Skip to main content
ရပ္/ေက်း အုပ္ခ်ဳပ္ေရးမွဴး၏ အားနည္းခ်က္ကို အသံုးခ်ကာ ရဲမွဴးအမည္ျဖင့္ ဖုန္းေဘလ္မ်ား လိမ္လည္မႈျဖစ္ပြား
Ads Block

ရပ္/ေက်း အုပ္ခ်ဳပ္ေရးမွဴး၏ အားနည္းခ်က္ကို အသံုးခ်ကာ ရဲမွဴးအမည္ျဖင့္ ဖုန္းေဘလ္မ်ား လိမ္လည္မႈျဖစ္ပြား

ရပ္/ေက်းအုပ္ခ်ဳပ္ေရးမွဴးကို အသံုးခ်ကာ ၿမိဳ႕နယ္မွဴး ရဲမွဴး၏ အမည္ျဖင့္ ဖုန္းေဘလ္ ၃၄ သိန္းေက်ာ္ဖိုး လိမ္လည္သြားသည့္ ျဖစ္စဥ္ တစ္ခု တနသၤာရီတုိင္းေဒသႀကီး၊ ေမာေတာင္ၿမိဳ႕နယ္၌ ျဖစ္ပြားေၾကာင္း သိရသည္။

ရပ္/ေက်း အုပ္ခ်ဳပ္ေရးမွဴး၏ အားနည္းခ်က္ကို အသံုးခ်ကာ ရဲမွဴးအမည္ျဖင့္ ဖုန္းေဘလ္မ်ား လိမ္လည္မႈျဖစ္ပြား

 

ရပ္/ေက်း အုပ္ခ်ဳပ္ေရးမွဴး၏ အားနည္းခ်က္ကို အသံုးခ်ကာ ရဲမွဴးအမည္ျဖင့္ ဖုန္းေဘလ္မ်ား လိမ္လည္မႈျဖစ္ပြား


ဇူလိုင္လ ၁၀ ရက္၊ နံ နက္ ၁၀ နာရီခြဲခန္႔တြင္ ရပ္/ေက်း အုပ္ခ်ဳပ္ေရးမွဴး ဦးစိုးႏုိင္၀င္းထံ တနသၤာရီၿမိဳ႕နယ္မွဴး၊ ရဲမွဴး ရဲေခါင္ျမင့္ဟု ေျပာဆုိသူကာ ဖုန္းဆက္လာသူက ေမာေတာင္ၿမိဳ႕ရိွ ဆိုင္ရွင္ ကိုမင္းမင္းေဌး ဖြင့္လွစ္ထားသည့္ Music Hero ဖုန္းအေရာင္းဆိုင္မွ E-Load ျဖင့္ ဖုန္းေဘလ္လႊဲေပးရန္ေျပာဆိုခဲ့ၿပီး က်သင့္ေငြကို တြက္ခ်က္၍ညေနတြင္ ေပးေခ်မည္ျဖစ္ေၾကာင္း အာမခံထားခဲ့ သည္ဟု သိရသည္။
အုပ္ခ်ဳပ္ေရးမွဴးျပန္သြားၿပီး ၅ မိနစ္အၾကာတြင္ တနသၤာရီၿမိဳ႕နယ္မွဴး ရဲမွဴး ရဲေခါင္ျမင့္ျဖစ္ၿပီး အုပ္ခ်ဳပ္ေရးမွဴး ဦးစိုးႏိုင္၀င္း မွာထား သူျဖစ္ေၾကာင္း ဆိုင္သို႔ဖုန္းဆက္ေျပာဆိုသျဖင့္ ၎ေျပာဆိုသည့္အတုိင္း E-Load ျဖင့္ ဖုန္းအလံုး ၆၀ ကို လႊဲေပးခဲ့ရေၾကာင္း ဆုိင္ ရွင္ကိုမင္းမင္းေဌး က ေျပာသည္။
“အုပ္ခ်ဳပ္ေရးမွဴး ဦးစိုးႏုိင္၀င္းက ရဲမွဴးဆီက ဖုန္း၀င္လာရင္ သူေျပာတဲ့ အတိုင္းလုပ္ေပးပါ။ က်သင့္ေငြကိုလည္း စာရင္းလုပ္ ထားေပးပါလို႔ေျပာၿပီး ျပန္သြားတယ္။ သူျပန္သြားၿပီး ၅ မိနစ္အၾကာမွာ ရဲမွဴးရဲေခါင္ျမင့္ပါဆိုၿပီး ဖုန္း၀င္လာတယ္။ ကြ်န္ေတာ္ လည္း အုပ္ခ်ဳပ္ေရးမွဴး မွာထားတဲ့သူျဖစ္တဲ့အတြက္ သူေပးပို႔တဲ့ မက္ေဆ့ထဲက ဖုန္းနံပါတ္ အလံုး ၆၀ ကို ဖုန္းေဘလ္လႊဲ ေပးလိုက္ မိတယ္” ဟု ဆိုင္ရွင္ကိုမင္းမင္းေဌးက ေျပာသည္။
အဆိုပါ ရဲမွဴးဆိုသူက ၎မွာရဲရာထူးတိုး အခမ္းအနားသို႔ ေရာက္ရွိေနၿပီး ရာထူးတိုးရဲေဘာ္မ်ားအတြက္ ဖုန္းေဘလ္ဆုခ်ခ်င္သျဖင့္ ဖုန္းနံပါတ္မ်ားကို မက္ေဆ့ျဖင့္ ပို႔လိုက္မည္ျဖစ္ေၾကာင္း ယင္းဖုန္းနံပါတ္ ၁ လံုးလွ်င္ ဖုန္းေဘလ္ ၅၅,၀၀၀ စီျဖည့္ေပးရန္ႏွင့္ က်သင့္ ေငြကို အခမ္းအနားၿပီးလွ်င္ လာရွင္းမည္ျဖစ္ေၾကာင္း ေျပာဆိုခဲ့ေၾကာင္း သိရသည္။
“အုပ္ခ်ဳပ္ေရးမွဴးနဲ႔ ေပါင္းႀကံတာေတာ့ မဟုတ္ဘူး။ အုပ္ခ်ဳပ္ေရးမွဴးရဲ႕ အားနည္းခ်က္ကို ကိုင္လိုက္တာ။ ခင္မ်ားကို တိုင္ၾကား ထားတဲ့ စာကြ်န္ေတာ့္ဆီေရာက္ေနတယ္။ ဘာညာအရင္ေျပာဆိုၿပီးေတာ့ ဖုန္းေဘလ္ျဖည့္ခ်င္လို႔ ကူညီေပးဦးဆိုၿပီး အယံုသြင္း လိုက္တာေၾကာင့္ အုပ္ခ်ဳပ္ေရးမွဴးကလည္း ၾကားထဲကေန အာမခံေပးလိုက္လို႔ ဆိုင္ရွင္ေတြလည္း အလိမ္ခံလိုက္ရတာေပါ့” ဟု ေမာေတာင္နယ္ေျမ ရဲစခန္းမွ တာ၀န္ရွိသူတစ္ဦးက ရွင္းျပသည္။
အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ စုစုေပါင္း ေငြက်ပ္ ၃၄၀,၂၅၀,၀၀ ဖိုး လိမ္လည္သြားသူကို အေရးယူေပးပါရန္ ဆိုင္ရွင္ ကိုမင္း မင္းေဌးက ဇူလိုင္လ ၁၈ ရက္တြင္ တိုင္ၾကားခဲ့သည့္အတြက္ ရာဇသတ္ႀကီး ပုဒ္မ - ၄၂၀ ျဖင့္ ေမာေတာင္နယ္ေျမ ရဲစခန္း၌ အမႈဖြင့္ကာ ျပစ္မႈက်ဴးလြန္သူကို စံုစမ္းရွာေဖြလ်က္ရိွေၾကာင္း သိရသည္။

- ဒါးဇ ( အကုန္သိသတင္းဌာန )

Unicode Version

 

ရပ်/ကျေးအုပ်ချုပ်ရေးမှူးကို အသုံးချကာ မြို့နယ်မှူး ရဲမှူး၏ အမည်ဖြင့် ဖုန်းဘေလ် ၃၄ သိန်းကျော်ဖိုး လိမ်လည်သွားသည့် ဖြစ်စဉ် တစ်ခု တနင်္သာရီတိုင်းဒေသကြီး၊ မောတောင်မြို့နယ်၌ ဖြစ်ပွားကြောင်း သိရသည်။
ဇူလိုင်လ ၁၀ ရက်၊ နံ နက် ၁၀ နာရီခွဲခန့်တွင် ရပ်/ကျေး အုပ်ချုပ်ရေးမှူး ဦးစိုးနိုင်ဝင်းထံ တနင်္သာရီမြို့နယ်မှူး၊ ရဲမှူး ရဲခေါင်မြင့်ဟု ပြောဆိုသူကာ ဖုန်းဆက်လာသူက မောတောင်မြို့ရှိ ဆိုင်ရှင် ကိုမင်းမင်းဌေး ဖွင့်လှစ်ထားသည့် Music Hero ဖုန်းအရောင်းဆိုင်မှ E-Load ဖြင့် ဖုန်းဘေလ်လွှဲပေးရန်ပြောဆိုခဲ့ပြီး ကျသင့်ငွေကို တွက်ချက်၍ညနေတွင် ပေးချေမည်ဖြစ်ကြောင်း အာမခံထားခဲ့ သည်ဟု သိရသည်။
အုပ်ချုပ်ရေးမှူးပြန်သွားပြီး ၅ မိနစ်အကြာတွင် တနင်္သာရီမြို့နယ်မှူး ရဲမှူး ရဲခေါင်မြင့်ဖြစ်ပြီး အုပ်ချုပ်ရေးမှူး ဦးစိုးနိုင်ဝင်း မှာထား သူဖြစ်ကြောင်း ဆိုင်သို့ဖုန်းဆက်ပြောဆိုသဖြင့် ၎င်းပြောဆိုသည့်အတိုင်း E-Load ဖြင့် ဖုန်းအလုံး ၆၀ ကို လွှဲပေးခဲ့ရကြောင်း ဆိုင် ရှင်ကိုမင်းမင်းဌေး က ပြောသည်။
“အုပ်ချုပ်ရေးမှူး ဦးစိုးနိုင်ဝင်းက ရဲမှူးဆီက ဖုန်းဝင်လာရင် သူပြောတဲ့ အတိုင်းလုပ်ပေးပါ။ ကျသင့်ငွေကိုလည်း စာရင်းလုပ် ထားပေးပါလို့ပြောပြီး ပြန်သွားတယ်။ သူပြန်သွားပြီး ၅ မိနစ်အကြာမှာ ရဲမှူးရဲခေါင်မြင့်ပါဆိုပြီး ဖုန်းဝင်လာတယ်။ ကျွန်တော် လည်း အုပ်ချုပ်ရေးမှူး မှာထားတဲ့သူဖြစ်တဲ့အတွက် သူပေးပို့တဲ့ မက်ဆေ့ထဲက ဖုန်းနံပါတ် အလုံး ၆၀ ကို ဖုန်းဘေလ်လွှဲ ပေးလိုက် မိတယ်” ဟု ဆိုင်ရှင်ကိုမင်းမင်းဌေးက ပြောသည်။
အဆိုပါ ရဲမှူးဆိုသူက ၎င်းမှာရဲရာထူးတိုး အခမ်းအနားသို့ ရောက်ရှိနေပြီး ရာထူးတိုးရဲဘော်များအတွက် ဖုန်းဘေလ်ဆုချချင်သဖြင့် ဖုန်းနံပါတ်များကို မက်ဆေ့ဖြင့် ပို့လိုက်မည်ဖြစ်ကြောင်း ယင်းဖုန်းနံပါတ် ၁ လုံးလျှင် ဖုန်းဘေလ် ၅၅,၀၀၀ စီဖြည့်ပေးရန်နှင့် ကျသင့် ငွေကို အခမ်းအနားပြီးလျှင် လာရှင်းမည်ဖြစ်ကြောင်း ပြောဆိုခဲ့ကြောင်း သိရသည်။
“အုပ်ချုပ်ရေးမှူးနဲ့ ပေါင်းကြံတာတော့ မဟုတ်ဘူး။ အုပ်ချုပ်ရေးမှူးရဲ့ အားနည်းချက်ကို ကိုင်လိုက်တာ။ ခင်များကို တိုင်ကြား ထားတဲ့ စာကျွန်တော့်ဆီရောက်နေတယ်။ ဘာညာအရင်ပြောဆိုပြီးတော့ ဖုန်းဘေလ်ဖြည့်ချင်လို့ ကူညီပေးဦးဆိုပြီး အယုံသွင်း လိုက်တာကြောင့် အုပ်ချုပ်ရေးမှူးကလည်း ကြားထဲကနေ အာမခံပေးလိုက်လို့ ဆိုင်ရှင်တွေလည်း အလိမ်ခံလိုက်ရတာပေါ့” ဟု မောတောင်နယ်မြေ ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ စုစုပေါင်း ငွေကျပ် ၃၄၀,၂၅၀,၀၀ ဖိုး လိမ်လည်သွားသူကို အရေးယူပေးပါရန် ဆိုင်ရှင် ကိုမင်း မင်းဌေးက ဇူလိုင်လ ၁၈ ရက်တွင် တိုင်ကြားခဲ့သည့်အတွက် ရာဇသတ်ကြီး ပုဒ်မ - ၄၂၀ ဖြင့် မောတောင်နယ်မြေ ရဲစခန်း၌ အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူကို စုံစမ်းရှာဖွေလျက်ရှိကြောင်း သိရသည်။

- ဒါးဇ ( အကုန်သိသတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။