Skip to main content
ဗိုလ်ချုပ်အောင်ဆန်းသည် အသက်ခန္ဓာအရ လုပ်ကြံခံရရုံသာမက နိုင်ငံရေးအရလည်း ယနေ့တိုင် အကြိမ်ကြိမ်လုပ်ကြံခံနေရဟု NLD သဘာပတိ ဦးဥာဏ်ဝင်းပြော
Ads Block
ဗိုလ်ချုပ်အောင်ဆန်းသည် အသက်ခန္ဓာအရ လုပ်ကြံခံရရုံသာမက နိုင်ငံရေးအရလည်း ယနေ့တိုင် အကြိမ်ကြိမ်လုပ်ကြံခံနေရဟု NLD သဘာပတိ ဦးဥာဏ်ဝင်းပြော
အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် အသက်ခန္ဓာအရ လုပ်ကြံခံခဲ့ရရုံသာမက နိုင်ငံရေးအရလည်း ယနေ့ တိုင်အကြိမ်ကြိမ် လုပ်ကြံခံနေရဆဲဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီသဘာပတိ ဦးဥာဏ်ဝင်းက ပြောသည်။
ဗိုလ်ချုပ်အောင်ဆန်းသည် အသက်ခန္ဓာအရ လုပ်ကြံခံရရုံသာမက နိုင်ငံရေးအရလည်း ယနေ့တိုင် အကြိမ်ကြိမ်လုပ်ကြံခံနေရဟု NLD သဘာပတိ ဦးဥာဏ်ဝင်းပြော
ဗိုလ်ချုပ်အောင်ဆန်းနှင့် နိုင်ငံခေါင်းဆောင်ကြီးများ လုပ်ကြံခံရမှုသည် မြန်မာနိုင်ငံ၏ အနာဂတ် မျှော်လင့်ချက်များကို နင်းချေ ဖျက်ဆီးလိုက်ရုံသာမက ယနေ့တိုင် သက်ဆိုးရှည်ကြာနေဆဲဖြစ်သည့် နှစ်ပေါင်း(၇၀)ကျော် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများ ကိုလည်း မွေးဖွားပေးခဲ့ကြောင်းလည်း ၎င်းကပြောသည်။
Unicode Version
အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် အသက်ခန္ဓာအရ လုပ်ကြံခံခဲ့ရရုံသာမက နိုင်ငံရေးအရလည်း ယနေ့ တိုင်အကြိမ်ကြိမ် လုပ်ကြံခံနေရဆဲဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီသဘာပတိ ဦးဉာဏ်ဝင်းက ပြောသည်။
ဇူလိုင်လ ၁၉ ရက်က ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် အနောက်ရွှေဂုံတိုင်လမ်းရှိ အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်ပါတီ ရုံးချုပ်တွင် ကျင်းပသည့် (၇၂)နှစ်မြောက် အာဇာနည်အခမ်းအနားတွင် ပြောကြားလိုက်ခြင်း ဖြစ်သည်။
“ မြန်မာနိုင်ငံရေးရဲ့ နမိတ်ပုံဟာ မနာလိုဝန်တိုမှုနဲ့ ဂိုဏ်းဂဏဝါဒ  ဝဲသြဃထဲမှာ သံသရာလည်နေဆဲဖြစ်ပါတယ်။ အကြမ်းဖက် ဝါဒနဲ့ ဗိုလ်ကျစိုးမိုးမှုကို ဂုဏ်သိက္ခာတစ်ခုလို ယုံကြည်နေကြသူများ ယနေ့တိုင်တည်ရှိနေဆဲဖြစ်ပြီး ဒီမိုကရေစီ နိုင်ငံသစ်ထူ ထောင်ရေး အလားအလာကောင်းများမှ ပျက်စီးစေတဲ့ လုပ်ကြံမှု အသစ်တွေကိုလည်း တွေ့မြင်နေရဆဲ ဖြစ်ပါတယ်။ စိတ်မ ကောင်းစရာဖြစ်ရတာက အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းဟာ အသက်ခန္ဓာအရ လုပ်ကြံခံခဲ့ရရုံသာမက နိုင် ငံရေးအရလည်း ယနေ့တိုင် အကြိမ်ကြိမ် လုပ်ကြံခံနေရဆဲဖြစ်ပါတယ်” ဟု ဦးဉာဏ်ဝင်းက ပြောသည်။
ဗိုလ်ချုပ်အောင်ဆန်းနှင့် နိုင်ငံံခေါင်းဆောင်ကြီးများ လုပ်ကြံခံရမှုသည် မြန်မာနိုင်ငံ၏ အနာဂတ် မျှော်လင့်ချက်များကို နင်းချေ ဖျက်ဆီးလိုက်ရုံသာမက ယနေ့တိုင် သက်ဆိုးရှည်ကြာနေဆဲဖြစ်သည့် နှစ်ပေါင်း(၇၀)ကျော် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများ ကိုလည်း မွေးဖွားပေးခဲ့ကြောင်းလည်း ၎င်းကပြောသည်။
(၇၂) အာဇာနည်နေ့ကို နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်စသည့် နိုင်ငံ့ ထိပ်ပိုင်းခေါင်းဆောင်များ အာဇာနည်ဗိမာန်သို့ တက်ရောက်ဂါရဝပြုခဲ့ကြသည်။
ပါတီရုံးချုပ်တွင် ကျင်းပသည့် အာဇာနည်နေ့အခမ်းအနားတွင် တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ၊ မြို့နယ် အသီးသီးမှ ပါတီဝင် များ၊ ဗဟိုကော်မတီဝင်များ၊ တက်ရောက်ခဲ့ကြပြီး စတုဒီတာကျွေးမွေးမှုများလည်း ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
- ချမ်းငြိမ်း ( အကုန်သိ သတင်းဌာန )
အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။