Skip to main content
သားျဖစ္သူက ဖခင္အရင္းအား မူးယစ္ေဆးဖိုးမေပးသျဖင့္ဟုဆိုကာ တုတ္ျဖင့္ရိုက္သတ္
Ads Block

သားျဖစ္သူက ဖခင္အရင္းအား မူးယစ္ေဆးဖိုးမေပးသျဖင့္ဟုဆိုကာ တုတ္ျဖင့္ရိုက္သတ္

ရွမ္းျပည္နယ္၊ သိႏၷီၿမိဳ႕နယ္၌ သားျဖစ္သူ ဖခင္အရင္းအား တုတ္ျဖင့္ရိုက္သတ္မႈျဖစ္ပြားခဲ့ေၾကာင္း သတင္းရရွိသည္။
ျဖစ္စဥ္မွာ သိႏၷီၿမိဳ႕နယ္၊ နားေဆာ့ေက်းရြာတြင္ ဇူလိုင္လ ၁၈ ရက္၊ ညေန ၄ နာရီခန္႔က လူသတ္မႈျဖစ္ပြားေၾကာင္းသတင္းေပးခ်က္ေၾကာင့္ ရဲတပ္ဖြဲ႔၀င္မ်ားႏွင့္အတူ တာ၀န္ရွိသူအသိသက္ေသမ်ားက သြားေရာက္စစ္ေဆးခဲ့ၾကသည္။
စစ္ေဆးခ်က္အရ ဦးဆန္ဆြယ္၊ (၇၃)ႏွစ္သည္ ေနအိမ္အတြင္းဦးေခါင္းကြဲထြက္ကာဦးေႏွာက္မ်ားထြက္လ်က္ႏွင့္ ေသဆံုးေနသည္ကိုေတြ႕ရွိခဲ့သျဖင့္ အေလာင္းကိုရဲေဆးစာျဖင့္ အႏိႈင္းမဲ့ကုသိုလ္အခမဲ့လူမႈကူညီေရးအသင္းက ရင္ခြဲရံုသို႔ တင္ပို႔ေပးခဲ့ၾကသည္။
“ျပစ္မႈက်ဴးလြန္သူကေတာ့ သူ႔သားအရင္းျဖစ္ပါတယ္။ ေဆးေၾကာင္ၿပီးေတာ့ ေဆးဖိုးမေပးလို႔ ဖခင္ကို တုတ္နဲ႔ရိုက္သတ္လိုက္တာပါ။ ဒီတရားခံကေဆးစြဲၿပီးအရမ္းဆိုးတဲ့အတြက္ သူ႔ဇနီးနဲ႔သားသမီးေတြကလည္း မေပါင္းေတာ့ဘဲေရွာင္ေနတာေပါ့။ မိခင္ကလည္းေရွာင္ေနတာလို႔သိရတယ္။ ဒါေပမဲ့ဖခင္ျဖစ္တဲ့ ေသဆံုးသူ ဦးဆန္ဆြယ္ကေတာ့သနားၿပီး သူနဲ႔အတူတူေနေပးတာကေန အခုလိုျဖစ္သြားရတာပါပဲ” ဟုသိႏၷီၿမိဳ႕မရဲစခန္းမွ တာ၀န္ရွိသူတစ္ဦးက အကုန္သိသတင္းဌာနသို႔ ဇူလိုင္ ၂၁ ရက္တြင္ ေျပာသည္။
အမႈႏွင့္ပတ္သက္၍  စိုင္းေလာ၀္ခမ္း၊ (၄၄)ႏွစ္ကို သိႏၷီၿမိဳ႕မရဲစခန္းတြင္ ရာဇသတ္ႀကီးပုဒ္မ - ၃၀၂ ျဖင့္ အမႈဖြင့္ကာ ရံုးထုတ္ရမန္ရယူထားၿပီးျဖစ္ေၾကာင္းသတင္းရရွိသည္။

- ဒါးဇ ( အကုန္သိ သတင္းဌာန )

Unicode Version

 

ရှမ်းပြည်နယ်၊ သိန္နီမြို့နယ်၌ သားဖြစ်သူ ဖခင်အရင်းအား တုတ်ဖြင့်ရိုက်သတ်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ သိန္နီမြို့နယ်၊ နားဆော့ကျေးရွာတွင် ဇူလိုင်လ ၁၈ ရက်၊ ညနေ ၄ နာရီခန့်က လူသတ်မှုဖြစ်ပွားကြောင်းသတင်းပေးချက်ကြောင့် ရဲတပ်ဖွဲ့ဝင်များနှင့်အတူ တာဝန်ရှိသူအသိသက်သေများက သွားရောက်စစ်ဆေးခဲ့ကြသည်။
စစ်ဆေးချက်အရ ဦးဆန်ဆွယ်၊ (၇၃)နှစ်သည် နေအိမ်အတွင်းဦးခေါင်းကွဲထွက်ကာဦးနှောက်များထွက်လျက်နှင့် သေဆုံးနေသည်ကိုတွေ့ရှိခဲ့သဖြင့် အလောင်းကိုရဲဆေးစာဖြင့် အနှိုင်းမဲ့ကုသိုလ်အခမဲ့လူမှုကူညီရေးအသင်းက ရင်ခွဲရုံသို့ တင်ပို့ပေးခဲ့ကြသည်။
“ပြစ်မှုကျူးလွန်သူကတော့ သူ့သားအရင်းဖြစ်ပါတယ်။ ဆေးကြောင်ပြီးတော့ ဆေးဖိုးမပေးလို့ ဖခင်ကို တုတ်နဲ့ရိုက်သတ်လိုက်တာပါ။ ဒီတရားခံကဆေးစွဲပြီးအရမ်းဆိုးတဲ့အတွက် သူ့ဇနီးနဲ့သားသမီးတွေကလည်း မပေါင်းတော့ဘဲရှောင်နေတာပေါ့။ မိခင်ကလည်းရှောင်နေတာလို့သိရတယ်။ ဒါပေမဲ့ဖခင်ဖြစ်တဲ့ သေဆုံးသူ ဦးဆန်ဆွယ်ကတော့သနားပြီး သူနဲ့အတူတူနေပေးတာကနေ အခုလိုဖြစ်သွားရတာပါပဲ” ဟုသိန္နီမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက အကုန်သိသတင်းဌာနသို့ ဇူလိုင် ၂၁ ရက်တွင် ပြောသည်။
အမှုနှင့်ပတ်သက်၍  စိုင်းလောဝ်ခမ်း၊ (၄၄)နှစ်ကို သိန္နီမြို့မရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ - ၃၀၂ ဖြင့် အမှုဖွင့်ကာ ရုံးထုတ်ရမန်ရယူထားပြီးဖြစ်ကြောင်းသတင်းရရှိသည်။

- ဒါးဇ ( အကုန်သိ သတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။