Skip to main content
စီအုိင္ေအ သူလွ်ဳိ ၁၇ ဦးကုိ ဖမ္းဆီးရမိခဲ့ကာ အခ်ဳိ႕ကုိ ေသဒဏ္ခ်မွတ္ခဲ့ဟု အီရန္ ေျပာ 
Ads Block

စီအုိင္ေအ သူလွ်ဳိ ၁၇ ဦးကုိ ဖမ္းဆီးရမိခဲ့ကာ အခ်ဳိ႕ကုိ ေသဒဏ္ခ်မွတ္ခဲ့ဟု အီရန္ ေျပာ 

            အေမရိကန္ ဗဟုိေထာက္လွမ္းေရး ေအဂ်င္စီ (CIA) အတြက္ အလုပ္လုပ္ေပးေနတဲ့ သူလွ်ဴိ ၁၇ ဦးကုိ အီရန္က ဖမ္းဆီးႏုိင္ခဲ့ကာ ၄င္းတုိ ့ထဲက အခ်ဳိ႕ကုိ ေသဒဏ္ေပးခဲ့ေၾကာင္း အီရန္ သတင္းဌာနတစ္ခုက ဇူလုိင္ ၂၂ ရက္ေန ့မွာ ထုတ္ေဖာ္ေျပာဆုိလုိက္ပါတယ္။ 
            စီအုိင္ေအသူလွ်ဳိ စက္ကြင္းကုိ ၿဖဳိခြင္းခဲ့ကာ သံသယရွိသူ ၁၇ ဦးကုိ ဖမ္းဆီးခဲ့တယ္ဆုိတဲ့ ေထာက္လွမ္းေရး၀န္ႀကီးဌာနရဲ႕ ေျပာဆုိမႈကုိ ကုိကားကာ ႏုိင္ငံပုိင္ ရုပ္သံဌာနက ေဖာ္ျပခဲ့တာျဖစ္ပါတယ္။ ဖမ္းဆီးခဲ့သူေတြထဲက အခ်ဳိ႕ကုိ ေသဒဏ္ေပးခဲ့ေၾကာင္း ၀န္ႀကီးဌာန တာ၀န္ရွိသူတစ္ဦးက ေျပာဆုိခဲ့တယ္လုိ ့ Fars သတင္း ေအဂ်င္စီက ဆက္လက္ ေဖာ္ျပခဲ့ပါတယ္။ 
          ေမလအတြင္းမွာ သက္ေရာက္ခဲ့တဲ့ အေမရိကန္ရဲ႕ ျပင္းထန္တဲ့ ပိတ္ဆုိ ့ဒဏ္ခတ္မႈေတြ စတင္ ခ်ိန္မွစကာ အေနာက္အုပ္စုနဲ ့ ထိပ္တုိက္ရင္ဆုိင္မႈေတြ အရွိန္တရစ္ရစ္တက္ေနမႈ သုံးလေလာက္အၾကာမွာ အီရန္ရဲ႕ အခုထုတ္ျပန္ခ်က္ ထြက္လာတာပါ။ ဇူလုိင္ ၄ ရက္ေန ့က ဂ်ီဘေရာ္တာ ကမ္းလြန္မွာ အီရန္ ေရနံတင္ သေဘၤာကုိ ၿဗိတိန္က သိမ္းယူခဲ့ၿပီး ၿပီးခဲ့တဲ့ သီတင္းပတ္မွာေတာ့ အီရန္က ေဟာ္မုဇ္ေရလက္ၾကားမွာ ၿဗိတိန္ေရနံတင္သေဘၤာကုိ တန္ျပန္သိမ္းယူခဲ့ပါတယ္။ 
           ေဖာ္ထုတ္ႏုိင္ခဲ့တဲ့ သူလွ်ဴိေတြဟာ စီးပြားေရး၊ ႏ်ဴကလီးယား၊ အေျခခံအေဆာက္အအုံ၊ စစ္ဘက္နဲ ့ သတင္းအခ်က္ေတြ စုေဆာင္းတဲ့ ဆုိက္ဘာဌာနေတြလုိမ်ဳိး အေရးႀကီးတဲ့ သီးသန္ ့က႑ေတြမွာ တာ၀န္ ထမ္းေဆာင္ေနသူေတြျဖစ္ေၾကာင္း ေထာက္လွမ္းေရး၀န္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပခဲ့ပါတယ္။ 
            အခု ဖမ္းဆီးခဲ့မႈေတြဟာ စီအုိင္ေအက ကုိင္တြယ္စီမံခဲ့တယ္ဆုိတဲ့ ဆုိက္ဘာသူလွ်ဴိ ကြန္ရက္ႀကီး တစ္ခုကုိ ဇြန္လအတြင္း အီရန္က ေဖာ္ထုတ္ထားခဲ့တဲ့ ျဖစ္စဥ္နဲ ့ ဆက္ႏြယ္မႈရွိ မရွိ လတ္တေလာမွာ ရွင္းရွင္း လင္းလင္း မသိရေသးပါဘူး။ ယင္း ဆုိက္ဘာသူလွ်ဴိျဖစ္စဥ္ေၾကာင့္ အျခားႏုိင္ငံေတြမွာလည္း အေမရိကန္ သူလွ်ဴိအမ်ားအျပား အဖမ္းခံထားခဲ့ရပါတယ္။ 
Ref: Reuters 

- ကုိလင္း (အကုန္သိ သတင္းဌာန)

Unicode version

စီအိုင်အေ သူလျှို ၁၇ ဦးကို ဖမ်းဆီးရမိခဲ့ကာ အချို့ကို သေဒဏ်ချမှတ်ခဲ့ဟု အီရန် ပြော 

            အမေရိကန် ဗဟိုထောက်လှမ်းရေး အေဂျင်စီ (CIA) အတွက် အလုပ်လုပ်ပေးနေတဲ့ သူလျှိူ ၁၇ ဦးကို အီရန်က ဖမ်းဆီးနိုင်ခဲ့ကာ ၎င်းတို့ထဲက အချို့ကို သေဒဏ်ပေးခဲ့ကြောင်း အီရန် သတင်းဌာနတစ်ခုက ဇူလိုင် ၂၂ ရက်နေ့မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ 
            စီအိုင်အေသူလျှို စက်ကွင်းကို ဖြိုခွင်းခဲ့ကာ သံသယရှိသူ ၁၇ ဦးကို ဖမ်းဆီးခဲ့တယ်ဆိုတဲ့ ထောက်လှမ်းရေးဝန်ကြီးဌာနရဲ့ ပြောဆိုမှုကို ကိုကားကာ နိုင်ငံပိုင် ရုပ်သံဌာနက ဖော်ပြခဲ့တာဖြစ်ပါတယ်။ ဖမ်းဆီးခဲ့သူတွေထဲက အချို့ကို သေဒဏ်ပေးခဲ့ကြောင်း ဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောဆိုခဲ့တယ်လို့ Fars သတင်း အေဂျင်စီက ဆက်လက် ဖော်ပြခဲ့ပါတယ်။ 
          မေလအတွင်းမှာ သက်ရောက်ခဲ့တဲ့ အမေရိကန်ရဲ့ ပြင်းထန်တဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေ စတင် ချိန်မှစကာ အနောက်အုပ်စုနဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေ အရှိန်တရစ်ရစ်တက်နေမှု သုံးလလောက်အကြာမှာ အီရန်ရဲ့ အခုထုတ်ပြန်ချက် ထွက်လာတာပါ။ ဇူလိုင် ၄ ရက်နေ့က ဂျီဘရော်တာ ကမ်းလွန်မှာ အီရန် ရေနံတင် သင်္ဘောကို ဗြိတိန်က သိမ်းယူခဲ့ပြီး ပြီးခဲ့တဲ့ သီတင်းပတ်မှာတော့ အီရန်က ဟော်မုဇ်ရေလက်ကြားမှာ ဗြိတိန်ရေနံတင်သင်္ဘောကို တန်ပြန်သိမ်းယူခဲ့ပါတယ်။ 
           ဖော်ထုတ်နိုင်ခဲ့တဲ့ သူလျှိူတွေဟာ စီးပွားရေး၊ နျူကလီးယား၊ အခြေခံအဆောက်အအုံ၊ စစ်ဘက်နဲ့ သတင်းအချက်တွေ စုဆောင်းတဲ့ ဆိုက်ဘာဌာနတွေလိုမျိုး အရေးကြီးတဲ့ သီးသန့်ကဏ္ဍတွေမှာ တာဝန် ထမ်းဆောင်နေသူတွေဖြစ်ကြောင်း ထောက်လှမ်းရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။ 
            အခု ဖမ်းဆီးခဲ့မှုတွေဟာ စီအိုင်အေက ကိုင်တွယ်စီမံခဲ့တယ်ဆိုတဲ့ ဆိုက်ဘာသူလျှိူ ကွန်ရက်ကြီး တစ်ခုကို ဇွန်လအတွင်း အီရန်က ဖော်ထုတ်ထားခဲ့တဲ့ ဖြစ်စဉ်နဲ့ ဆက်နွယ်မှုရှိ မရှိ လတ်တလောမှာ ရှင်းရှင်း လင်းလင်း မသိရသေးပါဘူး။ ယင်း ဆိုက်ဘာသူလျှိူဖြစ်စဉ်ကြောင့် အခြားနိုင်ငံတွေမှာလည်း အမေရိကန် သူလျှိူအများအပြား အဖမ်းခံထားခဲ့ရပါတယ်။ 
Ref: Reuters 

- ကိုလင်း (အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။