို့  ၄၅ ဦးကော်မတီကိုလည်း ဥပဒေနှင့်အညီဖွဲ့စည်းထားခြင်းမရှိဟုဆိုကာကန့်ကွက်နေကြောင်း သိရသည်။

 - ချမ်းငြိမ်း(အကုန်သိသတင်းဌာန)

 

 

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။