Skip to main content
ေရနံတင္ သေဘၤာသိမ္းပိုက္မႈ ရန္စတဲ့လုပ္ရပ္ဟု ၿဗိတိန္ႏုိင္ငံျခားေရး၀န္ႀကီး အျပစ္ဆုိ  ၊ သေဘၤာသားအားလုံး လုံၿခဳံေဘးကင္းဟု အီရန္ ေျပာ
Ads Block

ေရနံတင္ သေဘၤာသိမ္းပိုက္မႈ ရန္စတဲ့လုပ္ရပ္ဟု ၿဗိတိန္ႏုိင္ငံျခားေရး၀န္ႀကီး အျပစ္ဆုိ ၊ သေဘၤာသားအားလုံး လုံၿခဳံေဘးကင္းဟု အီရန္ ေျပာ

အီရန္ေတာ္လွန္ေရး အေစာင့္တပ္က သိမ္းပုိက္ခဲ့တဲ့ ၿဗိတိသွ်အလံလႊင့္ Stena Impero ေရနံတင္သေဘၤာေပၚပါ သေဘၤာအမႈထမ္းအားလံုး လုံၿခဳံေဘးကင္းစြာရွိေၾကာင္း ေဟာ္မုဇ္ဂန္ျပည္နယ္ အီရန္ ေရေၾကာင္းနဲ ့ဆိပ္ကမ္းမ်ားဆုိင္ရာ အဖြဲ႕အစည္းအႀကီးအကဲက တနဂၤေႏြေန ့မွာ ထုတ္ျပန္ေျပာဆုိခဲ့ပါတယ္။

“သေဘၤာေပၚက ၀န္ထမ္း ၂၃ ဦးစလုံး ဘန္ဒါအဘတ္စ္ဆိပ္ကမ္းမွာ ေဘးကင္းစြာနဲ ့က်န္းက်န္းမာမာရွိပါတယ္” လုိ ့ အလာမုိရတ္ အဖီဖီေပါက ႏုိင္ငံပုိင္ ရုပ္သံကေန ေျပာဆုိခဲ့ပါတယ္။
ေသာၾကာေန႕က ပင္လယ္ေကြ႕မွာ ေရနံတင္သေဘၤာကုိ အီရန္က သိမ္းပုိက္လုိက္တာဟာ ရန္စတဲ့ လုပ္ရပ္တစ္ခုျဖစ္ေၾကာင္း ၿဗိတိန္အစုိးရက ေ၀ဖန္ခဲ့ကာ ေရေၾကာင္း မေတာ္တဆမႈတစ္ခုျဖစ္ခဲ့ေၾကာင့္ ေရနံတင္သေဘၤာကုိ သိမ္းပုိက္ခဲ့တာဆုိတဲ့ အီရန္အစုိးရရဲ႕ ေျဖရွင္းခ်က္ကုိ ပယ္ခ်ခဲ့ပါတယ္။ ဆီြဒီအေျခစုိက္ သေဘၤာပုိင္ အဖြဲ႕ျဖစ္တဲ့ Stena Bulk က သေဘၤာေပၚ ပါသြားတဲ့ အိႏၵိယ၊ လတ္ဗီးယား၊ ဖိလစ္ပုိင္နဲ ့ရုရွား သေဘၤာအမႈထမ္းေတြထံ သြားေရာက္ခြင့္ရေရး တရား၀င္ေတာင္းဆုိသြားဖုိ ့ျပင္ဆင္ေနေၾကာင္း စေနေန ့မွာ ေျပာဆုိခဲ့ပါတယ္။ ၄င္းတုိ ့ထံ သြားေရာက္ခြင့္ရဖုိ ့ တရား၀င္ေတာင္းဆုိခ်က္တင္ရန္ အီရန္က ေျပာဆုိခဲ့ေၾကာင္းလည္း Stena ရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပပါတယ္။
ေရနံတင္သေဘၤာ သိမ္းပုိက္ခံလုိက္ရၿပီးေနာက္ ၂၀၁၅ ခုႏွစ္ အီရန္ ႏ်ဴကလီးယား သေဘာတူစာခ်ဳပ္၀င္ ႏုိင္ငံတစ္ႏုိင္ငံျဖစ္တဲ့ ၿဗိတိန္က အီရန္ကုိ ပိတ္ဆုိ ့ဒဏ္ခတ္မႈေတြလုပ္ဖုိ ့ စီစဥ္ေနေၾကာင္း စေနေန ့ထုတ္ Daily Telegraph သတင္းစာက ေရးသားခဲ့ပါတယ္။
ဥေရာပသမဂၢရဲ႕ ပိတ္ဆုိ ့မႈေတြကုိ ခ်ဳိးေဖာက္ကာ ဆီးရီးယားကုိ ေရနံတင္ပုိ ့ဖုိ ့လုပ္ေနတယ္ဆုိတဲ့ အီရန္ေရနံတင္သေဘၤာ Grace 1 ကုိ ၿပီးခဲ့တဲ့ ဇူလုိင္ ၄ ရက္က ဂ်ီဘေရာ္တာေရလက္ၾကားအနီးမွာ ၿဗိတိန္က သိမ္းပုိက္ခဲ့ပါတယ္။ ယင္း ကိစၥျဖစ္ၿပီးေနာက္ ၿဗိတိန္ကုိ အလားတူ လက္တုန္ ့ျပန္ေဆာင္ရြက္သြားမွာျဖစ္ေၾကာင္း အီရန္အစုိးရက ၿခိမ္းေျခာက္ခဲ့အၿပီး သီတင္းပတ္ေတြအၾကာမွာပဲ အခုလုိ ၿဗိတိန္ေရနံတင္သေဘၤာ သိမ္းပုိက္ခံလုိက္ရတာျဖစ္ပါတယ္။

- ကုိလင္း ( အကုန္သိ သတင္းဌာန ) | Ref : Reuters

Unicode Version

 

အီရန်တော်လှန်ရေး အစောင့်တပ်က သိမ်းပိုက်ခဲ့တဲ့ ဗြိတိသျှအလံလွှင့် Stena Impero ရေနံတင်သင်္ဘောပေါ်ပါ သင်္ဘောအမှုထမ်းအားလုံး လုံခြုံဘေးကင်းစွာရှိကြောင်း ဟော်မုဇ်ဂန်ပြည်နယ် အီရန် ရေကြောင်းနဲ့ဆိပ်ကမ်းများဆိုင်ရာ အဖွဲ့အစည်းအကြီးအကဲက တနင်္ဂနွေနေ့မှာ ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။
“သင်္ဘောပေါ်က ဝန်ထမ်း ၂၃ ဦးစလုံး ဘန်ဒါအဘတ်စ်ဆိပ်ကမ်းမှာ ဘေးကင်းစွာနဲ့ကျန်းကျန်းမာမာရှိပါတယ်” လို့ အလာမိုရတ် အဖီဖီပေါက နိုင်ငံပိုင် ရုပ်သံကနေ ပြောဆိုခဲ့ပါတယ်။
သောကြာနေ့က ပင်လယ်ကွေ့မှာ ရေနံတင်သင်္ဘောကို အီရန်က သိမ်းပိုက်လိုက်တာဟာ ရန်စတဲ့ လုပ်ရပ်တစ်ခုဖြစ်ကြောင်း ဗြိတိန်အစိုးရက ဝေဖန်ခဲ့ကာ ရေကြောင်း မတော်တဆမှုတစ်ခုဖြစ်ခဲ့ကြောင့် ရေနံတင်သင်္ဘောကို သိမ်းပိုက်ခဲ့တာဆိုတဲ့ အီရန်အစိုးရရဲ့ ဖြေရှင်းချက်ကို ပယ်ချခဲ့ပါတယ်။ ဆွီဒီအခြေစိုက် သင်္ဘောပိုင် အဖွဲ့ဖြစ်တဲ့ Stena Bulk က သင်္ဘောပေါ် ပါသွားတဲ့ အိန္ဒိယ၊ လတ်ဗီးယား၊ ဖိလစ်ပိုင်နဲ့ရုရှား သင်္ဘောအမှုထမ်းတွေထံ သွားရောက်ခွင့်ရရေး တရားဝင်တောင်းဆိုသွားဖို့ပြင်ဆင်နေကြောင်း စနေနေ့မှာ ပြောဆိုခဲ့ပါတယ်။ ၎င်းတို့ထံ သွားရောက်ခွင့်ရဖို့ တရားဝင်တောင်းဆိုချက်တင်ရန် အီရန်က ပြောဆိုခဲ့ကြောင်းလည်း Stena ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ရေနံတင်သင်္ဘော သိမ်းပိုက်ခံလိုက်ရပြီးနောက် ၂၀၁၅ ခုနှစ် အီရန် နျူကလီးယား သဘောတူစာချုပ်ဝင် နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဗြိတိန်က အီရန်ကို ပိတ်ဆို့ဒဏ်ခတ်မှုတွေလုပ်ဖို့ စီစဉ်နေကြောင်း စနေနေ့ထုတ် Daily Telegraph သတင်းစာက ရေးသားခဲ့ပါတယ်။
ဥရောပသမဂ္ဂရဲ့ ပိတ်ဆို့မှုတွေကို ချိုးဖောက်ကာ ဆီးရီးယားကို ရေနံတင်ပို့ဖို့လုပ်နေတယ်ဆိုတဲ့ အီရန်ရေနံတင်သင်္ဘော Grace 1 ကို ပြီးခဲ့တဲ့ ဇူလိုင် ၄ ရက်က ဂျီဘရော်တာရေလက်ကြားအနီးမှာ ဗြိတိန်က သိမ်းပိုက်ခဲ့ပါတယ်။ ယင်း ကိစ္စဖြစ်ပြီးနောက် ဗြိတိန်ကို အလားတူ လက်တုန့်ပြန်ဆောင်ရွက်သွားမှာဖြစ်ကြောင်း အီရန်အစိုးရက ခြိမ်းခြောက်ခဲ့အပြီး သီတင်းပတ်တွေအကြာမှာပဲ အခုလို ဗြိတိန်ရေနံတင်သင်္ဘော သိမ်းပိုက်ခံလိုက်ရတာဖြစ်ပါတယ်။

- ကိုလင်း ( အကုန်သိ သတင်းဌာန ) | Ref : Reuters

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။