Skip to main content
agqewg
Ads Block

ေဆာင္း - ေဆာင္း စုံတြဲ တရား၀င္ အၿပီးသတ္ ကြာရွင္းလုိက္ၿပီ

ေတာင္ကိုရီးယား နာမည္ႀကီးသရုပ္ေဆာင္ေတြျဖစ္တဲ့ ေဆာင္းဂၽြန္ကီ နဲ႔ ေဆာင္းေဟကို တို႔စံုတြဲဟာ တရားရံုးက ကြာရွင္းမႈနဲ႔ပတ္သက္တဲ့ သေဘာတူညွိႏိႈင္းမႈေတြ ျပဳလုပ္ခဲ့ေပးၿပီးေနာက္ ဇူလိုင္ ၂၂ ရက္ တနလၤာေန႔က အၿပီးသတ္ကြာရွင္ခဲ့ၿပီျဖစ္ေၾကာင္း သိရပါတယ္။

အဆိုပါ အၿပီးသတ္ကြာရွင္းမႈကို ေဆာင္းဂၽြန္ကီက ေဆာင္းေဟကိုနဲ႔ ကြားရွင္းဖို႔ ဆိုးလ္တရားရံုးမွာ ေလွ်ာက္ထားခဲ့ၿပီး တစ္လအၾကာမွာျပဳလုပ္ခဲ့တာပဲျဖစ္ပါတယ္။

မင္းသမီးေဆာင္းေဟကိုရဲ႕ ေအဂ်င္စီ UAA ရဲ႕အဆိုအရ ယခုကြားရွင္းမႈမွာ ပစၥည္းဥစၥာနဲ႔ ပိုင္ဆိုင္တဲ့ ေငြေၾကးေတြကို ခြဲေ၀တာမ်ိဳး ရွိလိမ့္ဦးမွာမဟုတ္ဘူးလို႔ သိရပါတယ္။ လူအမ်ားအားက်ခဲ့ရတဲ့ ၄င္းတို႔ ေဆာင္း - ေဆာင္း စံုတြဲဟာ ၂၀၁၆ ခုႏွစ္က နာမည္ႀကီး ဒရမ္မာဇာတ္လမ္းတြဲျဖစ္တဲ့ Descendants Of The Sun  မွာ တြဲဖက္သရုပ္ေဆာင္ရင္းေတြ႕ခဲ့ၾကတာျဖစ္ၿပီး အဲ့ဒီေနာက္မွာေတာ့ ၂၀၁၇ ေအာက္တိုဘာလမွာ လက္ထပ္ ခဲ့ၾကတာျဖစ္ပါတယ္။

ေဆာင္းေဟကို က ယခုနွစ္အတြင္းမွာေတာ့ သူ အခ်ိန္ယူအနားယူဖို႔လိုၿပီး ေနာက္ႏွစ္မွာေတာ့ အလုပ္ အသစ္ေတြ လက္ခံျပဳလုပ္သြားမွာျဖစ္ေၾကာင္း Hong Kong Tatler မဂၢဇင္းရဲ႕ အင္တာဗ်ဴးတစ္ခုမွာ ေျဖၾကားခဲ့ပါတယ္။

ေမ  (အကုန္သိ သတင္းဌာန)

The Straits Times

 

Unicode Version

 

 

ဆောင်း - ဆောင်း စုံတွဲ တရားဝင် အပြီးသတ် ကွာရှင်းလိုက်ပြီ

တောင်ကိုရီးယား နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ ဆောင်းဂျွန်ကီ နဲ့ ဆောင်းဟေကို တို့စုံတွဲဟာ တရားရုံးက ကွာရှင်းမှုနဲ့ပတ်သက်တဲ့ သဘောတူညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့ပေးပြီးနောက် ဇူလိုင် ၂၂ ရက် တနင်္လာနေ့က အပြီးသတ်ကွာရှင်ခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။

အဆိုပါ အပြီးသတ်ကွာရှင်းမှုကို ဆောင်းဂျွန်ကီက ဆောင်းဟေကိုနဲ့ ကွားရှင်းဖို့ ဆိုးလ်တရားရုံးမှာ လျှောက်ထားခဲ့ပြီး တစ်လအကြာမှာပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။

မင်းသမီးဆောင်းဟေကိုရဲ့ အေဂျင်စီ UAA ရဲ့အဆိုအရ ယခုကွားရှင်းမှုမှာ ပစ္စည်းဥစ္စာနဲ့ ပိုင်ဆိုင်တဲ့ ငွေကြေးတွေကို ခွဲဝေတာမျိုး ရှိလိမ့်ဦးမှာမဟုတ်ဘူးလို့ သိရပါတယ်။ လူအများအားကျခဲ့ရတဲ့ ၎င်းတို့ ဆောင်း - ဆောင်း စုံတွဲဟာ ၂၀၁၆ ခုနှစ်က နာမည်ကြီး ဒရမ်မာဇာတ်လမ်းတွဲဖြစ်တဲ့ Descendants Of The Sun  မှာ တွဲဖက်သရုပ်ဆောင်ရင်းတွေ့ခဲ့ကြတာဖြစ်ပြီး အဲ့ဒီနောက်မှာတော့ ၂၀၁၇ အောက်တိုဘာလမှာ လက်ထပ် ခဲ့ကြတာဖြစ်ပါတယ်။

ဆောင်းဟေကို က ယခုနှစ်အတွင်းမှာတော့ သူ အချိန်ယူအနားယူဖို့လိုပြီး နောက်နှစ်မှာတော့ အလုပ် အသစ်တွေ လက်ခံပြုလုပ်သွားမှာဖြစ်ကြောင်း Hong Kong Tatler မဂ္ဂဇင်းရဲ့ အင်တာဗျူးတစ်ခုမှာ ဖြေကြားခဲ့ပါတယ်။

- မေ  (အကုန်သိ သတင်းဌာန)

The Straits Times

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။