Skip to main content
အိႏၵိယ အေရွ႕ပုိင္းတြင္ ႏြားသူခုိး သုံးဦးကုိ လူအုပ္က ၀ုိင္းရုိက္သတ္မႈ ျဖစ္ပြား
Ads Block

အိႏၵိယ အေရွ႕ပုိင္းတြင္ ႏြားသူခုိး သုံးဦးကုိ လူအုပ္က ၀ုိင္းရုိက္သတ္မႈ ျဖစ္ပြား

အိႏၵိယႏုိင္ငံ အေရွ႕ပုိင္းေဒသမွာ ႏြားသူခုိးလုိ ့ သံသယရွိတဲ့ အမ်ဳိးသား သုံးဦးကုိ လူအုပ္က ၀ုိင္းရုိက္သတ္မႈျဖစ္ပြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕က ေျပာဆုိပါတယ္။
ေသာၾကာေန ့ မနက္ပုိင္းက ကၽြဲတစ္ေကာင္နဲ ့ႏြားေပါက္တစ္ေကာင္ကုိ ေလာ္ရီကားေပၚ တင္ဖုိ ့လုပ္ေနတဲ့ ယင္း အမ်ဳိးသား သုံးဦးကုိ ဘီဟာျပည္နယ္ ဆာရန္ခရုိင္ ေက်းရြာတစ္ရြာက ရြာသားအခ်ဳိ႕က ဖမ္းဆီးကာ ရုိက္ႏွက္ခဲ့ၾကတာျဖစ္ေၾကာင္း ရဲက ေျပာပါတယ္။
ယခုျဖစ္စဥ္ဟာ ႏြားေတြနဲ ့ပတ္သက္ၿပီး ဆတ္ဆတ္ထိမခံတဲ့ လူစုရဲ႕ ေနာက္ဆုံးထြက္ေပၚလာတဲ့ တုိက္ခုိက္မႈျဖစ္ပါတယ္။ ဟိႏၵဴဘာသာ၀င္ေတြဟာ ႏြားေတြကုိ အမြန္အျမတ္ထားကာ ၄င္းတုိ ့ကုိ သတ္ျဖတ္တာေတြ မလုပ္ေကာင္းဘူးလုိ ့ ခံယူထားၾကပါတယ္။
ယခု တရားလက္လြတ္သတ္ျဖတ္ခဲ့မႈနဲ ့ပတ္သက္ၿပီး ေနာက္ပုိင္းမွာ ရြာသား သုံးဦးကုိ ဖမ္းဆီးထားေၾကာင္း သိရပါတယ္။ ေ၀ဖန္သူေတြကေတာ့ အာဏာရ ဟိႏၵဴအမ်ဳိးသားေရးပါတီ BJP ဟာ အခုလုိ အၾကမ္းဖက္တုိက္ခုိက္မႈျဖစ္စဥ္မ်ဳိးေတြကုိ လုံလုံေလာက္ေလာက္ တားဆီးကာကြယ္ေပးျခင္း မရွိေၾကာင္း ဆုိခဲ့ၾကပါတယ္။ BJP အာဏာရရွိခဲ့တဲ့ ၂၀၁၄ ခုႏွစ္မွစကာ အခုလုိ လူအုပ္ရဲ႕ တုိက္ခုိက္မႈေတြေၾကာင့္ ေသဆုံးရသူ ဒါဇင္မ်ားစြာရွိကာ ဒဏ္ရာရသူ ရာခ်ီရွိခဲ့ေပမယ့္ အမႈအနည္းအက်ဥ္းေလာက္ကုိသာ အျပစ္ေပးစီရင္မႈရွိခဲ့တယ္လုိ ့လည္း ဆုိပါတယ္။
အခုလုိ တုိက္ခုိက္မႈေတြနဲ႕ပတ္သက္ၿပီး ခ်က္ခ်င္း ျပင္းျပင္းထန္ထန္ ရႈတ္ခ်ေ၀ဖန္ေလ့မရွိတဲ့ ၀န္ႀကီးခ်ဳပ္ နာရင္ျဒာမုိဒီကုိလည္း ေ၀ဖန္မႈေတြ ရွိခဲ့ပါတယ္။

-ကုိလင္း ( အကုန္သိ သတင္းဌာန ) | Ref : BBC 

Unicode Version

 

အိန္ဒိယနိုင်ငံ အရှေ့ပိုင်းဒေသမှာ နွားသူခိုးလို့ သံသယရှိတဲ့ အမျိုးသား သုံးဦးကို လူအုပ်က ဝိုင်းရိုက်သတ်မှုဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောဆိုပါတယ်။
သောကြာနေ့ မနက်ပိုင်းက ကျွဲတစ်ကောင်နဲ့နွားပေါက်တစ်ကောင်ကို လော်ရီကားပေါ် တင်ဖို့လုပ်နေတဲ့ ယင်း အမျိုးသား သုံးဦးကို ဘီဟာပြည်နယ် ဆာရန်ခရိုင် ကျေးရွာတစ်ရွာက ရွာသားအချို့က ဖမ်းဆီးကာ ရိုက်နှက်ခဲ့ကြတာဖြစ်ကြောင်း ရဲက ပြောပါတယ်။
ယခုဖြစ်စဉ်ဟာ နွားတွေနဲ့ပတ်သက်ပြီး ဆတ်ဆတ်ထိမခံတဲ့ လူစုရဲ့ နောက်ဆုံးထွက်ပေါ်လာတဲ့ တိုက်ခိုက်မှုဖြစ်ပါတယ်။ ဟိန္ဒူဘာသာဝင်တွေဟာ နွားတွေကို အမွန်အမြတ်ထားကာ ၎င်းတို့ကို သတ်ဖြတ်တာတွေ မလုပ်ကောင်းဘူးလို့ ခံယူထားကြပါတယ်။
ယခု တရားလက်လွတ်သတ်ဖြတ်ခဲ့မှုနဲ့ပတ်သက်ပြီး နောက်ပိုင်းမှာ ရွာသား သုံးဦးကို ဖမ်းဆီးထားကြောင်း သိရပါတယ်။ ဝေဖန်သူတွေကတော့ အာဏာရ ဟိန္ဒူအမျိုးသားရေးပါတီ BJP ဟာ အခုလို အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်မျိုးတွေကို လုံလုံလောက်လောက် တားဆီးကာကွယ်ပေးခြင်း မရှိကြောင်း ဆိုခဲ့ကြပါတယ်။ BJP အာဏာရရှိခဲ့တဲ့ ၂၀၁၄ ခုနှစ်မှစကာ အခုလို လူအုပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် သေဆုံးရသူ ဒါဇင်များစွာရှိကာ ဒဏ်ရာရသူ ရာချီရှိခဲ့ပေမယ့် အမှုအနည်းအကျဉ်းလောက်ကိုသာ အပြစ်ပေးစီရင်မှုရှိခဲ့တယ်လို့လည်း ဆိုပါတယ်။
အခုလို တိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး ချက်ချင်း ပြင်းပြင်းထန်ထန် ရှုတ်ချဝေဖန်လေ့မရှိတဲ့ ဝန်ကြီးချုပ် နာရင်ဒြာမိုဒီကိုလည်း ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။

-ကိုလင်း ( အကုန်သိ သတင်းဌာန ) | Ref : BBC 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။