Skip to main content
“ ကၽြန္ေတာ္တို႔ကိုသူတို႔ကစာအုပ္အစိမ္းႀကီးနဲ႔ အႏုိင္က်င့္ေနတာ” ဟု စာေရးဆရာ ေဒါင္းမာန္ဟုန္ ေျပာ
Ads Block

“ ကၽြန္ေတာ္တို႔ကိုသူတို႔ကစာအုပ္အစိမ္းႀကီးနဲ႔ အႏုိင္က်င့္ေနတာ” ဟု စာေရးဆရာ ေဒါင္းမာန္ဟုန္ ေျပာ

တပ္မေတာ္ကိုၾကည္ညိဳလိုသျဖင့္ ဖြဲ႕စည္းပံုျပင္ေပးပါဟု စာေရးဆရာ ေဒါင္းမာန္ဟုန္က ေျပာလိုက္သည္။
ရန္ကုန္ၿမိဳ႕ရွိ မဟာဗႏၶဳလပန္းၿခံေရွ႕တြင္ ဇူလိ္ုင္လ ၁၇ ရက္ကက်င္းပသည့္ ဖြဲ႕စည္းပံုအေျခခံဥပေဒကို ျပင္ဆင္သည့္ ၄၅ ဦးေကာ္မတီ၏ အစီရင္ခံစာေထာက္ခံပြဲတြင္ အထက္ပါအတိ္ုင္းေျပာျခင္းျဖစ္သည္။
“ပုဒ္မ- ၄၃၆ ကို ျပင္ဆင္ခ်င္ရင္ လႊတ္ေတာ္ထဲက ၇၅ ရာခိ္ုင္ႏႈန္းေက်ာ္ေထာက္ခံမွျပင္လို႔ရမယ္လို႔ ေျပာပါတယ္။ ကၽြန္ေတာ္တစ္ခုေျပာမယ္။ လႊတ္ေတာ္ထဲမွာ ျပည္သူလူထုကေရြးခ်ယ္ထားတဲ့သူေတြက ၇၅ ရာခိုင္ႏႈန္းရွိတယ္။ တပ္မေတာ္က ၂၅ ရာခိုင္ႏႈန္း၊ အဲဒီေတာ့ အမ်ားစုျဖစ္တဲ့ ၇၅ ရာခိုင္ႏႈန္းကသေဘာတူေထာက္ခံတယ္။ အနည္းစုျဖစ္တဲ့ ၂၅ ရာခိုင္ႏႈန္းကမေထာက္ခံလို႔ျပင္လို႔မရဘူးဆိုတာကေတာ့ ဒီမိုကေရစီအႏုိင္က်င့္ခံရတာလို႔ ေျပာတယ္။ ကၽြန္ေတာ္တို႔ကိုသူတို႔ကစာအုပ္အစိမ္းႀကီးနဲ႔ အႏုိင္က်င့္ေနတာေလ။ အဲဒီေတာ့တပ္မေတာ္ႀကီးကို ၾကည္ညိဳခ်င္ပါတယ္။ ဖြဲ႕စည္းပံုကိုျပင္ေပးပါ” ဟု စာေရးဆရာ ေဒါင္းမာန္ဟုန္က ေျပာသည္။
၂၀၀၈ ဖြဲ႕စည္းပံုအေျခခံဥပေဒျပင္ဆင္မႈႏွင့္ပတ္သက္ၿပီးပုဒ္မ ၅၉(စ)ကိုမျပင္ဆင္ေရးအတြက္လည္း မ်ိဳးခ်စ္အင္အားစုမ်ားက ဆႏၵထုတ္ေဖာ္ေတာင္းဆိုေနၾကသည္။
၂၀၀၈ ဖြဲ႔စည္းပံုအေျခခံဥပေဒျပင္ဆင္ေရးပူးေပါင္းေကာ္မတီမွ တင္သြင္းေသာအစီရင္ခံစာမွာ ဖဲြ႔စည္းပံုတြင္ ျပ႒ာန္းခ်က္မ်ားႏွင့္မကိုက္ညီဟုတပ္မေတာ္သားကိုယ္စားလွယ္မ်ားက ဇူလိုင္လ ၁၅ ရက္ကက်င္းပခဲ့သည့္ ဒုတိယအႀကိမ္ျပည္ေထာင္စုလႊတ္ေတာ္ (၁၃) ႀကိမ္ေျမာက္ပုံမွန္အစည္းအေဝးတြင္ သေဘာထား မွတ္ခ်က္ေပးထားသည္။

-  ထက္ေ၀လင္း ( အကုန္သိ သတင္းဌာန ) 

Unicode Version

 

တပ်မတော်ကိုကြည်ညိုလိုသဖြင့် ဖွဲ့စည်းပုံပြင်ပေးပါဟု စာရေးဆရာ ဒေါင်းမာန်ဟုန်က ပြောလိုက်သည်။
ရန်ကုန်မြို့ရှိ မဟာဗန္ဓုလပန်းခြံရှေ့တွင် ဇူလိုင်လ ၁၇ ရက်ကကျင်းပသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ၄၅ ဦးကော်မတီ၏ အစီရင်ခံစာထောက်ခံပွဲတွင် အထက်ပါအတိုင်းပြောခြင်းဖြစ်သည်။
“ပုဒ်မ- ၄၃၆ ကို ပြင်ဆင်ချင်ရင် လွှတ်တော်ထဲက ၇၅ ရာခိုင်နှုန်းကျော်ထောက်ခံမှပြင်လို့ရမယ်လို့ ပြောပါတယ်။ ကျွန်တော်တစ်ခုပြောမယ်။ လွှတ်တော်ထဲမှာ ပြည်သူလူထုကရွေးချယ်ထားတဲ့သူတွေက ၇၅ ရာခိုင်နှုန်းရှိတယ်။ တပ်မတော်က ၂၅ ရာခိုင်နှုန်း၊ အဲဒီတော့ အများစုဖြစ်တဲ့ ၇၅ ရာခိုင်နှုန်းကသဘောတူထောက်ခံတယ်။ အနည်းစုဖြစ်တဲ့ ၂၅ ရာခိုင်နှုန်းကမထောက်ခံလို့ပြင်လို့မရဘူးဆိုတာကတော့ ဒီမိုကရေစီအနိုင်ကျင့်ခံရတာလို့ ပြောတယ်။ ကျွန်တော်တို့ကိုသူတို့ကစာအုပ်အစိမ်းကြီးနဲ့ အနိုင်ကျင့်နေတာလေ။ အဲဒီတော့တပ်မတော်ကြီးကို ကြည်ညိုချင်ပါတယ်။ ဖွဲ့စည်းပုံကိုပြင်ပေးပါ” ဟု စာရေးဆရာ ဒေါင်းမာန်ဟုန်က ပြောသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်မှုနှင့်ပတ်သက်ပြီးပုဒ်မ ၅၉(စ)ကိုမပြင်ဆင်ရေးအတွက်လည်း မျိုးချစ်အင်အားစုများက ဆန္ဒထုတ်ဖော်တောင်းဆိုနေကြသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးပူးပေါင်းကော်မတီမှ တင်သွင်းသောအစီရင်ခံစာမှာ ဖွဲ့စည်းပုံတွင် ပြဋ္ဌာန်းချက်များနှင့်မကိုက်ညီဟုတပ်မတော်သားကိုယ်စားလှယ်များက ဇူလိုင်လ ၁၅ ရက်ကကျင်းပခဲ့သည့် ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော် (၁၃) ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် သဘောထား မှတ်ချက်ပေးထားသည်။

 

-  ထက်ဝေလင်း ( အကုန်သိ သတင်းဌာန ) 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။