Skip to main content
ဗုိလ္ခ်ဳပ္ရုပ္ရွင္ကို ၅ လအတြင္းအၿပီးရုိက္ကူးမည္ဟု လူမင္းေျပာ
Ads Block

ဗုိလ္ခ်ဳပ္ရုပ္ရွင္ကို ၅ လအတြင္းအၿပီးရုိက္ကူးမည္ဟု လူမင္းေျပာ

က်ပ္သိန္းတစ္ေသာင္းခြဲအကုန္အက်ခံရုိက္ကူးမည့္ ဗုိလ္ခ်ဳပ္ရုပ္ရွင္ကုိ ၅ လအတြင္းအၿပီးရုိက္ကူးမည္ဟု သရုပ္ေဆာင္၊ဒါရုိက္တာလူမင္းက ေျပာသည္။

ဗုိလ္ခ်ဳပ္ရုပ္ရွင္ကို ၅ လအတြင္းအၿပီးရုိက္ကူးမည္ဟု လူမင္းေျပာ


ရန္ကုန္ၿမိဳ႕ရွိ အႏုပညာအထက္တန္းေက်ာင္း၊ ခ်င္းေခ်ာင္းခ်န္တြင္ ဇူလုိင္ ၁၈ ရက္ကက်င္းပေသာ ဗုိလ္ခ်ဳပ္ရုပ္ရွင္အစည္းအေ၀းအၿပီးတြင္ သတင္းမီဒီယာမ်ားသို႔ေျဖၾကားေပးျခင္းျဖစ္သည္။
“ ဒီေန႔အစည္းအေ၀းမွာ အားလုံးေမွ်ာ္လင့္တဲ့အတုိင္းပဲ ဗုိလ္ခ်ဳပ္ရုပ္ရွင္ကုိ စက္တင္ဘာလကုန္မွာ စတင္ရုိက္ကူးဖုိ႔ဆုံးျဖတ္ပါတယ္။ ျပင္ဆင္မႈအပုိင္းမွာ ဗုိလ္ခ်ဳပ္ငယ္ဘ၀ရွိတယ္။ တကၠသုိလ္ေက်ာင္းသား ဘ၀ရွိတယ္။ ဂ်ပန္ ရဲေဘာသုံးက်ိတ္ကိစၥရွိတယ္။ ႏုိင္ငံေရးသမားဘ၀ရွိတယ္။ အပုိင္းအပုိင္းလုိက္ရွိတယ္။ တခ်ိဳ႕အပုိင္းေတြမွာ ၄၀ ရာခုိင္နႈန္း၊ ၅၀ ရာခုိင္နႈန္းျပင္ဆင္လုိ႔ၿပီးတဲ့အပုိင္းေတြလည္းရွိတယ္။ အဲဒီေတာ့ ၿပီးသေလာက္ကုိရုိက္ရင္းနဲ႔ျပင္ရင္းနဲ႔ ရုိက္သြားဖုိ႔ရွိပါတယ္။ေလာေလာဆယ္ေတာ့ ငယ္ဘ၀အပုိင္းကုိ စရုိက္ဖုိ႔ စဥ္းစားပါတယ္။ လုိအပ္တဲ့ျပင္ဆင္မႈေတြရႏုိင္မယ္ဆုိရင္ေတာ့ ဇန္န၀ါရီေလာက္မွာ အၿပီးသတ္ ရုိက္ကူးႏုိင္မယ္လုိ႔ ထင္ပါတယ္။ ၅ လနဲ႔အၿပီးရုိက္မယ္လုိ႔ အဲဒီလုိျပင္ဆင္ထားပါတယ္။ လုိခ်င္တဲ့ျပင္ဆင္မႈ ေတြနဲ႔ ေနာက္ကပံ့ပုိးမႈေတြလုပ္ႏုိင္မယ္ဆုိရင္ေပါ့။ ဘက္ဂ်က္ကေတာ့ က်ပ္သိန္းတစ္ေသာင္းခြဲရွိပါတယ္’’ ဟု သရုပ္ေဆာင္လူမင္းက ေျပာသည္။
ဗုိလ္ခ်ဳပ္ရုပ္ရွင္ရုိက္ကူးရန္ ကာကြယ္ေရး၀န္ႀကီးဌာနမွလုိအပ္သည့္ တပ္မေတာ္ယူနီေဖာင္းမ်ား၊ စစ္လက္နက္မ်ား၊ စစ္ကားမ်ားကူညီပံ့ပုိးသြားမည္ျဖစ္ေၾကာင္းလည္း သိရသည္။
 “ ၅ လနဲ႔အၿပီးရုိက္မယ္ဆုိတာဘယ္လုိမွ မၿပီးႏုိင္ဘူး။သူ(လူမင္း)ေျပာရင္ေတာ့ သူလုပ္ၾကည့္ေပါ့။ ဘယ္လုိလုပ္  ၅ လၿပီးမလဲ။ရုိက္ကူးေရးေတာ့ ၅ လၿပီးမွာေပါ့။ ဒီမွာစီေဂ်လုပ္ဖုိ႔ကအမ်ားႀကီးရွိေသးတယ္။ အနည္းဆုံး ဘယ္ေလာက္ျမန္ျမန္ဆန္ဆန္လုပ္လုပ္ ဒါတစ္ႏွစ္ေလာက္မွၿပီးမယ္။ ဒါကကုိယ့္အျမင္နဲ႔ေျပာတာ။ ညေရာ၊ေန႔ေရာမအိပ္ဘူး။ လူေတြပုံထားရင္ေတာ့မသိဘူး’’ဟု ဒါရုိက္တာပန္းခ်ီစုိးမုိးက အကုန္သိသတင္းဌာနသုိ႔ ေျပာသည္။

- မင္းသီဟန္( အကုန္သိ သတင္းဌာန )

Unicode Version

 

ကျပ်သိန်းတစ်သောင်းခွဲအကုန်အကျခံရိုက်ကူးမည့် ဗိုလ်ချုပ်ရုပ်ရှင်ကို ၅ လအတွင်းအပြီးရိုက်ကူးမည်ဟု သရုပ်ဆောင်၊ဒါရိုက်တာလူမင်းက ပြောသည်။
ရန်ကုန်မြို့ရှိ အနုပညာအထက်တန်းကျောင်း၊ ချင်းချောင်းချန်တွင် ဇူလိုင် ၁၈ ရက်ကကျင်းပသော ဗိုလ်ချုပ်ရုပ်ရှင်အစည်းအဝေးအပြီးတွင် သတင်းမီဒီယာများသို့ဖြေကြားပေးခြင်းဖြစ်သည်။
“ ဒီနေ့အစည်းအဝေးမှာ အားလုံးမျှော်လင့်တဲ့အတိုင်းပဲ ဗိုလ်ချုပ်ရုပ်ရှင်ကို စက်တင်ဘာလကုန်မှာ စတင်ရိုက်ကူးဖို့ဆုံးဖြတ်ပါတယ်။ ပြင်ဆင်မှုအပိုင်းမှာ ဗိုလ်ချုပ်ငယ်ဘဝရှိတယ်။ တက္ကသိုလ်ကျောင်းသား ဘဝရှိတယ်။ ဂျပန် ရဲဘောသုံးကျိတ်ကိစ္စရှိတယ်။ နိုင်ငံရေးသမားဘဝရှိတယ်။ အပိုင်းအပိုင်းလိုက်ရှိတယ်။ တချို့အပိုင်းတွေမှာ ၄၀ ရာခိုင်နှုန်း၊ ၅၀ ရာခိုင်နှုန်းပြင်ဆင်လို့ပြီးတဲ့အပိုင်းတွေလည်းရှိတယ်။ အဲဒီတော့ ပြီးသလောက်ကိုရိုက်ရင်းနဲ့ပြင်ရင်းနဲ့ ရိုက်သွားဖို့ရှိပါတယ်။လောလောဆယ်တော့ ငယ်ဘဝအပိုင်းကို စရိုက်ဖို့ စဉ်းစားပါတယ်။ လိုအပ်တဲ့ပြင်ဆင်မှုတွေရနိုင်မယ်ဆိုရင်တော့ ဇန်နဝါရီလောက်မှာ အပြီးသတ် ရိုက်ကူးနိုင်မယ်လို့ ထင်ပါတယ်။ ၅ လနဲ့အပြီးရိုက်မယ်လို့ အဲဒီလိုပြင်ဆင်ထားပါတယ်။ လိုချင်တဲ့ပြင်ဆင်မှု တွေနဲ့ နောက်ကပံ့ပိုးမှုတွေလုပ်နိုင်မယ်ဆိုရင်ပေါ့။ ဘက်ဂျက်ကတော့ ကျပ်သိန်းတစ်သောင်းခွဲရှိပါတယ်’’ ဟု သရုပ်ဆောင်လူမင်းက ပြောသည်။
ဗိုလ်ချုပ်ရုပ်ရှင်ရိုက်ကူးရန် ကာကွယ်ရေးဝန်ကြီးဌာနမှလိုအပ်သည့် တပ်မတော်ယူနီဖောင်းများ၊ စစ်လက်နက်များ၊ စစ်ကားများကူညီပံ့ပိုးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
 “ ၅ လနဲ့အပြီးရိုက်မယ်ဆိုတာဘယ်လိုမှ မပြီးနိုင်ဘူး။သူ(လူမင်း)ပြောရင်တော့ သူလုပ်ကြည့်ပေါ့။ ဘယ်လိုလုပ်  ၅ လပြီးမလဲ။ရိုက်ကူးရေးတော့ ၅ လပြီးမှာပေါ့။ ဒီမှာစီဂျေလုပ်ဖို့ကအများကြီးရှိသေးတယ်။ အနည်းဆုံး ဘယ်လောက်မြန်မြန်ဆန်ဆန်လုပ်လုပ် ဒါတစ်နှစ်လောက်မှပြီးမယ်။ ဒါကကိုယ့်အမြင်နဲ့ပြောတာ။ ညရော၊နေ့ရောမအိပ်ဘူး။ လူတွေပုံထားရင်တော့မသိဘူး’’ဟု ဒါရိုက်တာပန်းချီစိုးမိုးက အကုန်သိသတင်းဌာနသို့ ပြောသည်။

- မင်းသီဟန်( အကုန်သိ သတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။