Skip to main content
ယာဥ္ထိန္းရဲအရာရွိတစ္ဦး ကားတိုက္ခံရၿပီး ေသဆံုး
Ads Block

ယာဥ္ထိန္းရဲအရာရွိတစ္ဦး ကားတိုက္ခံရၿပီး ေသဆံုး

ကေလာၿမိဳ႕နယ္၊ ေအာင္ပန္းၿမိဳ႕တြင္ ယာဥ္ထိန္းရဲအရာရွိတစ္ဦး ကားတိုက္ခံရၿပီး ေသဆုံးသြားေၾကာင္း သိရသည္။

ယာဥ္ထိန္းရဲအရာရွိတစ္ဦး ကားတိုက္ခံရၿပီး ေသဆံုး


ျဖစ္စဥ္မွာ ရွမ္းျပည္နယ္၊ ကေလာၿမိဳ႕နယ္၊ ေအာင္ပန္းၿမိဳ႕၊ ကေလာ-ေအာင္ပန္းသြား ျပည္ေထာင္စု လမ္းမႀကီးေပၚတြင္ ဇူလုိင္လ ၂၁ ရက္၊ နံနက္ ၉ နာရီခြဲခန္႔က ကေလာမွ ေအာင္ပန္းသုိ႔ ယာဥ္ေမာင္းဦးေဆြ၊ (၄၉)ႏွစ္ ေမာင္းႏွင္လာသည့္ ယာဥ္အမွတ္ 9I/……MITSUBISHI CANTER (ဝါ/ခဲေရာင္)ယာဥ္သည္ မုိင္တုိင္အမွတ္ ၇၆/၃-၄ ၾကား အေရာက္၌ လက္ဝဲဘက္ယာဥ္ေၾကာသုိ႔ကူးေျပာင္းခဲ့ေၾကာင္း သိရသည္။
ထိုစဥ္ လားရာတူေဘးခ်င္းယွဥ္၍ လက္ဝဲဘက္ယာဥ္ေၾကာအတုိင္း အမွတ္(၁၁၅) ယာဥ္ထိန္းရဲတပ္ဖဲြ႔စု (ေတာင္ႀကီး)၊ တပ္ဖဲြ႔စိတ္(ကေလာ)ေန ရဲတပ္ၾကပ္ႀကီးေက်ာ္ဦး၊ (၄၃)ႏွစ္ ေမာင္းႏွင္လာသည့္ Luojin 110 ဆုိင္ကယ္ကို ယာဥ္၏ေဘးကုိယ္ထည္ျဖင့္ ဝင္ေရာက္ပြတ္တုိက္မိခဲ့ေၾကာင္း ေအာင္ပန္းနယ္ေျမရဲစခန္းမွ သိရသည္။
ထိုသို႔ဝင္ေရာက္ပြတ္တုိက္မိသျဖင့္ ဆိုင္ကယ္မွာ တိမ္းေမွာက္သြားစဥ္ ယာဥ္၏ဝဲဘက္ေနာက္ဘီးျဖင့္ ရဲတပ္ၾကပ္ ႀကီးေက်ာ္ဦး၏ ဦးေခါင္းအား ႀကိတ္မိခဲ့ရာ ဦးေခါင္းပြင့္ထြက္ဒဏ္ရာ၊ အေပၚသြားက်ဳိးဒဏ္ရာ၊ ဝဲဘက္လက္ေမာင္း ဖုေရာင္ဒဏ္ရာ၊ ယာဘက္ဒူး ပြန္းပဲ့ဒဏ္ရာမ်ားရရွိခဲ့ၿပီး အခင္းျဖစ္ေနရာတြင္ ေသဆုံးသြားေၾကာင္း သိရသည္။
အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ ယာဥ္ေမာင္း ဦးေဆြကို ေအာင္ပန္းနယ္ေျမရဲစခန္း၌ ယာဥ္(ပ)၂၀/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ -၂၇၉ /၃၀၄(က) ျဖင့္ ဖမ္းဆီးအမႈဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။

- ႏိုင္မင္းလြင္ ( အကုန္သိ သတင္းဌာန ) | ဓာတ္ပုံ-နာ/ကူ(ေအာင္ပန္း)

Unicode Version

 

ကလောမြို့နယ်၊ အောင်ပန်းမြို့တွင် ယာဉ်ထိန်းရဲအရာရှိတစ်ဦး ကားတိုက်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ရှမ်းပြည်နယ်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့၊ ကလော-အောင်ပန်းသွား ပြည်ထောင်စု လမ်းမကြီးပေါ်တွင် ဇူလိုင်လ ၂၁ ရက်၊ နံနက် ၉ နာရီခွဲခန့်က ကလောမှ အောင်ပန်းသို့ ယာဉ်မောင်းဦးဆွေ၊ (၄၉)နှစ် မောင်းနှင်လာသည့် ယာဉ်အမှတ် 9I/……MITSUBISHI CANTER (ဝါ/ခဲရောင်)ယာဉ်သည် မိုင်တိုင်အမှတ် ၇၆/၃-၄ ကြား အရောက်၌ လက်ဝဲဘက်ယာဉ်ကြောသို့ကူးပြောင်းခဲ့ကြောင်း သိရသည်။
ထိုစဉ် လားရာတူဘေးချင်းယှဉ်၍ လက်ဝဲဘက်ယာဉ်ကြောအတိုင်း အမှတ်(၁၁၅) ယာဉ်ထိန်းရဲတပ်ဖွဲ့စု (တောင်ကြီး)၊ တပ်ဖွဲ့စိတ်(ကလော)နေ ရဲတပ်ကြပ်ကြီးကျော်ဦး၊ (၄၃)နှစ် မောင်းနှင်လာသည့် Luojin 110 ဆိုင်ကယ်ကို ယာဉ်၏ဘေးကိုယ်ထည်ဖြင့် ဝင်ရောက်ပွတ်တိုက်မိခဲ့ကြောင်း အောင်ပန်းနယ်မြေရဲစခန်းမှ သိရသည်။
ထိုသို့ဝင်ရောက်ပွတ်တိုက်မိသဖြင့် ဆိုင်ကယ်မှာ တိမ်းမှောက်သွားစဉ် ယာဉ်၏ဝဲဘက်နောက်ဘီးဖြင့် ရဲတပ်ကြပ် ကြီးကျော်ဦး၏ ဦးခေါင်းအား ကြိတ်မိခဲ့ရာ ဦးခေါင်းပွင့်ထွက်ဒဏ်ရာ၊ အပေါ်သွားကျိုးဒဏ်ရာ၊ ဝဲဘက်လက်မောင်း ဖုရောင်ဒဏ်ရာ၊ ယာဘက်ဒူး ပွန်းပဲ့ဒဏ်ရာများရရှိခဲ့ပြီး အခင်းဖြစ်နေရာတွင် သေဆုံးသွားကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်း ဦးဆွေကို အောင်ပန်းနယ်မြေရဲစခန်း၌ ယာဉ်(ပ)၂၀/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ -၂၇၉ /၃၀၄(က) ဖြင့် ဖမ်းဆီးအမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

- နိုင်မင်းလွင် ( အကုန်သိ သတင်းဌာန )  | ဓာတ်ပုံ-နာ/ကူ(အောင်ပန်း)

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။