Skip to main content
bsbaedbh
Ads Block

အေၾကြးေတာင္းရာမွ ဓားထိုးမႈျဖစ္ပြားၿပီး ၁ ဦးေသဆံုး

ရန္ကုန္ၿမိဳ႕၊ ေရႊျပည္သာၿမိဳ႕နယ္၌ အိမ္တိုင္ရာေရာက္အေၾကြးသြားေတာင္းရာမွ စကားမ်ားၿပီး ဓားျဖင့္ထုိးရာမွ ၁ ဦးေသဆံုးသြားေၾကာင္း သိရသည္။ 

dfnsdn


ျဖစ္စဥ္မွာ ေရႊျပည္သာၿမိဳ႕နယ္၊ ေအာင္ေတာ္မူပန္းၿခံ၊ အမွတ္(၈)ရပ္ကြက္၊ အိမ္အမွတ္(၂၆၀)တြင္ ဇူလိုင္လ ၂၁ ရက္၊ ည ၆ နာရီခြဲတြင္ ဓားထိုးမႈျဖစ္ပြားေၾကာင္းသတင္းရရွိသျဖင့္ ရဲတပ္ဖြဲ႔၀င္မ်ားႏွင့္အတူ အသိသက္ေသ လူႀကီးမ်ားက သြားေရာက္စစ္ေဆးခဲ့ၾကသည္။
စစ္ေဆးခ်က္အရ အခင္းျဖစ္ေနအိမ္၌ အသက္ ၆၅ ႏွစ္ခန္႔အရြယ္ရွိေဒၚခင္ေအးသန္းတြင္ ရင္ညႊန္႔ထိုးသြင္းရာ တစ္ခ်က္၊ ၎၏သမီးမဥမၼာျမင့္(၄၃)ႏွစ္မွာ ၀ဲနားေအာက္ႏွင့္၀ဲလက္ျပင္ေအာက္ထိုးသြင္းဒဏ္ရာႏွင့္ ၃ ႏွစ္ အရြယ္ေျမးျဖစ္သူ မလင္းလင္းဥမၼာ၌ ၀မ္းဗိုက္ထိုးသြင္းဒဏ္ရာမ်ားႏွသ့္ လဲက်ေနသျဖင့္ ေဆးရံုသို႔ပုိ႔ေဆာင္ေပးစဥ္ မဥမၼာျမင့္၊ (၄၃)ႏွစ္မွာေသဆံုးသြားခဲ့သည္။

sb


“ အခင္းျဖစ္ေနခ်ိန္မွာ ခင္ပြန္းကအျပင္သြားေနတယ္။ သားေလးတစ္ေယာက္က က်ဴရွင္သြားေနတဲ့အခ်ိန္မို႔လို႔ မိန္းမသား ၃ ေယာက္ပဲရွိေနတာေပါ့။ အေၾကြးလာေတာင္းတာလို႔သိရတယ္။ ကားနဲ႔ေနအိမ္ကိုေရာက္လာၿပီး အေၾကြးလာေတာင္းရင္းစကားမ်ားၾကၿပီး အခုလိုဓားနဲ႔ထိုးၿပီးထြက္ေျပးသြားတာတဲ့။အခုေတာ့ တရားခံကိုမိၿပီလို႔ ၾကားတယ္” ဟုမ်က္ျမင္ေတြ႔ရွိသူအိမ္နီးခ်င္းတစ္ဦးက ေျပာသည္။
ဓားျဖင့္ထိုးသြားသူမွာ လွမိုးဦး၊ (၃၄)ႏွစ္ျဖစ္ၿပီး Toyota Corolla Taxi ကားျဖင့္ေနအိမ္သို႔ေရာက္ရွိလာကာ ဓားျဖင့္ထိုးကာထြက္ေျပးသြားသျဖင့္ ရဲတပ္ဖြဲ႔၀င္မ်ားကခ်ိတ္ဆက္၍ဖမ္းဆီးရာ အခင္းျဖစ္ၿပီး ၆ နာရီအၾကာ ည ၁၂ နာရီခန္႔တြင္ ပဲခူးတိုင္းေဒသႀကီး၊ ေရႊေတာင္ၿမိဳ႕၌၎၏ကားႏွင့္အတူဖမ္းဆီးႏုိင္ခဲ့ေၾကာင္း သိရသည္။

dfbsb


“ည ၁၂ နာရီအေက်ာ္ ဒီေန႔မနက္အေစာပိုင္းမွာေရႊေတာင္ၿမိဳ႕မွာဖမ္းဆီးရမိတယ္။ ဒဏ္ရာရသူကို အင္းစိန္ေဆးရံုမွာပို႔ထားတယ္။ ၃ ႏွစ္သမီးေလးကိုက်ေတာ့ အလံုၿမိဳ႕နယ္၊ ကေလးေဆးရံုမွာပို႔ထားတယ္။ Operation ၀င္ၿပီးသြားၿပီလို႔ေတာ့ၾကားတယ္။ အခုသက္ေသခံဓားကိုလိုက္ရွာေနၾကဆဲပဲဗ်။ အခင္းျဖစ္ေနအိမ္ ေရွ႕ေျမာင္းထဲမွာ ပစ္ခ်လိုက္တာဆိုေတာ့ ေရစုတ္စက္ေတြနဲ႔လိုက္ရွာေနဆဲေပါ့” ဟုေရႊျပည္သာၿမိဳ႕နယ္၊ အခင္းျဖစ္ရပ္ကြက္မွ တာ၀န္ရွိသူတစ္ဦးက ေျပာသည္။
ယင္းျဖစ္စဥ္ႏွင့္ပတ္သက္၍ လွမိုးဦး(၃၄)ႏွစ္ေရႊျပည္သာၿမိဳ႕နယ္၊ အမွတ္(၁၄)ရပ္ကြက္၊ ပန္းျခံ(၁၇) ေနထိုင္သူကို ေရႊျပည္သာၿမိဳ႕မရဲစခန္း၌(ပ)၂၅၇၂/၂၀၁၉ ၊ ရာဇသတ္ႀကီးပုဒ္မ - ၃၀၂/၃၂၆ တုိ႔ျဖင့္ အမႈဖြင့္ထားေၾကာင္း သတင္းရရွိသည္။
Source – KoKoKhaing(ေရႊျပည္သာ)

- ဒါးဇ(အကုန္သိသတင္းဌာန)

Unicode Version

အကြွေးတောင်းရာမှ ဓားထိုးမှုဖြစ်ပွားပြီး ၁ ဦးသေဆုံး
ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၌ အိမ်တိုင်ရာရောက်အကြွေးသွားတောင်းရာမှ စကားများပြီး ဓားဖြင့်ထိုးရာမှ ၁ ဦးသေဆုံးသွားကြောင်း သိရသည်။ 
ဖြစ်စဉ်မှာ ရွှေပြည်သာမြို့နယ်၊ အောင်တော်မူပန်းခြံ၊ အမှတ်(၈)ရပ်ကွက်၊ အိမ်အမှတ်(၂၆၀)တွင် ဇူလိုင်လ ၂၁ ရက်၊ ည ၆ နာရီခွဲတွင် ဓားထိုးမှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် ရဲတပ်ဖွဲ့ဝင်များနှင့်အတူ အသိသက်သေ လူကြီးများက သွားရောက်စစ်ဆေးခဲ့ကြသည်။
စစ်ဆေးချက်အရ အခင်းဖြစ်နေအိမ်၌ အသက် ၆၅ နှစ်ခန့်အရွယ်ရှိဒေါ်ခင်အေးသန်းတွင် ရင်ညွှန့်ထိုးသွင်းရာ တစ်ချက်၊ ၎င်း၏သမီးမဥမ္မာမြင့်(၄၃)နှစ်မှာ ဝဲနားအောက်နှင့်ဝဲလက်ပြင်အောက်ထိုးသွင်းဒဏ်ရာနှင့် ၃ နှစ် အရွယ်မြေးဖြစ်သူ မလင်းလင်းဥမ္မာ၌ ဝမ်းဗိုက်ထိုးသွင်းဒဏ်ရာများနှသ့် လဲကျနေသဖြင့် ဆေးရုံသို့ပို့ဆောင်ပေးစဉ် မဥမ္မာမြင့်၊ (၄၃)နှစ်မှာသေဆုံးသွားခဲ့သည်။
“ အခင်းဖြစ်နေချိန်မှာ ခင်ပွန်းကအပြင်သွားနေတယ်။ သားလေးတစ်ယောက်က ကျူရှင်သွားနေတဲ့အချိန်မို့လို့ မိန်းမသား ၃ ယောက်ပဲရှိနေတာပေါ့။ အကြွေးလာတောင်းတာလို့သိရတယ်။ ကားနဲ့နေအိမ်ကိုရောက်လာပြီး အကြွေးလာတောင်းရင်းစကားများကြပြီး အခုလိုဓားနဲ့ထိုးပြီးထွက်ပြေးသွားတာတဲ့။အခုတော့ တရားခံကိုမိပြီလို့ ကြားတယ်” ဟုမျက်မြင်တွေ့ရှိသူအိမ်နီးချင်းတစ်ဦးက ပြောသည်။
ဓားဖြင့်ထိုးသွားသူမှာ လှမိုးဦး၊ (၃၄)နှစ်ဖြစ်ပြီး Toyota Corolla Taxi ကားဖြင့်နေအိမ်သို့ရောက်ရှိလာကာ ဓားဖြင့်ထိုးကာထွက်ပြေးသွားသဖြင့် ရဲတပ်ဖွဲ့ဝင်များကချိတ်ဆက်၍ဖမ်းဆီးရာ အခင်းဖြစ်ပြီး ၆ နာရီအကြာ ည ၁၂ နာရီခန့်တွင် ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့၌၎င်း၏ကားနှင့်အတူဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။
“ည ၁၂ နာရီအကျော် ဒီနေ့မနက်အစောပိုင်းမှာရွှေတောင်မြို့မှာဖမ်းဆီးရမိတယ်။ ဒဏ်ရာရသူကို အင်းစိန်ဆေးရုံမှာပို့ထားတယ်။ ၃ နှစ်သမီးလေးကိုကျတော့ အလုံမြို့နယ်၊ ကလေးဆေးရုံမှာပို့ထားတယ်။ Operation ဝင်ပြီးသွားပြီလို့တော့ကြားတယ်။ အခုသက်သေခံဓားကိုလိုက်ရှာနေကြဆဲပဲဗျ။ အခင်းဖြစ်နေအိမ် ရှေ့မြောင်းထဲမှာ ပစ်ချလိုက်တာဆိုတော့ ရေစုတ်စက်တွေနဲ့လိုက်ရှာနေဆဲပေါ့” ဟုရွှေပြည်သာမြို့နယ်၊ အခင်းဖြစ်ရပ်ကွက်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ လှမိုးဦး(၃၄)နှစ်ရွှေပြည်သာမြို့နယ်၊ အမှတ်(၁၄)ရပ်ကွက်၊ ပန်းခြံ(၁၇) နေထိုင်သူကို ရွှေပြည်သာမြို့မရဲစခန်း၌(ပ)၂၅၇၂/၂၀၁၉ ၊ ရာဇသတ်ကြီးပုဒ်မ - ၃၀၂/၃၂၆ တို့ဖြင့် အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။
Source – KoKoKhaing(ရွှေပြည်သာ)

- ဒါးဇ(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။