Skip to main content
၁၂ ႏွစ္၀န္းက်င္အရြယ္အမ်ိဳးသားက ၄ ႏွစ္ခြဲခန္႔မိန္းကေလးအား အဓမၼျပဳက်င့္မႈျဖစ္ပြား
Ads Block

၁၂ ႏွစ္၀န္းက်င္အရြယ္အမ်ိဳးသားက ၄ ႏွစ္ခြဲခန္႔မိန္းကေလးအား အဓမၼျပဳက်င့္မႈျဖစ္ပြား

မေကြးတိုင္းေဒသႀကီး၊ မေကြးၿမိဳ႕တြင္ (၁၁)ႏွစ္(၆)လသားအရြယ္အမ်ိဳးသားက (၄)ႏွစ္(၅)လအရြယ္ မိန္းကေလးအား ခေရပန္းေကာက္မည္ဟု လိမ္လည္ေခၚေဆာင္ကာ အဓမၼျပဳက်င့္မႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ ဇူလိုင္လ ၁၈ ရက္၊ ေန႔လယ္ ၁ နာရီ၀န္းက်င္၌ ကို------ သည္ ၄င္း၏ ညီျဖစ္သူက အငယ္ဆံုး ညီမျဖစ္သူ မ----- ၊ (၄)ႏွစ္(၅)လအရြယ္ကိုရိုက္ပုတ္ေနသျဖင့္ အေၾကာင္းရင္းကို ေမးျမန္းခဲ့သည္။
ထိုသို႔ေမးျမန္းရာ မ----- အား အိမ္နီးခ်င္းျဖစ္သူ ေမာင္------ ၊ (၁၁)ႏွစ္(၆)လက ခေရပန္းေကာက္မည္ဆိုကာ ေခၚေဆာင္ၿပီး အဓမၼျပဳက်င့္ေနသည္ကို ကို----- ၏ ညီျဖစ္သူက ေတြ႕ရွိခဲ့သျဖင့္ ရိုက္ပုတ္ရျခင္းျဖစ္သည္ဟု သိရွိခဲ့ရသျဖင့္ ကို------ က ရဲစခန္းသို႔လာေရာက္တိုင္တန္းခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။
“ လတ္တေလာအေနနဲ႔ တရားလို၊ သက္ေသနဲ႔အခင္းျဖစ္ေနရာေတြကို သြားေရာက္စစ္ေဆးခဲ့ၿပီးျဖစ္ပါတယ္။ က်ဳးလြန္ခံရသူသမီးငယ္ကိုလည္းရဲေဆးစာ၊မိသားစုခြင့္ျပဳခ်က္စာႏွင့္အတူ မေကြးတိုင္းျပည္သူ႔ေဆးရံုႀကီးကိုေဆးစစ္ထင္ျမင္ခ်က္ေပးႏိုင္ဖို႔ပို႔ေဆာင္ထား႐ွိခဲ့ပါတယ္။  (၁၁)ႏွစ္(၆)လသားအရြယ္ကေလးကိုေတာ့ ေဆးစစ္ထင္ျမင္ခ်က္ေပးဖို႔ ျပည္သူ႔ေဆးရံုကိုပို႔ထားၿပီးေမြးစာရင္းအရ ကေလးျဖစ္ေနတဲ့အတြက္ မိဘအုပ္ထိန္းသူထံ ခံဝန္ေပးထားျခင္းမ်ားေဆာင္ရြက္ထား႐ွိခဲ့ပါတယ္” ဟု မေကြးနယ္ေျမရဲစခန္းမွ တာဝန္႐ွိသူတစ္ဦးက ေျပာသည္။
အမႈႏွင့္ပတ္သက္၍ ေမာင္------- ၊ (၁၁)ႏွစ္(၆)လအား မေကြးနယ္ေျမရဲစခန္း၌ (ပ)၅၃၅/၁၉ ၊ ရာဇသတ္ႀကီးပုဒ္မ- ၃၇၆ ျဖင့္ အမႈေရးဖြင့္ထားေၾကာင္း သိရသည္။

- သက္ေနာင္ - မင္းလွ ( အကုန္သိ သတင္းဌာန )

Unicode Version

 

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့တွင် (၁၁)နှစ်(၆)လသားအရွယ်အမျိုးသားက (၄)နှစ်(၅)လအရွယ် မိန်းကလေးအား ခရေပန်းကောက်မည်ဟု လိမ်လည်ခေါ်ဆောင်ကာ အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင်လ ၁၈ ရက်၊ နေ့လယ် ၁ နာရီဝန်းကျင်၌ ကို------ သည် ၎င်း၏ ညီဖြစ်သူက အငယ်ဆုံး ညီမဖြစ်သူ မ----- ၊ (၄)နှစ်(၅)လအရွယ်ကိုရိုက်ပုတ်နေသဖြင့် အကြောင်းရင်းကို မေးမြန်းခဲ့သည်။
ထိုသို့မေးမြန်းရာ မ----- အား အိမ်နီးချင်းဖြစ်သူ မောင်------ ၊ (၁၁)နှစ်(၆)လက ခရေပန်းကောက်မည်ဆိုကာ ခေါ်ဆောင်ပြီး အဓမ္မပြုကျင့်နေသည်ကို ကို----- ၏ ညီဖြစ်သူက တွေ့ရှိခဲ့သဖြင့် ရိုက်ပုတ်ရခြင်းဖြစ်သည်ဟု သိရှိခဲ့ရသဖြင့် ကို------ က ရဲစခန်းသို့လာရောက်တိုင်တန်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ လတ်တလောအနေနဲ့ တရားလို၊ သက်သေနဲ့အခင်းဖြစ်နေရာတွေကို သွားရောက်စစ်ဆေးခဲ့ပြီးဖြစ်ပါတယ်။ ကျုးလွန်ခံရသူသမီးငယ်ကိုလည်းရဲဆေးစာ၊မိသားစုခွင့်ပြုချက်စာနှင့်အတူ မကွေးတိုင်းပြည်သူ့ဆေးရုံကြီးကိုဆေးစစ်ထင်မြင်ချက်ပေးနိုင်ဖို့ပို့ဆောင်ထားရှိခဲ့ပါတယ်။  (၁၁)နှစ်(၆)လသားအရွယ်ကလေးကိုတော့ ဆေးစစ်ထင်မြင်ချက်ပေးဖို့ ပြည်သူ့ဆေးရုံကိုပို့ထားပြီးမွေးစာရင်းအရ ကလေးဖြစ်နေတဲ့အတွက် မိဘအုပ်ထိန်းသူထံ ခံဝန်ပေးထားခြင်းများဆောင်ရွက်ထားရှိခဲ့ပါတယ်” ဟု မကွေးနယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အမှုနှင့်ပတ်သက်၍ မောင်------- ၊ (၁၁)နှစ်(၆)လအား မကွေးနယ်မြေရဲစခန်း၌ (ပ)၅၃၅/၁၉ ၊ ရာဇသတ်ကြီးပုဒ်မ- ၃၇၆ ဖြင့် အမှုရေးဖွင့်ထားကြောင်း သိရသည်။

-- သက်နောင် - မင်းလှ ( အကုန်သိ သတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။