Skip to main content
ေတာင္ကုိရီးယားၿမိဳ႕ေတာ္ ဂ်ပန္သံ႐ုံးေရွ႕တြင္ အဘုိးအုိတစ္ဦး မီး႐ွဳိ႕ေသေၾကာင္းၾကံစည္
Ads Block

ေတာင္ကုိရီးယားၿမိဳ႕ေတာ္ ဂ်ပန္သံ႐ုံးေရွ႕တြင္ အဘုိးအုိတစ္ဦး မီး႐ွဳိ႕ေသေၾကာင္းၾကံစည္

ေတာင္ကုိရီးယားတြင္ အသက္ ၇၀ ေက်ာ္ အမ်ိဳးသားတစ္ဦးဟာ ဇူလုိင္ ၁၉ ရက္ ေသာၾကာေန႔မနက္ ဂ်ပန္သံ႐ုံးေရွ႕မွာ ကုိယ္ကုိယ္ကုိယ္ မီး႐ွဳိ႕ေသေၾကာင္းၾကံခဲ့တယ္လုိ႔ သတင္းရရွိပါတယ္။

ေတာင္ကုိရီးယားၿမိဳ႕ေတာ္ ဂ်ပန္သံ႐ုံးေရွ႕တြင္ အဘုိးအုိတစ္ဦး မီး႐ွဳိ႕ေသေၾကာင္းၾကံစည္

အဆုိပါ ျဖစ္ရပ္ဟာ ေသာၾကာေန႔မနက္ ၃ နာရီခြဲခန္႔မွာ ျဖစ္ပြားခဲ့ၿပီး ေသေၾကာင္းၾကံစည္တဲ့ အမ်ိဳးသားကေတာ့ ရင္ဘတ္၊ လက္နဲ႔ မ်က္ႏွာတုိ႔မွာ ဒုတိယအဆင့္ မီးေလာင္ဒဏ္ရာမ်ားျဖင့္ ေဆး႐ုံသုိ႔ ေရာက္သြားခဲ့ရၿပီး နာရီအနည္းငယ္အၾကာမွာဘဲ ေသဆုံးသြားခဲ့တယ္လုိ႔ သိရပါတယ္။

ေသဆုံးသူဟာ အမ်ိဳးသားတစ္ဦးဟု ယူဆရၿပီး ၄င္းရဲ႕ကားထဲမွာ ဓာတ္ဆီနဲ႔ဗ်ဴတိန္း လီတာ ၂၀ ခန္႔ကုိ မီး႐ွိဳ႕ခဲ့တယ္လုိ႔ ဆုိးလ္ၿမိဳ႕ ေဂ်ာင္ႏုိ မီးသတ္ဌာနရဲ႕ ထုတ္ျပန္ခ်က္အရ သိရပါတယ္။

၄င္းျဖစ္ရပ္အတြက္ အေၾကာင္းအရင္းကုိ မေဖာ္ထုတ္ႏုိင္ေသးဘူးလုိ႔ သိရပါတယ္။

လက္ရွိမွာေတာ့ နည္းပညာျမင့္ကုန္စည္ဆုိင္ရာ ကုန္သြယ္မႈမွာ သေဘာထားကြဲလြဲေနတဲ့အျပင္ ဒုတိယကမာၻစစ္တြင္း ဂ်ပန္တုိ႔ က်ဴးလြန္ခဲ့တာေတြအေပၚ ေတာင္ကုိရီးယားတုိ႔က မေက်ခ်မ္းႏုိင္ ျဖစ္ေနေသးတဲ့အတြက္ ႏွစ္ႏုိင္ငံၾကား တင္းမာမႈဟာ ျမင့္တက္ေနပါတယ္။

- ZHO ( အကုန္သိ သတင္းဌာန ) | ( Ref : CNN )

Unicode Version

 

တောင်ကိုရီးယားတွင် အသက် ၇၀ ကျော် အမျိုးသားတစ်ဦးဟာ ဇူလိုင် ၁၉ ရက် သောကြာနေ့မနက် ဂျပန်သံရုံးရှေ့မှာ ကိုယ်ကိုယ်ကိုယ် မီးရှို့သေကြောင်းကြံခဲ့တယ်လို့ သတင်းရရှိပါတယ်။

အဆိုပါ ဖြစ်ရပ်ဟာ သောကြာနေ့မနက် ၃ နာရီခွဲခန့်မှာ ဖြစ်ပွားခဲ့ပြီး သေကြောင်းကြံစည်တဲ့ အမျိုးသားကတော့ ရင်ဘတ်၊ လက်နဲ့ မျက်နှာတို့မှာ ဒုတိယအဆင့် မီးလောင်ဒဏ်ရာများဖြင့် ဆေးရုံသို့ ရောက်သွားခဲ့ရပြီး နာရီအနည်းငယ်အကြာမှာဘဲ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသူဟာ အမျိုးသားတစ်ဦးဟု ယူဆရပြီး ၎င်းရဲ့ကားထဲမှာ ဓာတ်ဆီနဲ့ဗျူတိန်း လီတာ ၂၀ ခန့်ကို မီးရှို့ခဲ့တယ်လို့ ဆိုးလ်မြို့ ဂျောင်နို မီးသတ်ဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

၎င်းဖြစ်ရပ်အတွက် အကြောင်းအရင်းကို မဖော်ထုတ်နိုင်သေးဘူးလို့ သိရပါတယ်။

လက်ရှိမှာတော့ နည်းပညာမြင့်ကုန်စည်ဆိုင်ရာ ကုန်သွယ်မှုမှာ သဘောထားကွဲလွဲနေတဲ့အပြင် ဒုတိယကမ္ဘာစစ်တွင်း ဂျပန်တို့ ကျူးလွန်ခဲ့တာတွေအပေါ် တောင်ကိုရီးယားတို့က မကျေချမ်းနိုင် ဖြစ်နေသေးတဲ့အတွက် နှစ်နိုင်ငံကြား တင်းမာမှုဟာ မြင့်တက်နေပါတယ်။

- ZHO ( အကုန်သိ သတင်းဌာန ) | ( Ref : CNN )

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။