Skip to main content
ျမန္မာႏုိင္ငံမွာေနတဲ့ႏုိင္ငံျခားသားကိုသာ ခ်စ္သူအျဖစ္ေရြးခ်ယ္ေတာ့မယ့္ သင္ဇာ၀င့္ေက်ာ္
Ads Block

ျမန္မာႏုိင္ငံမွာေနတဲ့ႏုိင္ငံျခားသားကိုသာ ခ်စ္သူအျဖစ္ေရြးခ်ယ္ေတာ့မယ့္ သင္ဇာ၀င့္ေက်ာ္

လက္ရွိမွာေတာ့ တစ္ေယာက္တည္း ေနျဖစ္ေနေပမယ့္ခ်စ္သူထပ္ထားရင္ေတာ့ ျမန္မာႏုိင္ငံမွာေနတဲ့ႏုိင္ငံျခားသားကိုသာထားျဖစ္ေတာ့မယ္လို႕ သရုပ္ေဆာင္သင္ဇာ၀င့္ေက်ာ္ကသူမရဲ႕အခ်စ္ေရးနဲ႔ ပတ္သက္ၿပီးေျပာျပလာပါတယ္။
ႏုိင္ငံျခားသားကို ခ်စ္သူထားတာက ရစ္တာေတြ မရိွဘဲ လြတ္လြတ္လပ္လပ္ေနလို႔ရတဲ့အတြက္ သူမအတြက္အဆင္ေျပေစတဲ့ ႏုိင္ငံျခားသား ခ်စ္သူကိုသာေရြးခ်ယ္ထားျဖစ္မယ့္အေၾကာင္းကို သင္ဇာ၀င့္ေက်ာ္ကေျပာျပခဲ့ပါတယ္။
 “ႏိုင္ငံျခားသားေကာင္ေလးေတြက သိပ္ရစ္တာ မရိွဘူး။ ျမန္မာေကာင္ေလးေတြက အရမ္းရစ္တယ္။ ဟိုနားသြားလည္း သြားျပန္ၿပီ။ ဟိုၾကည့္လည္း  ဘယ္ကိုေလွ်ာက္ၾကည့္ေနတာလဲ။ ႏုိင္ငံျခားသားေတြက်ေတာ့ အဲလိုမ်ိဳးမဟုတ္ဘူး။ သူတို႔လည္း ၾကည့္စရာရိွတာ ၾကည့္တယ္။ ကိုယ္လည္း ၾကည့္စရာရိွတာ ၾကည့္တယ္။ ကိုယ္လည္း ျပႆနာမရွာဘူး။ သူတို႔လည္း ျပႆနာမရွာဘူး။ အဲဒီလိုမ်ိဳးေတြ ရစ္တာကြာတာ။ ေနာက္ထပ္ ခ်စ္သူထားျဖစ္မယ္ဆိုရင္လည္း ျမန္မာႏုိင္ငံမွာ ေနတဲ့ ႏုိင္ငံျခားသားပဲ ထားျဖစ္မယ္ထင္တယ္။ ဘာျဖစ္လုိ႔လဲဆိုေတာ့ အရင္ခ်စ္သူတုန္းက သူကိုေမးတယ္။ ဒီမွာအေျခခ်ႏုိင္မလားဆိုေတာ့ သူက ရန္ကုန္မွာ မေနႏိုင္ဘူးတဲ့။ သူဆီလုိ္က္သြားဖို႔ဆိုတာကလည္း သင္ဇာအတြက္ အဆင္မေျပဘူး။ အလုပ္ေတြအားလံုးက ဒီမွာေလ။ သင္ဇာအေနနဲ႕ကလည္း ဒီအလုပ္တစ္ခုပဲ လုပ္တတ္တယ္။ သူဆီမွာ သြားေနရင္လည္း သင္ဇာအတြက္က ဘာမွ အဓိပၸါယ္မရိွေတာ့ အခုလိုျဖစ္သြားတာေပါ့။” လို႔ သင္ဇာဝင့္ေက်ာ္က ေျပာပါတယ္။
သရုပ္ေဆာင္တစ္ေယာက္အျဖစ္ရပ္တည္ရတာထက္ ပြဲတက္ေတြက ၀င္ေငြပိုရလို႕ ယခုေနာက္ပိုင္းပြဲေတြကိုသာပိုမိုတက္ျဖစ္သလို ဇာတ္ကားတိုင္းကိုလက္ခံၿပီးမရုိက္ျဖစ္ေတာ့ဘူးလို႕သင္ဇာ၀င့္ေက်ာ္က ဆက္လက္ေျပာျပခဲ့ပါတယ္။
လာမယ့္ ၾသဂုတ္လမွာေတာ့ သင္ဇာဝင့္ေက်ာ္ရဲ႕ Crush ဆိုတဲ့ ရုပ္ရွင္ဇာတ္ကားႀကီး ရံုတင္ျပသသြားမွာ ျဖစ္ၿပီးေတာ့ ဒီဇာတ္ကားထဲမွာ သူမက အိေခ်ာပို၊ ေမျမင့္မိုရ္တို႕ႏွင့္အတူ ပါဝင္သရုပ္ေဆာင္ထားတယ္လို႕သိရပါတယ္။
 

- မ်ိဳးေကခိုင္ ( အကုန္သိ သတင္းဌာန )

Unicode Version

 

လက်ရှိမှာတော့ တစ်ယောက်တည်း နေဖြစ်နေပေမယ့်ချစ်သူထပ်ထားရင်တော့ မြန်မာနိုင်ငံမှာနေတဲ့နိုင်ငံခြားသားကိုသာထားဖြစ်တော့မယ်လို့ သရုပ်ဆောင်သင်ဇာဝင့်ကျော်ကသူမရဲ့အချစ်ရေးနဲ့ ပတ်သက်ပြီးပြောပြလာပါတယ်။
နိုင်ငံခြားသားကို ချစ်သူထားတာက ရစ်တာတွေ မရှိဘဲ လွတ်လွတ်လပ်လပ်နေလို့ရတဲ့အတွက် သူမအတွက်အဆင်ပြေစေတဲ့ နိုင်ငံခြားသား ချစ်သူကိုသာရွေးချယ်ထားဖြစ်မယ့်အကြောင်းကို သင်ဇာဝင့်ကျော်ကပြောပြခဲ့ပါတယ်။
 “နိုင်ငံခြားသားကောင်လေးတွေက သိပ်ရစ်တာ မရှိဘူး။ မြန်မာကောင်လေးတွေက အရမ်းရစ်တယ်။ ဟိုနားသွားလည်း သွားပြန်ပြီ။ ဟိုကြည့်လည်း  ဘယ်ကိုလျှောက်ကြည့်နေတာလဲ။ နိုင်ငံခြားသားတွေကျတော့ အဲလိုမျိုးမဟုတ်ဘူး။ သူတို့လည်း ကြည့်စရာရှိတာ ကြည့်တယ်။ ကိုယ်လည်း ကြည့်စရာရှိတာ ကြည့်တယ်။ ကိုယ်လည်း ပြဿနာမရှာဘူး။ သူတို့လည်း ပြဿနာမရှာဘူး။ အဲဒီလိုမျိုးတွေ ရစ်တာကွာတာ။ နောက်ထပ် ချစ်သူထားဖြစ်မယ်ဆိုရင်လည်း မြန်မာနိုင်ငံမှာ နေတဲ့ နိုင်ငံခြားသားပဲ ထားဖြစ်မယ်ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အရင်ချစ်သူတုန်းက သူကိုမေးတယ်။ ဒီမှာအခြေချနိုင်မလားဆိုတော့ သူက ရန်ကုန်မှာ မနေနိုင်ဘူးတဲ့။ သူဆီလိုက်သွားဖို့ဆိုတာကလည်း သင်ဇာအတွက် အဆင်မပြေဘူး။ အလုပ်တွေအားလုံးက ဒီမှာလေ။ သင်ဇာအနေနဲ့ကလည်း ဒီအလုပ်တစ်ခုပဲ လုပ်တတ်တယ်။ သူဆီမှာ သွားနေရင်လည်း သင်ဇာအတွက်က ဘာမှ အဓိပ္ပါယ်မရှိတော့ အခုလိုဖြစ်သွားတာပေါ့။” လို့ သင်ဇာဝင့်ကျော်က ပြောပါတယ်။
သရုပ်ဆောင်တစ်ယောက်အဖြစ်ရပ်တည်ရတာထက် ပွဲတက်တွေက ဝင်ငွေပိုရလို့ ယခုနောက်ပိုင်းပွဲတွေကိုသာပိုမိုတက်ဖြစ်သလို ဇာတ်ကားတိုင်းကိုလက်ခံပြီးမရိုက်ဖြစ်တော့ဘူးလို့သင်ဇာဝင့်ကျော်က ဆက်လက်ပြောပြခဲ့ပါတယ်။
လာမယ့် သြဂုတ်လမှာတော့ သင်ဇာဝင့်ကျော်ရဲ့ Crush ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီး ရုံတင်ပြသသွားမှာ ဖြစ်ပြီးတော့ ဒီဇာတ်ကားထဲမှာ သူမက အိချောပို၊ မေမြင့်မိုရ်တို့နှင့်အတူ ပါဝင်သရုပ်ဆောင်ထားတယ်လို့သိရပါတယ်။

- မျိုးကေခိုင် ( အကုန်သိ သတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။