Skip to main content
ဟော်မုဇ်ရေလက်ကြားတွင် အီရန် မောင်းသူမဲ့လေယာဉ်တစ်စင်းကို ပစ်ချနိုင်ခဲ့ဟု အမေရိကန် ပြော
Ads Block

ဟော်မုဇ်ရေလက်ကြားတွင် အီရန် မောင်းသူမဲ့လေယာဉ်တစ်စင်းကို ပစ်ချနိုင်ခဲ့ဟု အမေရိကန် ပြော


အဆိုပါ မောင်းသူမဲ့လေယာဉ်နဲ့ စပ်လျဉ်းပြီး သမ္မတ ထရမ့်က အိမ်ဖြူတော်မှာ ၄င်းဖြစ်ရပ်အကြောင်း ပြောကြားခဲ့ပါတယ်။ USS Boxer အမည်ရှိ စစ်သင်္ဘောဟာ ၄င်းရဲ့အနီး မီတာ ၁,၀၀၀ အတွင်းသို့ ချဉ်းကပ်လာတဲ့ အီရန် မောင်းသူမဲ့လေယာဉ်ကို ရပ်တန့်ရန် သတိပေးခဲ့ပေမဲ့ တစ်ဖက်မှ တုံ့ပြန်ခြင်းမရှိတာကြောင့် ပစ်ချလိုက်တယ်လို့ ထရမ့်ရဲ့ပြောကြားချက်အရ သိရပါတယ်။

ပင်တဂွန် စစ်ဌာနချုပ်ရဲ့ ထုတ်ပြန်ချက်မှာလည်း ကုန်းနဲ့ရေ နှစ်တန်သုံး ချေမှုန်းရေးသင်္ဘော USS Boxer ဟာ ဟော်မုဇ်ရေလက်ကြားထဲသို့ ဝင်ခဲ့စဉ် ကြာသာပတေးနေ့ မနက်တုန်းက ၄င်းကိုယ်၎င်း ခုခံကာကွယ်တဲ့အနေဖြင့် မောင်းသူမဲ့လေယာဉ်တစ်စင်းကို ပစ်ချဖျက်ဆီးလိုက်တယ်လို့ ဖော်ပြထားပါတယ်။

ဒါပေမဲ့ အီရန်ဘက်မှ နိုင်ငံခြားရေးဝန်ကြီးကတော့ ၄င်းတို့အနေဖြင့် မောင်းသူမဲ့လေယာဉ်တစ်စင်း ပစ်ချခံလိုက်ရကြောင်း သတင်းမရသေးဘူးလို့ ငြင်းဆိုပြောကြားခဲ့ပါတယ်။


ဇွန်လမှာတော့ အမေရိကန် စစ်ဘက်သုံး ထောက်လှမ်းရေး မောင်းသူမဲ့လေယာဉ်တစ်စင်းကို အီရန်က ၄င်းရဲ့လေပိုင်နက်အစပ်မှာ ပစ်ချခဲ့ခြင်းအပေါ် လက်တုံ့ပြန်တဲ့အနေဖြင့် လေကြောင်းမှတိုက်ခိုက်ရန် ထရမ့်က အမိန့်ပေးခဲ့ရာ ပစ်ခါနီး မိနစ်ပိုင်းအလိုမှ အမိန့်ပြန်ရုတ်သိမ်းခဲ့ပါတယ်။


Unicode Version

 

ဟော်မုဇ်ရေလက်ကြားမှာ အမေရိကန် စစ်သင်္ဘောတစ်စီးအား လာရောက်နှောင့်ယှက်နေတဲ့ အီရန်ပိုင် မောင်းသူမဲ့လေယာဉ်တစ်စင်းကို ပစ်ချဖျက်ဆီးနိုင်ခဲ့တယ်လို့ အမေရိကန်ဘက်က ဇူလိုင် ၁၈ ရက်မှာ ထုတ်ပြန်ပြောကြားလိုက်ပါတယ်။

အဆိုပါ မောင်းသူမဲ့လေယာဉ်နဲ့ စပ်လျဉ်းပြီး သမ္မတ ထရမ့်က အိမ်ဖြူတော်မှာ ၎င်းဖြစ်ရပ်အကြောင်း ပြောကြားခဲ့ပါတယ်။ USS Boxer အမည်ရှိ စစ်သင်္ဘောဟာ ၎င်းရဲ့အနီး မီတာ ၁,၀၀၀ အတွင်းသို့ ချဉ်းကပ်လာတဲ့ အီရန် မောင်းသူမဲ့လေယာဉ်ကို ရပ်တန့်ရန် သတိပေးခဲ့ပေမဲ့ တစ်ဖက်မှ တုံ့ပြန်ခြင်းမရှိတာကြောင့် ပစ်ချလိုက်တယ်လို့ ထရမ့်ရဲ့ပြောကြားချက်အရ သိရပါတယ်။

ပင်တဂွန် စစ်ဌာနချုပ်ရဲ့ ထုတ်ပြန်ချက်မှာလည်း ကုန်းနဲ့ရေ နှစ်တန်သုံး ချေမှုန်းရေးသင်္ဘော USS Boxer ဟာ ဟော်မုဇ်ရေလက်ကြားထဲသို့ ဝင်ခဲ့စဉ် ကြာသာပတေးနေ့ မနက်တုန်းက ၎င်းကိုယ်၎င်း ခုခံကာကွယ်တဲ့အနေဖြင့် မောင်းသူမဲ့လေယာဉ်တစ်စင်းကို ပစ်ချဖျက်ဆီးလိုက်တယ်လို့ ဖော်ပြထားပါတယ်။

ဒါပေမဲ့ အီရန်ဘက်မှ နိုင်ငံခြားရေးဝန်ကြီးကတော့ ၎င်းတို့အနေဖြင့် မောင်းသူမဲ့လေယာဉ်တစ်စင်း ပစ်ချခံလိုက်ရကြောင်း သတင်းမရသေးဘူးလို့ ငြင်းဆိုပြောကြားခဲ့ပါတယ်။

ဟော်မုဇ်ရေလက်ကြားမှာ ဖြတ်သန်းသွားလာနေတဲ့ ရေနံတင်သင်္ဘောတွေ မေလကစပြီး တိုက်ခိုက်ခံခဲ့ရမှုမှာ အမေရိကန်နဲ့အပေါင်းအပါတွေက အီရန်ရဲ့လက်ချက်လို့ စွပ်စွဲခဲ့တဲ့နောက် ပင်လယ်ကွေ့ဒေသတွင်း အီရန်-အမေရိကန်ကြား တင်းမာမှုဟာ စစ်ရိပ်စစ်ငွေ့သန်းတဲ့အဆင့်ထိ ရောက်လာခဲ့ပါတယ်။

ဇွန်လမှာတော့ အမေရိကန် စစ်ဘက်သုံး ထောက်လှမ်းရေး မောင်းသူမဲ့လေယာဉ်တစ်စင်းကို အီရန်က ၎င်းရဲ့လေပိုင်နက်အစပ်မှာ ပစ်ချခဲ့ခြင်းအပေါ် လက်တုံ့ပြန်တဲ့အနေဖြင့် လေကြောင်းမှတိုက်ခိုက်ရန် ထရမ့်က အမိန့်ပေးခဲ့ရာ ပစ်ခါနီး မိနစ်ပိုင်းအလိုမှ အမိန့်ပြန်ရုတ်သိမ်းခဲ့ပါတယ်။

- ZHO ( အကုန်သိ သတင်းဌာန ) | ( Ref : Reuters )

အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။