Skip to main content
ဇနီးျဖစ္သူကို ဖခင္ႏွင့္ ႏိႈင္း၍ဆဲဆုိေနသည့္ သားမက္ကို ေယာကၡမက ဆံုးမရာမွ လက္လြန္ေသဆံုးမႈ
Ads Block

ဇနီးျဖစ္သူကို ဖခင္ႏွင့္ ႏိႈင္း၍ဆဲဆုိေနသည့္ သားမက္ကို ေယာကၡမက ဆံုးမရာမွ လက္လြန္ေသဆံုးမႈ

ဇနီးျဖစ္သူကို ဆဲဆိုၿပီး ဖခင္ႏွင့္ ေပးစားကာ ျပႆနာရွာသည့္ သားမက္ျဖစ္သူကို ေယာကၡမက ၀က္စာခြက္ျဖင့္ ပစ္လိုက္ရာမွ လက္လြန္ေသဆံုးသြားသည့္ လူသတ္မႈျဖစ္စဥ္တစ္ခု ပဲခူးတိုင္းေဒသႀကီး၊ ေ၀ါၿမိဳ႕၌ ျဖစ္ပြားေၾကာင္း သိရသည္။

ဇနီးျဖစ္သူကို ဖခင္ႏွင့္ ႏိႈင္း၍ဆဲဆုိေနသည့္ သားမက္ကို ေယာကၡမက ဆံုးမရာမွ လက္လြန္ေသဆံုးမႈ


ေ၀ါၿမိဳ႕နယ္၊ ရွမ္းစုေက်းရြာ၌ ေနထိုင္ေသာ ဦးျမင့္ေအာင္၏ ေနအိမ္၌ ဇူလိုင္ ၁၇ ရက္၊ ည ၉ နာရီခြဲတြင္ လူသတ္မႈျဖစ္ပြားေၾကာင္း သတင္းရရွိသျဖင့္ ရဲတပ္ဖြဲ႔၀င္မ်ားႏွင့္ အသိသက္ေသမ်ား သြားေရာက္စစ္ေဆးခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။
ေသဆံုးသူမွာ ေအးခ်မ္းသာယာရပ္ကြက္ေန မင္းမင္းလတ္ (၃၆) ႏွစ္ ဆိုသူျဖစ္ၿပီး အခင္းျဖစ္ေနအိမ္ပိုင္ရွင္ ဦးျမင့္ေအာင္၏ သား မက္ျဖစ္ေၾကာင္း၊ လြန္ခဲ့သည့္ ၂ လ ေက်ာ္က ဇနီးျဖစ္သူႏွင့္ လင္မယားခ်င္းရန္ျဖစ္ၾကသည့္အတြက္ ကြဲကြာေနရာမွ အခင္းျဖစ္ သည့္ အခ်ိန္တြင္ အရက္ေသစာ ေသာက္စားထားၿပီး ေရာက္ရွိလာကာ ေယာကၡမျဖစ္သူ ဦးျမင့္ေအာင္၏ ေနအိမ္တြင္ ေသာင္း က်န္းေနျခင္းျဖစ္ေၾကာင္း စစ္ေဆးသိရွိရသည္။
ထို႔ျပင္ ဇနီးျဖစ္သူကို ဖခင္ႏွင့္ ေပးစားကာ ဆဲဆိုေနသျဖင့္ ေယာကၡမျဖစ္သူ ဦးျမင့္ေအာင္သည္ အေပၚထပ္အိပ္ယာမွ ထလာၿပီး သားမက္ျဖစ္သူ မင္းမင္းလတ္ကို ဆံုုးမခဲ့ရာမွ အေျခအတင္ ျဖစ္ပြားခဲ့ၿပီီး အနီးတြင္ရွိ အဂၤေတျဖင့္ ျပဳလုပ္သည့္ ၈ ပိႆာခန္႔ အ ေလးခ်ိန္ရွိေသာ ၀က္စာခြက္ျဖင့္ ပစ္လုိက္ရာ မင္းမင္းလတ္ (၃၆) ၏ ရင္ဘတ္ကိုထိမွန္၍ ေသဆံုးသြားျခင္းျဖစ္ေၾကာင္း စစ္ေဆး သိရသည္။
ယင္းအတြက္ေၾကာင့္ ဦးျမင့္ေအာင္ကို ရာဇသတ္ႀကီး ပုဒ္မ - ၃၀၂ ျဖင့္ ေ၀ါၿမိဳ႕မရဲစခန္း၌ အမႈဖြင့္အေရးယူထားေၾကာင္း သိရ သည္။  

- ဒါးဇ ( အကုန္သိ သတင္းဌာန ) | Source - စိုးႀကီး(ေ၀ါ)

Unicode Version

 

ဇနီးဖြစ်သူကို ဆဲဆိုပြီး ဖခင်နှင့် ပေးစားကာ ပြဿနာရှာသည့် သားမက်ဖြစ်သူကို ယောက္ခမက ဝက်စာခွက်ဖြင့် ပစ်လိုက်ရာမှ လက်လွန်သေဆုံးသွားသည့် လူသတ်မှုဖြစ်စဉ်တစ်ခု ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့၌ ဖြစ်ပွားကြောင်း သိရသည်။
ဝေါမြို့နယ်၊ ရှမ်းစုကျေးရွာ၌ နေထိုင်သော ဦးမြင့်အောင်၏ နေအိမ်၌ ဇူလိုင် ၁၇ ရက်၊ ည ၉ နာရီခွဲတွင် လူသတ်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ရဲတပ်ဖွဲ့ဝင်များနှင့် အသိသက်သေများ သွားရောက်စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
သေဆုံးသူမှာ အေးချမ်းသာယာရပ်ကွက်နေ မင်းမင်းလတ် (၃၆) နှစ် ဆိုသူဖြစ်ပြီး အခင်းဖြစ်နေအိမ်ပိုင်ရှင် ဦးမြင့်အောင်၏ သား မက်ဖြစ်ကြောင်း၊ လွန်ခဲ့သည့် ၂ လ ကျော်က ဇနီးဖြစ်သူနှင့် လင်မယားချင်းရန်ဖြစ်ကြသည့်အတွက် ကွဲကွာနေရာမှ အခင်းဖြစ် သည့် အချိန်တွင် အရက်သေစာ သောက်စားထားပြီး ရောက်ရှိလာကာ ယောက္ခမဖြစ်သူ ဦးမြင့်အောင်၏ နေအိမ်တွင် သောင်း ကျန်းနေခြင်းဖြစ်ကြောင်း စစ်ဆေးသိရှိရသည်။
ထို့ပြင် ဇနီးဖြစ်သူကို ဖခင်နှင့် ပေးစားကာ ဆဲဆိုနေသဖြင့် ယောက္ခမဖြစ်သူ ဦးမြင့်အောင်သည် အပေါ်ထပ်အိပ်ယာမှ ထလာပြီး သားမက်ဖြစ်သူ မင်းမင်းလတ်ကို ဆုံးမခဲ့ရာမှ အခြေအတင် ဖြစ်ပွားခဲ့ပြီး အနီးတွင်ရှိ အင်္ဂတေဖြင့် ပြုလုပ်သည့် ၈ ပိဿာခန့် အ လေးချိန်ရှိသော ဝက်စာခွက်ဖြင့် ပစ်လိုက်ရာ မင်းမင်းလတ် (၃၆) ၏ ရင်ဘတ်ကိုထိမှန်၍ သေဆုံးသွားခြင်းဖြစ်ကြောင်း စစ်ဆေး သိရသည်။
ယင်းအတွက်ကြောင့် ဦးမြင့်အောင်ကို ရာဇသတ်ကြီး ပုဒ်မ - ၃၀၂ ဖြင့် ဝေါမြို့မရဲစခန်း၌ အမှုဖွင့်အရေးယူထားကြောင်း သိရ သည်။  

- ဒါးဇ ( အကုန်သိ သတင်းဌာန ) | Source - စိုးကြီး(ဝေါ)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။