Skip to main content
ေဂ်ရုဆလင္ ၿမိဳ႕စြန္က ပါလက္စတုိင္းေနအိမ္ေတြကုိ အစၥေရးက စတင္ၿဖိဳခ် 
Ads Block

ေဂ်ရုဆလင္ ၿမိဳ႕စြန္က ပါလက္စတုိင္းေနအိမ္ေတြကုိ အစၥေရးက စတင္ၿဖိဳခ် 

           ေဂ်ရုဆလင္ ၿမိဳ႕စြန္အရပ္က စစ္တပ္ ခံတပ္စခန္းတစ္ခုအနီးရွိ ပါလက္စတုိင္း ေနအိမ္အေဆာက္အအုံ ေတြကုိ အစၥေရးတပ္ဖြဲ႕ေတြက တနလၤာေန ့မွာ စတင္ၿဖိဳခ်ေနေၾကာင္း သိရပါတယ္။ ယင္း လုပ္ရပ္ေၾကာင့္ ပါလက္စတုိင္းေတြရဲ႕ ဆန္႔က်င္ကန္ ့ကြက္မႈနဲ ့ ႏုိင္ငံတကာရဲ႕ ေ၀ဖန္မႈေတြ ထြက္ေပၚလာဖြယ္ရွိေနပါတယ္။ 
            ၁၉၆၇ ခုႏွစ္ အေရွ႕အလယ္ပုိင္း စစ္ပြဲမွာ အစၥေရးက သိမ္းပုိက္သြားႏုိင္ခဲ့တဲ့ အေရွ႕ေဂ်ရုဆလင္ အစြန္အဖ်ားက ပါလက္စတုိင္းေက်းရြာ ဆာဘာဟာမွာ အစၥေရးစစ္သားေတြနဲ႕ ရဲတပ္ဖြဲ႕၀င္ေတြက ဘူဒုိဇာႀကီးေတြသုံးကာ ၿဖဳိဖ်က္မႈေတြ လုပ္ေနၾကတာျဖစ္ပါတယ္။ ခံတပ္စခန္းလမ္းေၾကာင္းတေလွ်ာက္က အျခားၿမိဳ႕ေတြမွာျဖစ္ခဲ့သလုိပဲ နယ္စပ္စည္းရုိးနဲ ့နီးေနတဲ့ ၄င္းတုိ ့ေနအိမ္ အေဆာက္အအုံေတြ ၿဖိဳဖ်က္ ခံရမယ့္အေရး ပါလက္စတုိင္းေတြ စုိးရိမ္ပူပန္ထားခဲ့ၾကတာပါ။ 
             အခုလုိ အေဆာက္အအုံေတြ ၿဖိဳခ်မႈဟာ အစၥေရး လူမ်ဳိး ၅ သိန္းေက်ာ္၊ ပါလက္စတုိင္း လူမ်ဳိး ၃ သိန္း ေနထုိင္ကာ ဂ်ဴး၊ အစၥလာမ္နဲ႔ ခရစ္ယာန္ ဘာသာေရးအထြတ္အျမတ္နယ္ေျမတစ္ခုျဖစ္ေနတဲ့ ေဂ်ရုဆလင္ အနာဂတ္နဲ ့ပတ္သက္လုိ ့ ကာလၾကာရွည္ ျငင္းခုံကြဲလြဲမႈေတြျဖစ္ေနတာကုိ အဆုံးသတ္သြားေစေရး ေနာက္ဆုံး အားထုတ္မႈထဲက တစ္ခုျဖစ္ပါတယ္။ 
            အစၥေရးတပ္ဖြဲ႕၀င္ေတြဟာ တနလၤာေန ့ မုိးေသာက္ယံမတုိင္မီ ၀ုိးတ၀ါးအေမွာင္ထုကုိ အကာအကြယ္ ယူကာ ဆာဘာဟာရြာရဲ႕ သံဆူးႀကိဳးစည္းရုိးကုိ ျဖတ္ေတာက္၀င္ေရာက္ကာ နယ္ေျမအတြင္းက ေဒသခံေတြကုိ ဖယ္ရွားရွင္းလင္းမႈေတြ စလုပ္ခဲ့ပါတယ္။ စစ္သုံးခေမာက္ေတြေဆာင္ထားတဲ့ လုံၿခဳံေရးတပ္ဖြဲ႕ေတြဟာ ေမာင္းႏွင္လာတဲ့ ေမာ္ေတာ္ယာဥ္ ဒါဇင္မ်ားစြာက မီးေတြကုိ ရြာတြင္းဆီ စုၿပဳံထုိးေပးခဲ့ပါတယ္။ ယင္းေနာက္ စက္ယႏၱရားႀကီးေတြက ႏွစ္ထပ္ အိမ္တစ္လုံးကုိ စတင္ၿဖိဳဖ်က္ခ်ိန္မွာ အနီးက ေဆာက္လက္စ အထပ္ျမင့္ အေဆာက္အအုံတစ္လုံးရဲ႕ အထပ္ေတြေပၚ စစ္သားေတြ တက္ေရာက္ခဲ့ၾကပါတယ္။ 
             မနက္ ၂ နာရီေလာက္ကစၿပီး ေနအိမ္အေဆာက္အအုံေတြထဲက လူေတြကုိ အတင္းအၾကပ္ ေျပာင္းေရႊ႕ခဲ့ကာ သူတုိ ့ ဖ်က္လုိတဲ့ ေနအိမ္ေတြကုိ စတင္ေဖာက္ခြဲဖုိ ့လုပ္ခဲ့ၾကပါေၾကာင္း ဆာဘာဟာရြာသူႀကီး ဟမ္မာဒါ ဟမ္မာဒါ က ေျပာဆုိခဲ့ပါတယ္။ 
             ယခုၿဖိဳခ်တဲ့ အေဆာက္အအုံေတြဟာ တည္ေဆာက္ေရးဆုိင္ရာ ပိတ္ပင္ခ်က္တစ္ခုကုိ ခ်ဳိးေဖာက္ခဲ့ေၾကာင္း ၿပီးခဲ့တဲ့ ဇြန္လအတြင္း အစၥေရး တရားရုံးခ်က ဆုံးျဖတ္မိန္ ့ေပးထားခဲ့ပါတယ္။ ခ်ဳိးေဖာက္မႈမွာ ပါ၀င္တဲ့ အေဆာက္အအုံေတြ သုိ ့မဟုတ္ အစိတ္အပုိင္းေတြကေန ေနထုိင္သူေတြ ဇူလုိင္ ၁၉ ရက္ ေနာက္ဆုံးထား ဖယ္ရွားေပးဖုိ ့ သတ္မွတ္ေပးထားခဲ့တာျဖစ္ပါတယ္။ 
           အခ်ဳိ႕ ဆာဘာဟာရြာသားေတြကေတာ့ သူတုိ ့ေတြ အိမ္ေျခယာမဲ့ျဖစ္ရၿပီလုိ ့ ၿငီးတြားခဲ့ၾကသလုိ အခု အေဆာက္အအုံေတြကုိ ပါလက္စတုိင္း အာဏာပုိင္အဖြဲ႕ရဲ႕ ခြင့္ျပဳခ်က္တဲ့ တည္ေဆာက္ခဲ့တာျဖစ္ေၾကာင္း ပုိင္ရွင္ေတြက ေျပာဆုိခဲ့ပါတယ္။ ပါလက္စတုိင္းအာဏာပုိင္အဖြဲ႕ဟာ အစၥေရး သိမ္းပုိက္ ၀က္စ္ဘန္ ့မွာ အကန္႔ အသတ္နဲ႕ ကုိယ္ပုိင္အုပ္ခ်ဳပ္ခြင့္ရ အဖြဲ႕အစည္းျဖစ္ပါတယ္။ 
- ကုိလင္း (အကုန္သိ သတင္းဌာန)| Ref: Reuters 

Unicode version

ဂျေရုဆလင် မြို့စွန်က ပါလက်စတိုင်းနေအိမ်တွေကို အစ္စရေးက စတင်ဖြိုချ 

           ဂျေရုဆလင် မြို့စွန်အရပ်က စစ်တပ် ခံတပ်စခန်းတစ်ခုအနီးရှိ ပါလက်စတိုင်း နေအိမ်အဆောက်အအုံ တွေကို အစ္စရေးတပ်ဖွဲ့တွေက တနင်္လာနေ့မှာ စတင်ဖြိုချနေကြောင်း သိရပါတယ်။ ယင်း လုပ်ရပ်ကြောင့် ပါလက်စတိုင်းတွေရဲ့ ဆန့်ကျင်ကန့်ကွက်မှုနဲ့ နိုင်ငံတကာရဲ့ ဝေဖန်မှုတွေ ထွက်ပေါ်လာဖွယ်ရှိနေပါတယ်။ 
            ၁၉၆၇ ခုနှစ် အရှေ့အလယ်ပိုင်း စစ်ပွဲမှာ အစ္စရေးက သိမ်းပိုက်သွားနိုင်ခဲ့တဲ့ အရှေ့ဂျေရုဆလင် အစွန်အဖျားက ပါလက်စတိုင်းကျေးရွာ ဆာဘာဟာမှာ အစ္စရေးစစ်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေက ဘူဒိုဇာကြီးတွေသုံးကာ ဖြိုဖျက်မှုတွေ လုပ်နေကြတာဖြစ်ပါတယ်။ ခံတပ်စခန်းလမ်းကြောင်းတလျှောက်က အခြားမြို့တွေမှာဖြစ်ခဲ့သလိုပဲ နယ်စပ်စည်းရိုးနဲ့နီးနေတဲ့ ၎င်းတို့နေအိမ် အဆောက်အအုံတွေ ဖြိုဖျက် ခံရမယ့်အရေး ပါလက်စတိုင်းတွေ စိုးရိမ်ပူပန်ထားခဲ့ကြတာပါ။ 
             အခုလို အဆောက်အအုံတွေ ဖြိုချမှုဟာ အစ္စရေး လူမျိုး ၅ သိန်းကျော်၊ ပါလက်စတိုင်း လူမျိုး ၃ သိန်း နေထိုင်ကာ ဂျူး၊ အစ္စလာမ်နဲ့ ခရစ်ယာန် ဘာသာရေးအထွတ်အမြတ်နယ်မြေတစ်ခုဖြစ်နေတဲ့ ဂျေရုဆလင် အနာဂတ်နဲ့ပတ်သက်လို့ ကာလကြာရှည် ငြင်းခုံကွဲလွဲမှုတွေဖြစ်နေတာကို အဆုံးသတ်သွားစေရေး နောက်ဆုံး အားထုတ်မှုထဲက တစ်ခုဖြစ်ပါတယ်။ 
            အစ္စရေးတပ်ဖွဲ့ဝင်တွေဟာ တနင်္လာနေ့ မိုးသောက်ယံမတိုင်မီ ဝိုးတဝါးအမှောင်ထုကို အကာအကွယ် ယူကာ ဆာဘာဟာရွာရဲ့ သံဆူးကြိုးစည်းရိုးကို ဖြတ်တောက်ဝင်ရောက်ကာ နယ်မြေအတွင်းက ဒေသခံတွေကို ဖယ်ရှားရှင်းလင်းမှုတွေ စလုပ်ခဲ့ပါတယ်။ စစ်သုံးခမောက်တွေဆောင်ထားတဲ့ လုံခြုံရေးတပ်ဖွဲ့တွေဟာ မောင်းနှင်လာတဲ့ မော်တော်ယာဉ် ဒါဇင်များစွာက မီးတွေကို ရွာတွင်းဆီ စုပြုံထိုးပေးခဲ့ပါတယ်။ ယင်းနောက် စက်ယန္တရားကြီးတွေက နှစ်ထပ် အိမ်တစ်လုံးကို စတင်ဖြိုဖျက်ချိန်မှာ အနီးက ဆောက်လက်စ အထပ်မြင့် အဆောက်အအုံတစ်လုံးရဲ့ အထပ်တွေပေါ် စစ်သားတွေ တက်ရောက်ခဲ့ကြပါတယ်။ 
             မနက် ၂ နာရီလောက်ကစပြီး နေအိမ်အဆောက်အအုံတွေထဲက လူတွေကို အတင်းအကြပ် ပြောင်းရွှေ့ခဲ့ကာ သူတို့ ဖျက်လိုတဲ့ နေအိမ်တွေကို စတင်ဖောက်ခွဲဖို့လုပ်ခဲ့ကြပါကြောင်း ဆာဘာဟာရွာသူကြီး ဟမ်မာဒါ ဟမ်မာဒါ က ပြောဆိုခဲ့ပါတယ်။ 
             ယခုဖြိုချတဲ့ အဆောက်အအုံတွေဟာ တည်ဆောက်ရေးဆိုင်ရာ ပိတ်ပင်ချက်တစ်ခုကို ချိုးဖောက်ခဲ့ကြောင်း ပြီးခဲ့တဲ့ ဇွန်လအတွင်း အစ္စရေး တရားရုံးချက ဆုံးဖြတ်မိန့်ပေးထားခဲ့ပါတယ်။ ချိုးဖောက်မှုမှာ ပါဝင်တဲ့ အဆောက်အအုံတွေ သို့မဟုတ် အစိတ်အပိုင်းတွေကနေ နေထိုင်သူတွေ ဇူလိုင် ၁၉ ရက် နောက်ဆုံးထား ဖယ်ရှားပေးဖို့ သတ်မှတ်ပေးထားခဲ့တာဖြစ်ပါတယ်။ 
           အချို့ ဆာဘာဟာရွာသားတွေကတော့ သူတို့တွေ အိမ်ခြေယာမဲ့ဖြစ်ရပြီလို့ ငြီးတွားခဲ့ကြသလို အခု အဆောက်အအုံတွေကို ပါလက်စတိုင်း အာဏာပိုင်အဖွဲ့ရဲ့ ခွင့်ပြုချက်တဲ့ တည်ဆောက်ခဲ့တာဖြစ်ကြောင်း ပိုင်ရှင်တွေက ပြောဆိုခဲ့ပါတယ်။ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ဟာ အစ္စရေး သိမ်းပိုက် ဝက်စ်ဘန့်မှာ အကန့် အသတ်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အဖွဲ့အစည်းဖြစ်ပါတယ်။ 
- ကိုလင်း (အကုန်သိ သတင်းဌာန) | Ref: Reuters 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။