Skip to main content
ဖခင္ရုိက္လုိက္တ့ဲ ေဂါက္သီး ေခါင္းကုိ ထိမွန္ကာ ၆ ႏွစ္အရြယ္ သမီးျဖစ္သူ ေသဆုံး
Ads Block

ဖခင္ရုိက္လုိက္တ့ဲ ေဂါက္သီး ေခါင္းကုိ ထိမွန္ကာ ၆ ႏွစ္အရြယ္ သမီးျဖစ္သူ ေသဆုံး

အေမရိကန္ႏိုင္ငံ ယူးတားျပည္နယ္မွာ ဖခင္ျဖစ္သူရိုက္လိုက္တဲ့ ေဂါက္သီးေဘာလံုးထိမွန္ခဲ့ၿပီး ၆ ႏွစ္အရြယ္ မိန္းကေလးတစ္ဦး ေသးဆံုးခဲ့ေၾကာင္း ဇူလိုင္ ၁၈ ရက္ AP သတင္းတစ္ပုဒ္မွာ ေဖာ္ျပပါတယ္။

ဖခင္ရုိက္လုိက္တ့ဲ ေဂါက္သီး ေခါင္းကုိ ထိမွန္ကာ ၆ ႏွစ္အရြယ္ သမီးျဖစ္သူ ေသဆုံး

တနလၤာေန႔က အရီယာ ေဟးလ္ နဲ႔ ဖခင္ျဖစ္သူတို႔ဟာ သူမရဲ႕ ဦးေလးတာ္စပ္သူ Brayden Hill  နဲ႔အတူ အိုရမ္ၿမိဳ႕က ေဂါက္ကြင္းတစ္ခုမွာ ေဂါက္ရိုက္ဖို႔ ထြက္လာခဲ့ၾကတာျဖစ္ပါတယ္။   ဦးေလးနဲ႔ ဖခင္ျဖစ္သူတို႔ ေဂါက္ရိုက္ေနစဥ္ သူမဟာ ၄င္းတို႕နဲ႔ ၁၅ -၂၀ ကုိက္ အကြာေလာက္မွာရွိတဲ့ လက္တြန္းလွည္းတစ္ခုေပၚမွာ ထိုင္ေနခဲ့တာျဖစ္ၿပီး အဲ့ဒီခ်ိန္မွာ ဖခင္ျဖစ္သူရိုက္လိုက္တဲ့ ေဂါက္သီးဟာ သူမရဲ႕ ဦးေခါင္းေနာက္ေစ့ကို လာမွန္ခဲ့တာျဖစ္တယ္လို႔ ၀ါရွင္တန္ပို႔စ္ သတင္းစာရဲ႕ ေဖာ္ျပခ်အရ သိရပါတယ္။
အရီယာေဟးလ္ဟာ သူစိမ္းေတြနဲ႔ ေတြ႔ရင္လည္း မ်က္ႏွာမစိမ္းပဲ ေပ်ာ္ေပ်ာ္ေနတတ္တဲ့ ကေလးတစ္ေယာက္ ျဖစ္ၿပီး သူမရဲ႕ မိဘေတြနဲ႔အတူအခ်ိန္ကုန္ဆံုးရမွာကို ေပ်ာ္ေမြ႔သူတစ္ဦးျဖစ္တယ္လို႔  ဦးေလးျဖစ္သူ David Smith ကေျပာျပခဲ့ပါတယ္။
သူမဟာ မိန္းကေလးေတြရဲ႕၀ါသနာအတိုင္း အ၀တ္အစားေတြ၀တ္ဆင္ကာ မိတ္ကပ္ေတြ လိမ္းခ်ယ္ရတာ မ်ိဳးေတြျပဳလုပ္ၿပီး မိခင္ျဖစ္သူ Talysa နဲ႔အတူ အခ်ိန္ကုန္ဆံုးရတာကို အရမ္းကိုႏွစ္သက္ၿပီး သူမရဲ႕ေမာင္ေလးႏွစ္ေယာက္ကို ကူၿပီးထိန္းေပးတတ္တဲ့သူတစ္ေယာက္တယ္လို႔ ဦးေလးျဖစ္သူကေျပာပါတယ္။
ဒါ့အျပင္ အခုလိုမ်ိဳး အေဖနဲ႔အတူတူ မၾကာခဏ ေဂါက္ရိုက္ထြက္ရတာကလည္း သူအႀကိဳက္ဆံုး အရာေတြထဲက တစ္ခုျဖစ္တယ္လို႔ ေျပာထားပါေသးတယ္။
ထိခိုက္မႈျဖစ္ၿပီးေနာက္ အရီယာေဟးလ္ကုိ အေရးေပၚအေျခအေနနဲ႔ ေဆးရံုကိုပို႔ေဆာင္ခဲ့ေပမယ့္လည္း ရရွိခဲ့တဲ့ဒဏ္ရာနဲ႔ပဲ ဆံုးပါးခဲ့ရတယ္လို႔ အိုရမ္ ရဲဌာန အႀကီးအကဲကေျပာခဲ့ပါတယ္။ ယခုျဖစ္စဥ္ဟာ ေၾကကြဲ ၀မ္းနည္းစရာေကာင္းတဲ့ မေတာ္တဆမႈျဖစ္တဲ့အတြက္ ရဲဌာနအေနနဲ႔ အေရးယူမႈေတြျပဳလုပ္မွာေတာ့ မဟုတ္ဘူး လို႔လည္း ၄င္းကေျပာထားပါတယ္။

-  ေမ ( အကုန္သိ သတင္းဌာန )  | Ref : CNA

Unicode Version

 

အမေရိကန်နိုင်ငံ ယူးတားပြည်နယ်မှာ ဖခင်ဖြစ်သူရိုက်လိုက်တဲ့ ဂေါက်သီးဘောလုံးထိမှန်ခဲ့ပြီး ၆ နှစ်အရွယ် မိန်းကလေးတစ်ဦး သေးဆုံးခဲ့ကြောင်း ဇူလိုင် ၁၈ ရက် AP သတင်းတစ်ပုဒ်မှာ ဖော်ပြပါတယ်။

တနင်္လာနေ့က အရီယာ ဟေးလ် နဲ့ ဖခင်ဖြစ်သူတို့ဟာ သူမရဲ့ ဦးလေးတာ်စပ်သူ Brayden Hill  နဲ့အတူ အိုရမ်မြို့က ဂေါက်ကွင်းတစ်ခုမှာ ဂေါက်ရိုက်ဖို့ ထွက်လာခဲ့ကြတာဖြစ်ပါတယ်။   ဦးလေးနဲ့ ဖခင်ဖြစ်သူတို့ ဂေါက်ရိုက်နေစဉ် သူမဟာ ၎င်းတို့နဲ့ ၁၅ -၂၀ ကိုက် အကွာလောက်မှာရှိတဲ့ လက်တွန်းလှည်းတစ်ခုပေါ်မှာ ထိုင်နေခဲ့တာဖြစ်ပြီး အဲ့ဒီချိန်မှာ ဖခင်ဖြစ်သူရိုက်လိုက်တဲ့ ဂေါက်သီးဟာ သူမရဲ့ ဦးခေါင်းနောက်စေ့ကို လာမှန်ခဲ့တာဖြစ်တယ်လို့ ဝါရှင်တန်ပို့စ် သတင်းစာရဲ့ ဖော်ပြချအရ သိရပါတယ်။
အရီယာဟေးလ်ဟာ သူစိမ်းတွေနဲ့ တွေ့ရင်လည်း မျက်နှာမစိမ်းပဲ ပျော်ပျော်နေတတ်တဲ့ ကလေးတစ်ယောက် ဖြစ်ပြီး သူမရဲ့ မိဘတွေနဲ့အတူအချိန်ကုန်ဆုံးရမှာကို ပျော်မွေ့သူတစ်ဦးဖြစ်တယ်လို့  ဦးလေးဖြစ်သူ David Smith ကပြောပြခဲ့ပါတယ်။
သူမဟာ မိန်းကလေးတွေရဲ့ဝါသနာအတိုင်း အဝတ်အစားတွေဝတ်ဆင်ကာ မိတ်ကပ်တွေ လိမ်းချယ်ရတာ မျိုးတွေပြုလုပ်ပြီး မိခင်ဖြစ်သူ Talysa နဲ့အတူ အချိန်ကုန်ဆုံးရတာကို အရမ်းကိုနှစ်သက်ပြီး သူမရဲ့မောင်လေးနှစ်ယောက်ကို ကူပြီးထိန်းပေးတတ်တဲ့သူတစ်ယောက်တယ်လို့ ဦးလေးဖြစ်သူကပြောပါတယ်။
ဒါ့အပြင် အခုလိုမျိုး အဖေနဲ့အတူတူ မကြာခဏ ဂေါက်ရိုက်ထွက်ရတာကလည်း သူအကြိုက်ဆုံး အရာတွေထဲက တစ်ခုဖြစ်တယ်လို့ ပြောထားပါသေးတယ်။
ထိခိုက်မှုဖြစ်ပြီးနောက် အရီယာဟေးလ်ကို အရေးပေါ်အခြေအနေနဲ့ ဆေးရုံကိုပို့ဆောင်ခဲ့ပေမယ့်လည်း ရရှိခဲ့တဲ့ဒဏ်ရာနဲ့ပဲ ဆုံးပါးခဲ့ရတယ်လို့ အိုရမ် ရဲဌာန အကြီးအကဲကပြောခဲ့ပါတယ်။ ယခုဖြစ်စဉ်ဟာ ကြေကွဲ ဝမ်းနည်းစရာကောင်းတဲ့ မတော်တဆမှုဖြစ်တဲ့အတွက် ရဲဌာနအနေနဲ့ အရေးယူမှုတွေပြုလုပ်မှာတော့ မဟုတ်ဘူး လို့လည်း ၎င်းကပြောထားပါတယ်။

-  မေ ( အကုန်သိ သတင်းဌာန ) | Ref : CNA

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။