လမ္းေဘးေစ်းသည္ပေပ်ာက္ေရးေဆာင္ရြက္ရာ၌ ၄င္းတို႔စား၀တ္ေနေရး အဆင္ေျပေစရန္ပါစဥ္းစားေပးရဟု ဆို
ရန္ကုန္ၿမိဳ႕လယ္ဧရိယာအတြင္းရွိ လမ္းမႀကီး ၄ ခုတြင္ လမ္းေဘးေစ်းသည္မ်ားပေပ်ာက္ရန္ အဓိကထား လုပ္ေဆာင္ေနၿပီး လမ္းေဘးေစ်းသည္မ်ားကို ေစ်းမ်ားေပၚေရာက္သည္အထိ လုပ္ေဆာင္သြားမည္ဟု ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ၊ ေစ်းမ်ားဌာနမွ သိရသည္။
လက္ရွိတြင္ ရန္ကုန္ၿမိဳ႕တြင္းရွိ မဟာဗႏၵဳလလမ္း ၊ အေနာ္ရထာလမ္း၊ ဗိုလ္ခ်ဳပ္လမ္းႏွင့္ ကုန္သည္လမ္းမတန္း တစ္ေလွ်ာက္တြင္ လမ္းေဘးေစ်းသည္မ်ား ေရာင္းခ်မႈမရွိေစေရးကို ပထမဦးစားေပးအဆင့္ျဖင့္ လုပ္ေဆာင္မည္ ျဖစ္ေၾကာင္း သိရသည္။

“လမ္းမႀကီးေတြမွာ လမ္းေဘးေစ်းသည္ေတြပေပ်ာက္ဖို႔ အဓိက ဦးစားေပးလုပ္ေနတယ္ ။ ပေပ်ာက္ေအာင္ လုပ္တယ္ဆိုတဲ့ေနရာမွာ သူတို႔ရဲ႕စားဝတ္ေနေရးကရွိေသးတယ္။ ဒါကုိျပန္ၾကည့္ရတယ္။ဒီေတာ့ လုံးဝႀကီး ပေပ်ာက္ေအာင္ တိတိက်က်အေရးယူလုိ႔ရလားဆုိေတာ့မရပါဘူး။ သုိ႔ေသာ္လမ္းမႀကီးေတြမွာ တိတိက်က် လုပ္မယ္။ တစ္ဖက္ကလည္း လမ္းေဘးေစ်းသည္ပေပ်ာက္ေအာင္လုပ္ေနသလုိ ေနာက္တစ္ဖက္ကလည္း နည္းနည္းေလးနိမ့္ပါးတ့ဲအမ်ားျပည္သူရဲ႕အလုပ္အကုိင္အခြင့္အလမ္းနဲ႔ စားဝတ္ေနေရးအဆင္ေျပေအာင္ ေကာ္မတီအေနနဲ႔စဥ္းစားေပးရတယ္”ဟု ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ၊ ေစ်းမ်ားဌာနမွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။

လက္ရွိတြင္ တညင္းကုန္းရွိ လမ္းေဘးေစ်းသည္မ်ားအား တညင္းကုန္းေစ်းသစ္သို႔ ပို႔ေဆာင္ ေရာင္းခ်ခုိင္းေသာ္လည္း အေရာင္းအ၀ယ္အဆင္မေျပေၾကာင္း ေစ်းသည္မ်ားမွ ညည္းညဴမႈမ်ား ရွိေနသည္။
“ ညေန ၆ နာရီေနာက္ပုိင္းမွ ေစ်းဗန္းခင္းရတယ္။ ေရာင္းရတယ္။ ညဘက္ကုိ ၁၀ နာရီ၀န္းက်င္အထိေတာ့ ေရာင္းတယ္။ ညေန ရုံးဆင္း ၊ အလုပ္ျပန္ခ်ိန္ေရာင္းရတာျဖစ္လို႔ ညေန ၅ နာရီထဲကထြက္ရရင္ေတာ့ အဆင္ေျပတာေပါ့။ ဒါေပမဲ့လည္း အခုလိုေရာင္းခြင့္ေပးတာပဲေက်းဇူးတင္ရမွာပါ။ မဟုတ္ရင္ အရင္က စည္ပင္လာၿပီဆိုတဲ့အသံၾကားတာနဲ႔ ပစၥည္းေတြ အကုန္သိမ္း၊ ပုန္းရတာ” ဟု ကမာရြတ္ၿမိဳ႕နယ္ လွည္းတန္းေစ်းအနီးတြင္ ကုန္စိမ္းေရာင္းခ်သူ မသန္းသန္းကေျပာသည္။

လက္ရွိတြင္ ေစ်းသည္မ်ား၏စားဝတ္ေနေရးအဆင္ေျပေစေရးအတြက္ ရပ္ကြက္၊ လမ္းအေနအထားေပၚ မူတည္ကာ ညွိႏိႈင္းၿပီး ေစ်းေရာင္းခ်ခြင့္ေပးထားေၾကာင္း သိရသည္။
-
Unicode Version
လမ်းဘေးဈေးသည်ပပျောက်ရေးဆောင်ရွက်ရာ၌ ၎င်းတို့စားဝတ်နေရေး အဆင်ပြေစေရန်ပါစဉ်းစားပေးရဟု ဆို
ရန်ကုန်မြို့လယ်ဧရိယာအတွင်းရှိ လမ်းမကြီး ၄ ခုတွင် လမ်းဘေးဈေးသည်များပပျောက်ရန် အဓိကထား လုပ်ဆောင်နေပြီး လမ်းဘေးဈေးသည်များကို ဈေးများပေါ်ရောက်သည်အထိ လုပ်ဆောင်သွားမည်ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ဈေးများဌာနမှ သိရသည်။
လက်ရှိတွင် ရန်ကုန်မြို့တွင်းရှိ မဟာဗန္ဒုလလမ်း ၊ အနော်ရထာလမ်း၊ ဗိုလ်ချုပ်လမ်းနှင့် ကုန်သည်လမ်းမတန်း တစ်လျှောက်တွင် လမ်းဘေးဈေးသည်များ ရောင်းချမှုမရှိစေရေးကို ပထမဦးစားပေးအဆင့်ဖြင့် လုပ်ဆောင်မည် ဖြစ်ကြောင်း သိရသည်။
“လမ်းမကြီးတွေမှာ လမ်းဘေးဈေးသည်တွေပပျောက်ဖို့ အဓိက ဦးစားပေးလုပ်နေတယ် ။ ပပျောက်အောင် လုပ်တယ်ဆိုတဲ့နေရာမှာ သူတို့ရဲ့စားဝတ်နေရေးကရှိသေးတယ်။ ဒါကိုပြန်ကြည့်ရတယ်။ဒီတော့ လုံးဝကြီး ပပျောက်အောင် တိတိကျကျအရေးယူလို့ရလားဆိုတော့မရပါဘူး။ သို့သော်လမ်းမကြီးတွေမှာ တိတိကျကျ လုပ်မယ်။ တစ်ဖက်ကလည်း လမ်းဘေးဈေးသည်ပပျောက်အောင်လုပ်နေသလို နောက်တစ်ဖက်ကလည်း နည်းနည်းလေးနိမ့်ပါးတဲ့အများပြည်သူရဲ့အလုပ်အကိုင်အခွင့်အလမ်းနဲ့ စားဝတ်နေရေးအဆင်ပြေအောင် ကော်မတီအနေနဲ့စဉ်းစားပေးရတယ်”ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ဈေးများဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
လက်ရှိတွင် တညင်းကုန်းရှိ လမ်းဘေးဈေးသည်များအား တညင်းကုန်းဈေးသစ်သို့ ပို့ဆောင် ရောင်းချခိုင်းသော်လည်း အရောင်းအဝယ်အဆင်မပြေကြောင်း ဈေးသည်များမှ ညည်းညူမှုများ ရှိနေသည်။
“ ညနေ ၆ နာရီနောက်ပိုင်းမှ ဈေးဗန်းခင်းရတယ်။ ရောင်းရတယ်။ ညဘက်ကို ၁၀ နာရီဝန်းကျင်အထိတော့ ရောင်းတယ်။ ညနေ ရုံးဆင်း ၊ အလုပ်ပြန်ချိန်ရောင်းရတာဖြစ်လို့ ညနေ ၅ နာရီထဲကထွက်ရရင်တော့ အဆင်ပြေတာပေါ့။ ဒါပေမဲ့လည်း အခုလိုရောင်းခွင့်ပေးတာပဲကျေးဇူးတင်ရမှာပါ။ မဟုတ်ရင် အရင်က စည်ပင်လာပြီဆိုတဲ့အသံကြားတာနဲ့ ပစ္စည်းတွေ အကုန်သိမ်း၊ ပုန်းရတာ” ဟု ကမာရွတ်မြို့နယ် လှည်းတန်းဈေးအနီးတွင် ကုန်စိမ်းရောင်းချသူ မသန်းသန်းကပြောသည်။
လက်ရှိတွင် ဈေးသည်များ၏စားဝတ်နေရေးအဆင်ပြေစေရေးအတွက် ရပ်ကွက်၊ လမ်းအနေအထားပေါ် မူတည်ကာ ညှိနှိုင်းပြီး ဈေးရောင်းချခွင့်ပေးထားကြောင်း သိရသည်။
- စုသက်နှင်း(အကုန်သိသတင်းဌာန)