Skip to main content
ဗုိလ္ခ်ဳပ္ရုပ္ရွင္ ၿပီးစီးပါက ထြက္ေပၚလာမည့္ ေ၀ဖန္မႈမ်ားအားလုံးကို တာ၀န္ခံမည္ဟု ဒါရိုက္တာ လူမင္းေျပာ
Ads Block

ဗုိလ္ခ်ဳပ္ရုပ္ရွင္ ၿပီးစီးပါက ထြက္ေပၚလာမည့္ ေ၀ဖန္မႈမ်ားအားလုံးကို တာ၀န္ခံမည္ဟု ဒါရိုက္တာ လူမင္းေျပာ

ဗုိလ္ခ်ဳပ္ရုပ္ရွင္ ၿပီးစီးပါက ထြက္ေပၚလာသည့္ အေကာင္းအဆုိး ေ၀ဖန္မႈ အားလုံးကုိ တာ၀န္ခံမည္ဟု ဒါရုိက္တာ လူမင္းက ေျပာ သည္။

ဗုိလ္ခ်ဳပ္ရုပ္ရွင္ ၿပီးစီးပါက ထြက္ေပၚလာမည့္ ေ၀ဖန္မႈမ်ားအားလုံးကို တာ၀န္ခံမည္ဟု ဒါရိုက္တာ လူမင္းေျပာ


ဇူလုိင္ ၁၈ ရက္ ရန္ကုန္ၿမဳိ႕ ကေမၻာဇရိပ္သာတြင္ က်င္းပသည့္ ဗုိလ္ခ်ဳပ္ရုပ္ရွင္အစည္း အေ၀းအၿပီးတြင္ ဒါရိုက္တာ လူမင္းက ေျပာၾကားခဲ့ျခင္း ျဖစ္သည္။
“ အေကာင္းအဆုိး ေ၀ဖန္မႈေတြကုိေတာ့ ကြ်န္ေတာ္က ဒါရုိက္တာျဖစ္တဲ့အတြက္ေၾကာင့္ တာ၀န္ခံမႈကေတာ့  အႀကီးဆုံးလုိ႔ ေျပာ လုိ႔ရပါတယ္။ ရုိက္ကြင္းမွာဆုိရင္ သြားရုိက္မယ့္ ေနရာေတြက နတ္ေမာက္တုိ႔ ေရနံေခ်ာင္းတုိ႔ ပါပါမယ္။ အမ်ားစု ရုိက္ကြင္း က ရန္ကုန္မွာ ရွိပါတယ္။ ေနာက္စစ္ခ်ီတက္တဲ့ ေနရာတုိ႔ ဘာတုိ႔ ဒါေတြကေတာ့ ေနရာစုံေအာင္ ရုိက္ရမွာပါ။ ဗုိလ္ခ်ဳပ္ရုပ္ရွင္ကုိ ရုိက္ တာမွာ စုိးရိမ္မႈကေတာ့ ရွိပါတယ္။ ဘာလုိ႔လဲဆုိေတာ့ ဗုိလ္ခ်ဳပ္ေအာင္ဆန္းအေၾကာင္းကုိ ရုပ္ရွင္ရုိက္ရတာ အင္မတန္ခက္ ပါ တယ္။ ျပင္ဆင္ရတဲ့အပုိင္းေတြ၊ လြန္ခဲ့တဲ့ ႏွစ္ေပါင္းမ်ားစြာက အေၾကာင္းေတြ ျဖစ္ရပ္မွန္ေတြကုိ ရုိက္ရတာျဖစ္တဲ့အတြက္ ဖိစီးမႈ ေတြေတာ္ေတာ္မ်ားပါတယ္” ဟု ဒါရိုက္တာ လူမင္းက ေျပာသည္။
၁၁ ႀကိမ္ေျမာက္ ဗုိလ္ခ်ဳပ္ရုပ္ရွင္ အစည္းအေ၀းအား ရန္ကုန္ၿမဳိ႕ အႏုပညာအထက္တန္းေက်ာင္းရွိ ကေမၻာဇရိပ္သာတြင္ က်င္းပ ခဲ့ၿပီး သာသနာေရးႏွင့္ ယဥ္ေက်းမႈဌာနမွ ဒု၀န္ႀကီး ဦးၾကည္မင္း၊ ကာကြယ္ေရး ၀န္ႀကီးဌာနႏွင့္ အႏုပညာရွင္၊ အတတ္ပညာရွင္ မ်ား တက္ေရာက္ခဲ့သည္။
အဆုိပါ အစည္းအေ၀းတြင္ ဗုိလ္ခ်ဳပ္ရုပ္ရွင္အား ၂၀၁၉ ခုနွစ္ စက္တင္ဘာလကုန္တြင္ စတင္ရုိက္ကူးရန္ ဆုံးျဖတ္ခဲ့သည္။
၄င္းဗုိလ္ခ်ဳပ္ရုပ္ရွင္တြင္ အဓိကဇာတ္ေဆာင္ ဗုိလ္ခ်ဳပ္ေအာင္ဆန္းေနရာတြင္ သရုပ္ေဆာင္မည့္သူမွာ ေက်ာ္ေက်ာ္မ်ိဳးျဖစ္ၿပီး ေဒၚ ခင္ၾကည္ေနရာတြင္ သရုပ္ေဆာင္သူမည့္သူမွာ မဇာျခည္လင္း ျဖစ္သည္။
“ဗုိလ္ခ်ဳပ္ရုပ္ရွင္က စိန္ေခၚမႈေတြအမ်ားႀကီး ရွိေနပါတယ္။ ေ၀ဖန္မႈေတြအမ်ားႀကီးကလည္းေစာင့္ႀကဳိေနတယ္ဆုိတာသိပါတယ္။ အဲဒီလုိသိတဲ့အတြက္ စုိးရိမ္မႈကေတာ့ ရွိတယ္။ သုိ႔ေသာ္ အာဇာနည္ေန႔မွာ ပန္းခ်ီေတြ ၊ ကဗ်ာေတြ အသီးသီးေဖာ္ ေဆာင္ၾက တာဆုိေတာ့ ကုိယ္တုိ႔ ရုပ္ရွင္မွာလည္း ဗုိလ္ခ်ဳပ္ အတြက္ ရုပ္ရွင္တစ္ကားေတာ့ရုိက္သင့္တယ္လုိ႔ယူဆတယ္” ဟု ဒါရိုက္တာ လူမင္းက ေျပာသည္။
ဗုိလ္ခ်ဳပ္ရုပ္ရွင္အား မူလတြင္ ဒါရုိက္တာ မင္းထင္ကုိကုိႀကီးျဖင့္ ရုိက္ကူးရန္ စီစဥ္ထားေသာ္လည္း ဒါရိုက္တာ လူမင္းကို ေျပာင္း လဲရုိက္ကူးရန္ တာ၀န္ေပးခဲ့ျခင္းျဖစ္သည္။

- မင္းသီဟန္ ( အကုန္သိ သတင္းဌာန )

Unicode Version

 

ဗိုလ်ချုပ်ရုပ်ရှင် ပြီးစီးပါက ထွက်ပေါ်လာသည့် အကောင်းအဆိုး ဝေဖန်မှု အားလုံးကို တာဝန်ခံမည်ဟု ဒါရိုက်တာ လူမင်းက ပြော သည်။
ဇူလိုင် ၁၈ ရက် ရန်ကုန်မြို့ ကမ္ဘောဇရိပ်သာတွင် ကျင်းပသည့် ဗိုလ်ချုပ်ရုပ်ရှင်အစည်း အဝေးအပြီးတွင် ဒါရိုက်တာ လူမင်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။
“ အကောင်းအဆိုး ဝေဖန်မှုတွေကိုတော့ ကျွန်တော်က ဒါရိုက်တာဖြစ်တဲ့အတွက်ကြောင့် တာဝန်ခံမှုကတော့  အကြီးဆုံးလို့ ပြော လို့ရပါတယ်။ ရိုက်ကွင်းမှာဆိုရင် သွားရိုက်မယ့် နေရာတွေက နတ်မောက်တို့ ရေနံချောင်းတို့ ပါပါမယ်။ အများစု ရိုက်ကွင်း က ရန်ကုန်မှာ ရှိပါတယ်။ နောက်စစ်ချီတက်တဲ့ နေရာတို့ ဘာတို့ ဒါတွေကတော့ နေရာစုံအောင် ရိုက်ရမှာပါ။ ဗိုလ်ချုပ်ရုပ်ရှင်ကို ရိုက် တာမှာ စိုးရိမ်မှုကတော့ ရှိပါတယ်။ ဘာလို့လဲဆိုတော့ ဗိုလ်ချုပ်အောင်ဆန်းအကြောင်းကို ရုပ်ရှင်ရိုက်ရတာ အင်မတန်ခက် ပါ တယ်။ ပြင်ဆင်ရတဲ့အပိုင်းတွေ၊ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက အကြောင်းတွေ ဖြစ်ရပ်မှန်တွေကို ရိုက်ရတာဖြစ်တဲ့အတွက် ဖိစီးမှု တွေတော်တော်များပါတယ်” ဟု ဒါရိုက်တာ လူမင်းက ပြောသည်။
၁၁ ကြိမ်မြောက် ဗိုလ်ချုပ်ရုပ်ရှင် အစည်းအဝေးအား ရန်ကုန်မြို့ အနုပညာအထက်တန်းကျောင်းရှိ ကမ္ဘောဇရိပ်သာတွင် ကျင်းပ ခဲ့ပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဌာနမှ ဒုဝန်ကြီး ဦးကြည်မင်း၊ ကာကွယ်ရေး ဝန်ကြီးဌာနနှင့် အနုပညာရှင်၊ အတတ်ပညာရှင် များ တက်ရောက်ခဲ့သည်။
အဆိုပါ အစည်းအဝေးတွင် ဗိုလ်ချုပ်ရုပ်ရှင်အား ၂၀၁၉ ခုနှစ် စက်တင်ဘာလကုန်တွင် စတင်ရိုက်ကူးရန် ဆုံးဖြတ်ခဲ့သည်။
၎င်းဗိုလ်ချုပ်ရုပ်ရှင်တွင် အဓိကဇာတ်ဆောင် ဗိုလ်ချုပ်အောင်ဆန်းနေရာတွင် သရုပ်ဆောင်မည့်သူမှာ ကျော်ကျော်မျိုးဖြစ်ပြီး ဒေါ် ခင်ကြည်နေရာတွင် သရုပ်ဆောင်သူမည့်သူမှာ မဇာခြည်လင်း ဖြစ်သည်။
“ဗိုလ်ချုပ်ရုပ်ရှင်က စိန်ခေါ်မှုတွေအများကြီး ရှိနေပါတယ်။ ဝေဖန်မှုတွေအများကြီးကလည်းစောင့်ကြိုနေတယ်ဆိုတာသိပါတယ်။ အဲဒီလိုသိတဲ့အတွက် စိုးရိမ်မှုကတော့ ရှိတယ်။ သို့သော် အာဇာနည်နေ့မှာ ပန်းချီတွေ ၊ ကဗျာတွေ အသီးသီးဖော် ဆောင်ကြ တာဆိုတော့ ကိုယ်တို့ ရုပ်ရှင်မှာလည်း ဗိုလ်ချုပ် အတွက် ရုပ်ရှင်တစ်ကားတော့ရိုက်သင့်တယ်လို့ယူဆတယ်” ဟု ဒါရိုက်တာ လူမင်းက ပြောသည်။
ဗိုလ်ချုပ်ရုပ်ရှင်အား မူလတွင် ဒါရိုက်တာ မင်းထင်ကိုကိုကြီးဖြင့် ရိုက်ကူးရန် စီစဉ်ထားသော်လည်း ဒါရိုက်တာ လူမင်းကို ပြောင်း လဲရိုက်ကူးရန် တာဝန်ပေးခဲ့ခြင်းဖြစ်သည်။

- မင်းသီဟန် ( အကုန်သိ သတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။