Skip to main content
ေဒါင္းေတြကုိ အမဲလုိက္သတ္ျဖတ္ေနသူအား လူအုပ္က ၀ုိင္းရုိက္သတ္
Ads Block

ေဒါင္းေတြကုိ အမဲလုိက္သတ္ျဖတ္ေနသူအား လူအုပ္က ၀ုိင္းရုိက္သတ္

အိႏၵိယႏုိင္ငံ အလယ္ပုိင္းမွာ ေဒါင္းငွက္ေတြကုိ အမဲလုိက္သတ္ျဖတ္ေနတဲ့ အမ်ဳိးသားတစ္ဦးကုိ လူအုပ္က ရုိက္သတ္လုိက္ၾကေၾကာင္း သိရပါတယ္။ ယင္းအမ်ဳိးသားနဲ ့ အေပါင္းအပါေတြဟာ ေဒါင္းေတြကုိ သတ္ျဖတ္ေနၾကတယ္လုိ ့ ေဒသခံေတြက သံသယရွိခဲ့ၿပီးေနာက္ ၄င္းကုိ အခုလုိ သတ္ျဖတ္ပစ္လုိက္တာျဖစ္ပါတယ္။
အခင္းျဖစ္ရပ္နဲ ့ပတ္သက္ၿပီး လူ ၁၀ ဦးကုိ လူသတ္မႈနဲ ့အမႈဖြင့္ခ့ဲကာ အသက္မေသလြတ္ေျမာက္ခ့ဲတဲ့ ငွက္မုဆုိးေတြကေတာ့ ႏုိင္ငံရဲ႕ အမ်ဳိးသားအမွတ္တံဆိပ္ ငွက္မ်ဳိးစိတ္ေတြကုိ သတ္ျဖတ္မႈနဲ ့ အမႈရင္ဆုိင္ရမွာျဖစ္ေၾကာင္း သိရပါတယ္။
ေသာၾကာေန ့(ဇူလုိင္ ၁၉) ညပုိင္းက အိႏၵိယ အလယ္ပုိင္း မတ္ဒရာပရာဒက္ရွ္ျပည္နယ္က လာဆူဒီယာအတ္ထရီ ေက်းရြာမွာ အခင္းျဖစ္ရပ္ ျဖစ္ပြားခဲ့တာပါ။ ေဒသခံေတြဟာ စုိက္ကြင္းေတြအတြင္း ေျပးလႊားေနၾကတဲ့ အမ်ဳိးသားေလးဦးကုိ သတိထားမိခဲ့ကာ ၄င္းတုိ ့ဟာ ေဒါင္းငွက္ေတြကုိ လုိက္သတ္ေနၾကတာလုိ ့ သံယယရွိခဲ့ၾကပါတယ္။ ယင္းေနာက္ ေဒသခံေတြ လူစုကာ ယင္း အမ်ဳိးသားေတြေနာက္ကုိ လုိက္ခဲ့ၾကရာမွာ တစ္ေယာက္ကုိ ဖမ္းမိသြားခဲ့ပါတယ္။ ရြာသားေတြဟာ ၄င္းထံက ေဒါင္းအေသ ေလးေကာင္ကုိ ေတြ႕ရွိခဲ့ၿပီးေနာက္ ၄င္းကုိ ရုိက္ႏွက္ခဲ့ၾကကာ စုိက္ကြင္းအတြင္းမွာပဲ ဒဏ္ရာေတြနဲ ့ထားခဲ့ၾကၿပီး အျဖစ္အပ်က္ကုိ ရဲထံ အေၾကာင္းၾကားခဲ့ျခင္းလည္း မရွိပါဘူး။
ယင္းေနာက္ တစုံတစ္ေယာက္က ျပည္နယ္ရဲတပ္ဖြဲ႕ အေရးေပၚဌာနကုိ ဖုန္းဆက္သတင္းေပးမႈအရ အခင္းျဖစ္ေနရာကုိ ရဲေတြ သြားေရာက္စစ္ေဆးခဲ့ရာမွာ ဒဏ္ရာေတြနဲ ့ အမ်ဳိးသားကုိေတြ႕ရွိခဲ့ၾကတာပါ။ ၄င္းကုိ ေဆးရုံပုိ ့ေပးခဲ့ေပမယ့္ ေဆးရုံမွာပဲ ဒဏ္ရာေတြေၾကာင့္ ေသဆုံးသြားခဲ့ေၾကာင္း နီးမတ္ရွ္ခရုိင္ ရဲအရာရွိက ေျပာဆုိခဲ့ပါတယ္။
ယင္းျဖစ္စဥ္နဲ ့ပတ္သက္ၿပီး ရဲက လုိက္လံစစ္ေဆး ဖမ္းဆီးမႈေတြလုပ္ခဲ့ကာ ျဖစ္စဥ္မွာ ပါ၀င္တဲ့ လူ ၁၀ ဦးကုိ လူသတ္မႈ၊ ရုန္ ့ရင္းဆန္ခတ္မႈေတြနဲ ့ ဖမ္းဆီး အမႈဖြင့္ခဲ့ေၾကာင္း သိရပါတယ္။ ေသဆုံးသူ အမ်ဳိးသား၊ ၄င္းရဲ႕ သားနဲ ့အျခား ႏွစ္ဦးကုိေတာ့ ေဒါင္းငွက္ေတြကုိ အမဲလုိက္ သတ္ျဖတ္မႈနဲ ့ စြဲခ်က္တင္ခဲ့ေၾကာင္း သိရပါတယ္။
အိႏၵိယမွာ ၁၉၇၀ ျပည္ႏွစ္ေတြမွ စကာ ေဒါင္းငွက္ေတြကုိ အမဲလုိက္သတ္ျဖတ္မႈကုိ ရာဇ၀တ္မႈ အျဖစ္ သတ္မွတ္ထားကာ ျပစ္မႈက်ဴးလြန္ခဲ့ရင္ ေထာင္ဒဏ္ ၇ ႏွစ္အထိ ခ်မွတ္ခံရႏုိင္ေၾကာင္း သိရပါတယ္။

- ကုိလင္း ( အကုန္သိ သတင္းဌာန )  | Ref : RT

Unicode Version

 

အိန္ဒိယနိုင်ငံ အလယ်ပိုင်းမှာ ဒေါင်းငှက်တွေကို အမဲလိုက်သတ်ဖြတ်နေတဲ့ အမျိုးသားတစ်ဦးကို လူအုပ်က ရိုက်သတ်လိုက်ကြကြောင်း သိရပါတယ်။ ယင်းအမျိုးသားနဲ့ အပေါင်းအပါတွေဟာ ဒေါင်းတွေကို သတ်ဖြတ်နေကြတယ်လို့ ဒေသခံတွေက သံသယရှိခဲ့ပြီးနောက် ၎င်းကို အခုလို သတ်ဖြတ်ပစ်လိုက်တာဖြစ်ပါတယ်။
အခင်းဖြစ်ရပ်နဲ့ပတ်သက်ပြီး လူ ၁၀ ဦးကို လူသတ်မှုနဲ့အမှုဖွင့်ခဲ့ကာ အသက်မသေလွတ်မြောက်ခဲ့တဲ့ ငှက်မုဆိုးတွေကတော့ နိုင်ငံရဲ့ အမျိုးသားအမှတ်တံဆိပ် ငှက်မျိုးစိတ်တွေကို သတ်ဖြတ်မှုနဲ့ အမှုရင်ဆိုင်ရမှာဖြစ်ကြောင်း သိရပါတယ်။
သောကြာနေ့(ဇူလိုင် ၁၉) ညပိုင်းက အိန္ဒိယ အလယ်ပိုင်း မတ်ဒရာပရာဒက်ရှ်ပြည်နယ်က လာဆူဒီယာအတ်ထရီ ကျေးရွာမှာ အခင်းဖြစ်ရပ် ဖြစ်ပွားခဲ့တာပါ။ ဒေသခံတွေဟာ စိုက်ကွင်းတွေအတွင်း ပြေးလွှားနေကြတဲ့ အမျိုးသားလေးဦးကို သတိထားမိခဲ့ကာ ၎င်းတို့ဟာ ဒေါင်းငှက်တွေကို လိုက်သတ်နေကြတာလို့ သံယယရှိခဲ့ကြပါတယ်။ ယင်းနောက် ဒေသခံတွေ လူစုကာ ယင်း အမျိုးသားတွေနောက်ကို လိုက်ခဲ့ကြရာမှာ တစ်ယောက်ကို ဖမ်းမိသွားခဲ့ပါတယ်။ ရွာသားတွေဟာ ၎င်းထံက ဒေါင်းအသေ လေးကောင်ကို တွေ့ရှိခဲ့ပြီးနောက် ၎င်းကို ရိုက်နှက်ခဲ့ကြကာ စိုက်ကွင်းအတွင်းမှာပဲ ဒဏ်ရာတွေနဲ့ထားခဲ့ကြပြီး အဖြစ်အပျက်ကို ရဲထံ အကြောင်းကြားခဲ့ခြင်းလည်း မရှိပါဘူး။
ယင်းနောက် တစုံတစ်ယောက်က ပြည်နယ်ရဲတပ်ဖွဲ့ အရေးပေါ်ဌာနကို ဖုန်းဆက်သတင်းပေးမှုအရ အခင်းဖြစ်နေရာကို ရဲတွေ သွားရောက်စစ်ဆေးခဲ့ရာမှာ ဒဏ်ရာတွေနဲ့ အမျိုးသားကိုတွေ့ရှိခဲ့ကြတာပါ။ ၎င်းကို ဆေးရုံပို့ပေးခဲ့ပေမယ့် ဆေးရုံမှာပဲ ဒဏ်ရာတွေကြောင့် သေဆုံးသွားခဲ့ကြောင်း နီးမတ်ရှ်ခရိုင် ရဲအရာရှိက ပြောဆိုခဲ့ပါတယ်။
ယင်းဖြစ်စဉ်နဲ့ပတ်သက်ပြီး ရဲက လိုက်လံစစ်ဆေး ဖမ်းဆီးမှုတွေလုပ်ခဲ့ကာ ဖြစ်စဉ်မှာ ပါဝင်တဲ့ လူ ၁၀ ဦးကို လူသတ်မှု၊ ရုန့်ရင်းဆန်ခတ်မှုတွေနဲ့ ဖမ်းဆီး အမှုဖွင့်ခဲ့ကြောင်း သိရပါတယ်။ သေဆုံးသူ အမျိုးသား၊ ၎င်းရဲ့ သားနဲ့အခြား နှစ်ဦးကိုတော့ ဒေါင်းငှက်တွေကို အမဲလိုက် သတ်ဖြတ်မှုနဲ့ စွဲချက်တင်ခဲ့ကြောင်း သိရပါတယ်။
အိန္ဒိယမှာ ၁၉၇၀ ပြည်နှစ်တွေမှ စကာ ဒေါင်းငှက်တွေကို အမဲလိုက်သတ်ဖြတ်မှုကို ရာဇဝတ်မှု အဖြစ် သတ်မှတ်ထားကာ ပြစ်မှုကျူးလွန်ခဲ့ရင် ထောင်ဒဏ် ၇ နှစ်အထိ ချမှတ်ခံရနိုင်ကြောင်း သိရပါတယ်။

- ကိုလင်း ( အကုန်သိ သတင်းဌာန ) | Ref : RT

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။