Skip to main content
အေကာက္ခြန္ဌာန အခ်က္အလက္မ်ား အဟက္ခံရမႈအတြက္ အသက္ ၂၀ အ႐ြယ္ ဆုိက္ဘာလုံျခဳံေရးဝန္ထမ္းကို ဘူလ္ေဂးရီးယားရဲတပ္ဖြဲ႕ ဖမ္းဆီး
Ads Block

အေကာက္ခြန္ဌာန အခ်က္အလက္မ်ား အဟက္ခံရမႈအတြက္ အသက္ ၂၀ အ႐ြယ္ ဆုိက္ဘာလုံျခဳံေရးဝန္ထမ္းကို ဘူလ္ေဂးရီးယားရဲတပ္ဖြဲ႕ ဖမ္းဆီး

ဘူလ္ေဂးရီးယားႏုိင္ငံမွာ သန္းနဲ႔ခ်ီတဲ့ ျပည္သူေတြရဲ႕ ကုိယ္ေရးနဲ႔ေငြေၾကး အခ်က္အလက္ေတြကုိ အေကာက္ခြန္ဌာနမွတစ္ဆင့္ ခုိးယူခံလုိက္ရတဲ့ျဖစ္ရပ္အတြက္ အသက္ ၂၀ အ႐ြယ္ ဆုိက္ဘာလုံျခဳံေရးဝန္ထမ္းတစ္ဦးကုိ ရဲတပ္ဖြဲ႕က ဖမ္းဆီးၿပီး စြဲခ်က္တင္လုိက္ေၾကာင္း သတင္းရရွိပါတယ္။

အေကာက္ခြန္ဌာန အခ်က္အလက္မ်ား အဟက္ခံရမႈအတြက္ အသက္ ၂၀ အ႐ြယ္ ဆုိက္ဘာလုံျခဳံေရးဝန္ထမ္းကို ဘူလ္ေဂးရီးယားရဲတပ္ဖြဲ႕ ဖမ္းဆီး

အဆုိပါ အေကာက္ခြန္ဌာန အဟက္ခံရမႈမွာ ဘူလ္ေဂးရီးယားႏုိင္ငံသား အ႐ြယ္ေရာက္ၿပီး အလုပ္လုပ္ေနသူ အားလုံးနီးပါးအျပင္ ကုမၸဏီေတြရဲ႕ အမည္၊ ဝင္ေငြ၊ အခြန္ေၾကညာခ်က္၊ ေခ်းေငြပမာဏ စတဲ့ အခ်က္အလက္ေတြ အကုန္ေပါက္ၾကားသြားခဲ့ပါတယ္။ ၄င္းျဖစ္ရပ္ဟာ ဇြန္လကုန္မွာ ျဖစ္ပြားခဲ့ေပမဲ့ အာဏာပုိင္ေတြက ယခုအပတ္မွာမွ ေဖာ္ထုတ္ေတြ႕ရွိခဲ့တယ္လုိ႔ သိရပါတယ္။

ရဲတပ္ဖြဲ႕ရဲ႕ ဆုိက္ဘာလုံျခဳံေရး အထူးရဲခ်ဳပ္ကေတာ့ ထုိျဖစ္ရပ္အတြက္ ခရစၥတန္ ဘိြဳင္ေကာ့ဗ္အမည္ရွိ သံသယရွိသူ လူငယ္အမ်ိဳးသားကုိ ဇူလုိင္ ၁၆ ရက္ ေန႔လည္မွာ ဖမ္းဆီးႏုိင္ခဲ့တယ္လုိ႔ ၁၇ ရက္မွာ ထုတ္ျပန္ေျပာၾကားလုိက္ပါတယ္။ ထုိလူငယ္ကုိ ၿမိဳ႕ေတာ္ ဆုိဖီယာမွာ ဖမ္းဆီးၿပီး ၄င္းရဲ႕ ေနအိမ္နဲ႔အလုပ္ရွိ ကြန္ျပဴတာအစိတ္အပုိင္းေတြကုိလည္း သိမ္းဆည္းႏုိင္ခဲ့တယ္လုိ႔ ဆုိပါတယ္။

ထုိစုံစမ္းစစ္ေဆးေရးဟာ ကနဦးအဆင့္သာ ရွိေသးၿပီး ၾကံရာပါေတြ က်န္ေနႏုိင္ေသးတဲ့အတြက္ ဆက္လက္စုံစမ္းရဦးမယ္လုိ႔ ၄င္း ဆုိက္ဘာလုံျခဳံေရး ရဲခ်ဳပ္က ေျပာပါတယ္။

ဆုိဖီယာၿမိဳ႕ ျပည္သူ႕ေရွ႕ေနေတြကေတာ့ သံသယရွိသူကုိ ကြန္ျပဴတာရာဇဝတ္မႈျဖင့္ စြဲခ်က္တင္ထားတဲ့အတြက္ သုံးရက္အထိ ဆက္လက္ခ်ဳပ္ေႏွာင္ထားႏုိင္ၿပီး ျပစ္မႈထင္ရွားပါက ေထာင္ဒဏ္ ၈ ႏွစ္အထိ ခ်မွတ္ႏုိင္တယ္လုိ႔ ေျပာျပပါတယ္။

အေကာက္ခြန္ဌာန အဟက္ခံရမႈ ျဖစ္ရပ္ဟာ ဘူလ္ေဂးရီးယားရဲ႕ ဆုိက္ဘာလုံျခဳံေရးစံႏႈန္းမ်ား ေလ်ာ့ရဲေနျခင္းကုိ မီးေမာင္းထုိးျပေနသလုိပါပဲ။ ၄င္းျဖစ္ရပ္ေၾကာင့္ အေကာက္ခြန္ဌာန NRA ဟာ ဒဏ္ေၾကးေငြ ယူ႐ုိ သန္း ၂၀ အထိ ေပးေဆာင္ရဖြယ္ ရွိေနပါတယ္။

ဇူလုိင္ ၁၇ ရက္ အစုိးရအစည္းအေဝးမွာတုန္းက ဝန္ႀကီးခ်ဳပ္ဟာ သံသယရွိသူလူငယ္ကုိ “ေမွာ္ဝင္ေနတဲ့အလား” ထူးခၽြန္တဲ့ ဟက္ကာလုိ႔ ရည္ၫႊန္းေခၚေဝၚခဲ့ၿပီး ႏုိင္ငံအေနျဖင့္ ထုိလူငယ္မ်ိဳးေတြကုိ အလုပ္ခန္႔သင့္တယ္လုိ႔ ေျပာခဲ့ပါတယ္။

ဒါေပမဲ့ ကၽြမ္းက်င္သူအခ်ိဳ႕ကေတာ့ ဟက္ကာ အသုံးျပဳခဲ့တဲ့ နည္းလမ္းဟာ အေျခခံအဆင့္မွ်သာရွိတာေၾကာင့္ လူ စြမ္းသည္ထက္ ကာကြယ္ေရးနည္းလမ္းမ်ား မျပည့္မီတာေၾကာင့္ အဟက္ခံရျခင္းျဖစ္တယ္လုိ႔ သုံးသပ္ထားပါတယ္။

၄င္းမွာ သံသယရွိသူဟာ ကြန္ျပဴတာကြန္ယက္ေတြမွာ ဟာကြက္ရွိမရွိ စစ္ေဆးရသူျဖစ္ေပမဲ့ ေလွနံႏွစ္ဖက္နင္းၿပီး ရာဇဝတ္မႈက်ဴးလြန္ခဲ့တယ္လို႔ ဆုိက္ဘာလုံျခဳံေရး ရဲခ်ဳပ္က ဆုိထားပါတယ္။

သံသယရွိသူ ဘိြဳင္ေကာ့ဗ္ဟာ အေမရိကန္ ဆုိက္ဘာလုံျခဳံေရး ဝန္ေဆာင္မႈလုပ္ငန္း TAD Group မွာ လုပ္ကုိင္ေနသူျဖစ္ၿပီး ၄င္းရဲ႕အထက္အရာရွိ မန္ေနဂ်ာက ၄င္းဘက္မွ ခုခံျငင္းဆုိထားပါတယ္။ ဘိြဳင္ေကာ့ဗ္ဟာ ၂၀၁၇ ခုႏွစ္တုန္းကဆုိလွ်င္ ပညာေရးဝန္ႀကီးဌာန ဝက္ဘ္ဆုိက္ရဲ႕ ဟာကြက္ေတြကုိ ေဖာ္ထုတ္၊ ေထာက္ျပတဲ့အတြက္ ပညာေရး ဒုဝန္ႀကီးရဲ႕ ခ်ီးမြမ္းျခင္းကုိေတာင္ ခံခဲ့ရပါေသးတယ္။

- ZHO ( အကုန္သိ သတင္းဌာန )  | ( Ref : Reuters )

Unicode Version

 

ဘူလ်ဂေးရီးယားနိုင်ငံမှာ သန်းနဲ့ချီတဲ့ ပြည်သူတွေရဲ့ ကိုယ်ရေးနဲ့ငွေကြေး အချက်အလက်တွေကို အကောက်ခွန်ဌာနမှတစ်ဆင့် ခိုးယူခံလိုက်ရတဲ့ဖြစ်ရပ်အတွက် အသက် ၂၀ အရွယ် ဆိုက်ဘာလုံခြုံရေးဝန်ထမ်းတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး စွဲချက်တင်လိုက်ကြောင်း သတင်းရရှိပါတယ်။

အဆိုပါ အကောက်ခွန်ဌာန အဟက်ခံရမှုမှာ ဘူလ်ဂေးရီးယားနိုင်ငံသား အရွယ်ရောက်ပြီး အလုပ်လုပ်နေသူ အားလုံးနီးပါးအပြင် ကုမ္ပဏီတွေရဲ့ အမည်၊ ဝင်ငွေ၊ အခွန်ကြေညာချက်၊ ချေးငွေပမာဏ စတဲ့ အချက်အလက်တွေ အကုန်ပေါက်ကြားသွားခဲ့ပါတယ်။ ၎င်းဖြစ်ရပ်ဟာ ဇွန်လကုန်မှာ ဖြစ်ပွားခဲ့ပေမဲ့ အာဏာပိုင်တွေက ယခုအပတ်မှာမှ ဖော်ထုတ်တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

ရဲတပ်ဖွဲ့ရဲ့ ဆိုက်ဘာလုံခြုံရေး အထူးရဲချုပ်ကတော့ ထိုဖြစ်ရပ်အတွက် ခရစ္စတန် ဘွိုင်ကော့ဗ်အမည်ရှိ သံသယရှိသူ လူငယ်အမျိုးသားကို ဇူလိုင် ၁၆ ရက် နေ့လည်မှာ ဖမ်းဆီးနိုင်ခဲ့တယ်လို့ ၁၇ ရက်မှာ ထုတ်ပြန်ပြောကြားလိုက်ပါတယ်။ ထိုလူငယ်ကို မြို့တော် ဆိုဖီယာမှာ ဖမ်းဆီးပြီး ၎င်းရဲ့ နေအိမ်နဲ့အလုပ်ရှိ ကွန်ပြူတာအစိတ်အပိုင်းတွေကိုလည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ထိုစုံစမ်းစစ်ဆေးရေးဟာ ကနဦးအဆင့်သာ ရှိသေးပြီး ကြံရာပါတွေ ကျန်နေနိုင်သေးတဲ့အတွက် ဆက်လက်စုံစမ်းရဦးမယ်လို့ ၎င်း ဆိုက်ဘာလုံခြုံရေး ရဲချုပ်က ပြောပါတယ်။

ဆိုဖီယာမြို့ ပြည်သူ့ရှေ့နေတွေကတော့ သံသယရှိသူကို ကွန်ပြူတာရာဇဝတ်မှုဖြင့် စွဲချက်တင်ထားတဲ့အတွက် သုံးရက်အထိ ဆက်လက်ချုပ်နှောင်ထားနိုင်ပြီး ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၈ နှစ်အထိ ချမှတ်နိုင်တယ်လို့ ပြောပြပါတယ်။

အကောက်ခွန်ဌာန အဟက်ခံရမှု ဖြစ်ရပ်ဟာ ဘူလ်ဂေးရီးယားရဲ့ ဆိုက်ဘာလုံခြုံရေးစံနှုန်းများ လျော့ရဲနေခြင်းကို မီးမောင်းထိုးပြနေသလိုပါပဲ။ ၎င်းဖြစ်ရပ်ကြောင့် အကောက်ခွန်ဌာန NRA ဟာ ဒဏ်ကြေးငွေ ယူရို သန်း ၂၀ အထိ ပေးဆောင်ရဖွယ် ရှိနေပါတယ်။

ဇူလိုင် ၁၇ ရက် အစိုးရအစည်းအဝေးမှာတုန်းက ဝန်ကြီးချုပ်ဟာ သံသယရှိသူလူငယ်ကို “မှော်ဝင်နေတဲ့အလား” ထူးချွန်တဲ့ ဟက်ကာလို့ ရည်ညွှန်းခေါ်ဝေါ်ခဲ့ပြီး နိုင်ငံအနေဖြင့် ထိုလူငယ်မျိုးတွေကို အလုပ်ခန့်သင့်တယ်လို့ ပြောခဲ့ပါတယ်။

ဒါပေမဲ့ ကျွမ်းကျင်သူအချို့ကတော့ ဟက်ကာ အသုံးပြုခဲ့တဲ့ နည်းလမ်းဟာ အခြေခံအဆင့်မျှသာရှိတာကြောင့် လူ စွမ်းသည်ထက် ကာကွယ်ရေးနည်းလမ်းများ မပြည့်မီတာကြောင့် အဟက်ခံရခြင်းဖြစ်တယ်လို့ သုံးသပ်ထားပါတယ်။

၎င်းမှာ သံသယရှိသူဟာ ကွန်ပြူတာကွန်ယက်တွေမှာ ဟာကွက်ရှိမရှိ စစ်ဆေးရသူဖြစ်ပေမဲ့ လှေနံနှစ်ဖက်နင်းပြီး ရာဇဝတ်မှုကျူးလွန်ခဲ့တယ်လို့ ဆိုက်ဘာလုံခြုံရေး ရဲချုပ်က ဆိုထားပါတယ်။

သံသယရှိသူ ဘွိုင်ကော့ဗ်ဟာ အမေရိကန် ဆိုက်ဘာလုံခြုံရေး ဝန်ဆောင်မှုလုပ်ငန်း TAD Group မှာ လုပ်ကိုင်နေသူဖြစ်ပြီး ၎င်းရဲ့အထက်အရာရှိ မန်နေဂျာက ၎င်းဘက်မှ ခုခံငြင်းဆိုထားပါတယ်။ ဘွိုင်ကော့ဗ်ဟာ ၂၀၁၇ ခုနှစ်တုန်းကဆိုလျှင် ပညာရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်ရဲ့ ဟာကွက်တွေကို ဖော်ထုတ်၊ ထောက်ပြတဲ့အတွက် ပညာရေး ဒုဝန်ကြီးရဲ့ ချီးမွမ်းခြင်းကိုတောင် ခံခဲ့ရပါသေးတယ်။

- ZHO ( အကုန်သိ သတင်းဌာန )  | ( Ref : Reuters )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။