Skip to main content
မေလးရွားကုိ ပုိ႕ေပးဖုိ ့ေစာင့္ေနတဲ့ ျမန္မာလုပ္သား ၆၀ နီးပါး ထုိင္း ရာဘာေတာတစ္ခုတြင္ ဖမ္းဆီးရမိ
Ads Block

မေလးရွားကုိ ပုိ႕ေပးဖုိ ့ေစာင့္ေနတဲ့ ျမန္မာလုပ္သား ၆၀ နီးပါး ထုိင္း ရာဘာေတာတစ္ခုတြင္ ဖမ္းဆီးရမိ

မေလးရွားႏုိင္ငံကုိ  ပုိ ့ေပးမယ့္သူ ေစာင့္ေနတဲ့ တရားမ၀င္ ျမန္မာလုပ္သား ၅၇ ဦးကုိ စေနေန ့(ဇူလုိင္ ၂၀) က ထုိင္းႏိုင္ငံ ေဆာင္ခလာျပည္နယ္ ဆာဒုိခရုိင္ ရာဘာေတာတြင္းကေန ဖမ္းဆီးရမိခဲ့တယ္လုိ႕ ဘန္ေကာက္ပုိ ့စ္ သတင္းတစ္ပုဒ္မွာ ေဖာ္ျပပါတယ္။

မေလးရွားကုိ ပုိ႕ေပးဖုိ ့ေစာင့္ေနတဲ့ ျမန္မာလုပ္သား ၆၀ နီးပါး ထုိင္း ရာဘာေတာတစ္ခုတြင္ ဖမ္းဆီးရမိ


အမ်ဳိးသား ၅၄ ဦးနဲ ့ အမ်ဳိးသမီး ၃ ဦးပါ ျမန္မာလုပ္သားေတြကုိ ဘန္မယ္နမ္ေက်းရြာက ရာဘာစုိက္ခင္းတစ္ခုမွာ ဖမ္းဆီးရမိခဲ့တာျဖစ္တယ္လုိ ့ လူကုန္ကူးမႈတုိက္ဖ်က္ေရးရဲတပ္ဖြဲ႕ တာ၀န္ရွိသူေတြက ေျပာဆုိပါတယ္။ ရဲတပ္ဖြဲ႕ရဲ႕ စုံစမ္းစစ္ေဆးခ်က္အရ ၄င္းတုိ ့ကုိ အုပ္စုႏွစ္စုခြဲၿပီး ယင္း ရာဘာေတာေနရာကုိ ပုိ ့ေဆာင္ခဲ့တာျဖစ္ၿပီး လုပ္သား ၂၀ ဦးပါ ပထမအုပ္စုကုိ လြန္ခဲ့တဲ့ သုံးရက္ခန္ ့ကတည္းက ပုိ ့ေဆာင္ထားကာ ၃၇ ဦးပါ ဒုတိယအုပ္စုကုိေတာ့ ေသာၾကာေန ့ညက ဆက္လက္ပုိ ့ေဆာင္ထားခဲ့တာျဖစ္ေၾကာင္း သိရပါတယ္။
၄င္းတုိ ့ေတြဟာ မေလးရွားႏုိင္ငံကုိ ပုိ ့ေဆာင္ေပးမယ့္ ေနာက္ ပြဲစားတစ္ဦးကုိ ေစာင့္ေနခဲ့တာျဖစ္ေၾကာင္း ျမန္မာႏုိင္ငံသားတစ္ဦးက ေျပာဆုိခဲ့တယ္လုိ ့ဆုိပါတယ္။ ၄င္းဟာ ၿပီးခဲ့တဲ့ ဇူလုိင္ ၃ ရက္ေန ့က ဟတ္ယုိင္ခရုိင္ရွိ အိမ္တစ္လုံးမွာ တရားမ၀င္ ျမန္မာလုပ္သား ၅၇ ဦးနဲ ့အတူ ဖမ္းဆီးရမိခဲ့သူျဖစ္ေၾကာင္း သိရပါတယ္။
လြန္ခဲ့တဲ့ ၄ ႏွစ္ေက်ာ္ေလာက္မွစကာ ထုိင္းအာဏာပုိင္ေတြက လူကုန္ကူးမႈေတြကုိ ဖိဖိစီးစီး ႏွိမ္နင္းေနခဲ့ေပမယ့္ မေလးရွားႏုိင္ငံရဲ႕ စုိက္ပ်ဳိးေရးနဲ ့ငါးလုပ္ငန္း က႑ေတြမွာ လုပ္သားလုိအပ္ခ်က္ေတြ မ်ားလာတာေၾကာင့္ ၿပီးခဲ့တဲ့ ေျခာက္လအတြင္း တရားမ၀င္လူကုန္ကူးမႈေတြ တေက်ာ့ျပန္ ျမင့္တက္လာခဲ့ေၾကာင္း ထုိင္း လုံၿခဳံေရး အရာရွိေတြက ေျပာဆုိထားပါတယ္။

- ကုိလင္း ( အကုန္သိ သတင္းဌာန ) | Ref : ဘန္ေကာက္ပုိ ့စ္

Unicode Version

 

မလေးရှားနိုင်ငံကို  ပို့ပေးမယ့်သူ စောင့်နေတဲ့ တရားမဝင် မြန်မာလုပ်သား ၅၇ ဦးကို စနေနေ့(ဇူလိုင် ၂၀) က ထိုင်းနိုင်ငံ ဆောင်ခလာပြည်နယ် ဆာဒိုခရိုင် ရာဘာတောတွင်းကနေ ဖမ်းဆီးရမိခဲ့တယ်လို့ ဘန်ကောက်ပို့စ် သတင်းတစ်ပုဒ်မှာ ဖော်ပြပါတယ်။
အမျိုးသား ၅၄ ဦးနဲ့ အမျိုးသမီး ၃ ဦးပါ မြန်မာလုပ်သားတွေကို ဘန်မယ်နမ်ကျေးရွာက ရာဘာစိုက်ခင်းတစ်ခုမှာ ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ လူကုန်ကူးမှုတိုက်ဖျက်ရေးရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောဆိုပါတယ်။ ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးချက်အရ ၎င်းတို့ကို အုပ်စုနှစ်စုခွဲပြီး ယင်း ရာဘာတောနေရာကို ပို့ဆောင်ခဲ့တာဖြစ်ပြီး လုပ်သား ၂၀ ဦးပါ ပထမအုပ်စုကို လွန်ခဲ့တဲ့ သုံးရက်ခန့်ကတည်းက ပို့ဆောင်ထားကာ ၃၇ ဦးပါ ဒုတိယအုပ်စုကိုတော့ သောကြာနေ့ညက ဆက်လက်ပို့ဆောင်ထားခဲ့တာဖြစ်ကြောင်း သိရပါတယ်။
၎င်းတို့တွေဟာ မလေးရှားနိုင်ငံကို ပို့ဆောင်ပေးမယ့် နောက် ပွဲစားတစ်ဦးကို စောင့်နေခဲ့တာဖြစ်ကြောင်း မြန်မာနိုင်ငံသားတစ်ဦးက ပြောဆိုခဲ့တယ်လို့ဆိုပါတယ်။ ၎င်းဟာ ပြီးခဲ့တဲ့ ဇူလိုင် ၃ ရက်နေ့က ဟတ်ယိုင်ခရိုင်ရှိ အိမ်တစ်လုံးမှာ တရားမဝင် မြန်မာလုပ်သား ၅၇ ဦးနဲ့အတူ ဖမ်းဆီးရမိခဲ့သူဖြစ်ကြောင်း သိရပါတယ်။
လွန်ခဲ့တဲ့ ၄ နှစ်ကျော်လောက်မှစကာ ထိုင်းအာဏာပိုင်တွေက လူကုန်ကူးမှုတွေကို ဖိဖိစီးစီး နှိမ်နင်းနေခဲ့ပေမယ့် မလေးရှားနိုင်ငံရဲ့ စိုက်ပျိုးရေးနဲ့ငါးလုပ်ငန်း ကဏ္ဍတွေမှာ လုပ်သားလိုအပ်ချက်တွေ များလာတာကြောင့် ပြီးခဲ့တဲ့ ခြောက်လအတွင်း တရားမဝင်လူကုန်ကူးမှုတွေ တကျော့ပြန် မြင့်တက်လာခဲ့ကြောင်း ထိုင်း လုံခြုံရေး အရာရှိတွေက ပြောဆိုထားပါတယ်။

- ကိုလင်း ( အကုန်သိ သတင်းဌာန ) | Ref : ဘန်ကောက်ပို့စ်

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။