Skip to main content
ႏုိင္ငံေရးသည္ႏုိင္ငံ့အေရးျဖစ္၍ ျပည္သူတုိင္းတြင္တာ၀န္ရွိဟု ဆို
Ads Block

ႏုိင္ငံေရးသည္ႏုိင္ငံ့အေရးျဖစ္၍ ျပည္သူတုိင္းတြင္တာ၀န္ရွိဟု ဆို

ႏုိင္ငံေရးသည္ ႏုိင္ငံ့အေရးျဖစ္၍ တုိင္းရင္းသားျပည္သူတုိင္းတြင္တာ၀န္ရွိေၾကာင္း ကုိးကန္႔ ဒီမုိကေရစီႏွင့္ ညီညြတ္ေရးပါတီဥကၠ႒ ဦးထြန္းလႈိင္ကေျပာသည္။

ႏုိင္ငံေရးသည္ႏုိင္ငံ့အေရးျဖစ္၍ ျပည္သူတုိင္းတြင္တာ၀န္ရွိဟု ဆို


ဇူလုိင္လအတြင္း အကုန္သိသတင္းဌာနႏွင့္ သီးသန္႔ေတြ႔ဆုံေမးျမန္းရာတြင္ ယခုကဲ့သို႔ ထည့္သြင္းေျပာၾကားသြားျခင္း ျဖစ္သည္။
“ ကြ်န္ေတာ္တုိ႔ကုိးကန္႔တုိင္းရင္းသားအမ်ားစုက နယ္စပ္ေတာထဲပုိင္းမွာေနတာမ်ားတယ္။ အဓိကက ေတာင္ယာစုိက္ပ်ိဳးေရးသမားေတြမ်ားတယ္ေပါ့ေနာ္။ ၿမိဳ႕ေပၚမွာ ပညာတတ္အသုိင္းအ၀ုိင္းေလာက္ပဲ ေနၾကတယ္။ အဲဒီေတာ့ ကြ်န္ေတာ္တုိ႔ႏုိင္ငံေရးပါတီက ႏုိင္ငံေရးအတြက္သူတုိ႔ကုိစည္းရုံးရခက္ခဲတယ္။ သူတုိ႔နားလည္တဲ့ပညာေရးအေျခအေနတစ္ခုျဖစ္ေအာင္ အရင္ဆုံးျမွင့္တင္စည္းရုံးရတယ္။ ႏုိင္ငံေရးဆုိတာ ႏုိင္ငံ့အေရးပဲ။ ဒါကတုိင္းရင္းသားျပည္သူတုိင္းမွာ တာ၀န္ရွိတယ္။ ကုိယ့္တုိင္းရင္းသားေတြအခြင့္အေရးကုိ အျပည့္အ၀ယူၿပီး ႏုိင္ငံေတာ္ကုိလည္းအက်ိဳးျပဳဖုိ႔လုိတယ္’’ဟု ကုိးကန္႔ ဒီမုိကေရစီႏွင့္ ညီညြတ္ေရးပါတီဥကၠ႒ ဦးထြန္းလႈိင္ကေျပာသည္။
ကုိးကန္႔ဒီမုိကေရစီႏွင့္ညီညြတ္ေရးပါတီသည္ ၁၉၈၈ ခုႏွစ္တြင္စတင္ထူေထာင္ခဲ့ျခင္းျဖစ္ၿပီး ရွမ္းျပည္နယ္ လားရႈိး၊ ကုိလုံ၊ သိႏၵီကုိအဓိကထား၍ ပါတီစည္းရုံးေရးလုပ္ငန္းမ်ားကုိေဆာင္ရြက္ေၾကာင္းသိရသည္။
ၿပီးခဲ့သည့္ေရြးေကာက္ပြဲမ်ားတြင္ တုိင္းရင္းသားေဒသမ်ားသည္ ႏုိင္ငံေရးကုိစိတ္၀င္စားမႈမရွိဘဲ ရပ္ရြာလူႀကီးမ်ား ႏႈိးေဆာ္ေၾကညာမႈအရသာေရြးေကာက္ပြဲေန႔တြင္ မဲရုံသုိ႔မဲသြားေပးကာ လူအမ်ားစုထည့္သည့္ပါတီသုိ႔ မဲထည့္ေပးခဲ့ေၾကာင္း ေရြးေကာက္ပြဲအစီရင္ခံစာမ်ားအရ သိရသည္။

-  မင္းသီဟန္ ( အကုန္သိ သတင္းဌာန )

Unicode Version

 

နိုင်ငံရေးသည် နိုင်ငံ့အရေးဖြစ်၍ တိုင်းရင်းသားပြည်သူတိုင်းတွင်တာဝန်ရှိကြောင်း ကိုးကန့် ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီဥက္ကဋ္ဌ ဦးထွန်းလှိုင်ကပြောသည်။
ဇူလိုင်လအတွင်း အကုန်သိသတင်းဌာနနှင့် သီးသန့်တွေ့ဆုံမေးမြန်းရာတွင် ယခုကဲ့သို့ ထည့်သွင်းပြောကြားသွားခြင်း ဖြစ်သည်။
“ ကျွန်တော်တို့ကိုးကန့်တိုင်းရင်းသားအများစုက နယ်စပ်တောထဲပိုင်းမှာနေတာများတယ်။ အဓိကက တောင်ယာစိုက်ပျိုးရေးသမားတွေများတယ်ပေါ့နော်။ မြို့ပေါ်မှာ ပညာတတ်အသိုင်းအဝိုင်းလောက်ပဲ နေကြတယ်။ အဲဒီတော့ ကျွန်တော်တို့နိုင်ငံရေးပါတီက နိုင်ငံရေးအတွက်သူတို့ကိုစည်းရုံးရခက်ခဲတယ်။ သူတို့နားလည်တဲ့ပညာရေးအခြေအနေတစ်ခုဖြစ်အောင် အရင်ဆုံးမြှင့်တင်စည်းရုံးရတယ်။ နိုင်ငံရေးဆိုတာ နိုင်ငံ့အရေးပဲ။ ဒါကတိုင်းရင်းသားပြည်သူတိုင်းမှာ တာဝန်ရှိတယ်။ ကိုယ့်တိုင်းရင်းသားတွေအခွင့်အရေးကို အပြည့်အဝယူပြီး နိုင်ငံတော်ကိုလည်းအကျိုးပြုဖို့လိုတယ်’’ဟု ကိုးကန့် ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီဥက္ကဋ္ဌ ဦးထွန်းလှိုင်ကပြောသည်။
ကိုးကန့်ဒီမိုကရေစီနှင့်ညီညွတ်ရေးပါတီသည် ၁၉၈၈ ခုနှစ်တွင်စတင်ထူထောင်ခဲ့ခြင်းဖြစ်ပြီး ရှမ်းပြည်နယ် လားရှိုး၊ ကိုလုံ၊ သိန္ဒီကိုအဓိကထား၍ ပါတီစည်းရုံးရေးလုပ်ငန်းများကိုဆောင်ရွက်ကြောင်းသိရသည်။
ပြီးခဲ့သည့်ရွေးကောက်ပွဲများတွင် တိုင်းရင်းသားဒေသများသည် နိုင်ငံရေးကိုစိတ်ဝင်စားမှုမရှိဘဲ ရပ်ရွာလူကြီးများ နှိုးဆော်ကြေညာမှုအရသာရွေးကောက်ပွဲနေ့တွင် မဲရုံသို့မဲသွားပေးကာ လူအများစုထည့်သည့်ပါတီသို့ မဲထည့်ပေးခဲ့ကြောင်း ရွေးကောက်ပွဲအစီရင်ခံစာများအရ သိရသည်။

-  မင်းသီဟန် ( အကုန်သိ သတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။