Skip to main content
အီရတ္ေျမာက္ပုိင္း ကာ့ဒ္ ကုိယ္ပုိင္အုပ္ခ်ဳပ္ခြင့္ရ ေဒသတြင္ တူရကီ ေကာင္စစ္ဝန္ လုပ္ၾကံပစ္သတ္ခံရ
Ads Block

အီရတ္ေျမာက္ပုိင္း ကာ့ဒ္ ကုိယ္ပုိင္အုပ္ခ်ဳပ္ခြင့္ရ ေဒသတြင္ တူရကီ ေကာင္စစ္ဝန္ လုပ္ၾကံပစ္သတ္ခံရ

အီရတ္ႏုိင္ငံေျမာက္ပုိင္းရဲ႕ ၿမိဳ႕ေတာ္မွာ ဇူလုိင္ ၁၇ ရက္တုန္းက လုပ္ၾကံပစ္ခတ္မႈျဖစ္ပြားခဲ့ရာ တူရကီ ေကာင္စစ္ဝန္အပါအဝင္ လူ ႏွစ္ဦးထက္မနည္း ေသဆုံးခဲ့ရေၾကာင္း ေဒသႏၲရ လုံျခဳံေရးအရာရွိေတြနဲ႔ တူရကီ ႏုိင္ငံျခားေရးဝန္ႀကီးဌာနတုိ႔က ထုတ္ျပန္လုိက္ပါတယ္။

အာဘီးလ္ၿမိဳ႕ စားေသာက္ဆုိင္တစ္ဆုိင္မွာ တူရကီ သံတမန္ေတြ ညစာစားေနစဥ္ ေသနတ္သမား တစ္ဦးက ဝင္ေရာက္ပစ္ခတ္ခဲ့ၿပီးေနာက္ အသင့္ေစာင့္ေနတဲ့ကားျဖင့္ ထြက္ေျပးသြားခဲ့တယ္လုိ႔ ကာ့ဒ္လူမ်ိဳး လုံျခံဳေရးအရာရွိ ႏွစ္ဦးနဲ႔ မ်က္ျမင္သက္ေသ တစ္ဦးတုိ႔က ေျပာပါတယ္။

အဆိုပါ လုပ္ၾကံမႈကုိ တူရကီ၊ အီရတ္ ဗဟုိအစုိးရနဲ႔ ကာ့ဒ္ အာဏာပုိင္ သုံးဖက္စလုံးက ႐ွဳတ္ခ်ထားပါတယ္။ လုပ္ၾကံမႈမျဖစ္ပြားခင္ လြန္ခဲ့တဲ့ ရက္သတၱပတ္ေတြမွာတုန္းက တူရကီဟာ အီရတ္ေျမာက္ပုိင္းရွိ ကာ့ဒ္လူမ်ိဳး ခြဲထြက္ေရးသမား လက္နက္ကုိင္ေတြအေပၚ ထုိးစစ္အသစ္ စတင္ခဲ့ပါတယ္။
ကာဒစၥတန္ အလုပ္သမားပါတီ (PKK) ဟာ ၄င္းေဒသမွာ ခြဲထြက္ေရးသူပုန္ထေနတဲ့ အဖြဲ႕အစည္း ျဖစ္ပါတယ္။ ၄င္းတုိ႔ဟာ အာဘီးလ္ၿမိဳ႕ရဲ႕ ေျမာက္ဖက္ ေတာင္ေပၚနယ္စပ္ေဒသကုိ အေျခစုိက္ၿပီး တူရကီ အေရွ႕ေတာင္ပုိင္းမွာ လက္နက္ကုိင္ တုိက္ပြဲဝင္ေနပါတယ္။  ယခုလုပ္ၾကံမႈမွာ လက္သည္ကုိ လုိက္လံရွာေဖြ ေဖာ္ထုတ္ေနဆဲျဖစ္ၿပီး မည္သည့္အဖြဲ႕အစည္းကမွ် တာဝန္ခံ၊ ေၾကညာျခင္း မျပဳေသးပါဘူး။
ယခင္မွာေတာ့ တူရကီနဲ႔ ကာ့ဒ္ အာဏာရပါတီ KDP တုိ႔ဟာ တူရကီနဲ႔ဆက္စပ္ေနတဲ့ အီရတ္ ေျမာက္ပုိင္း တုိက္ခုိက္မႈေတြမွာ PKK ပါတီကုိ လက္ညိဳးထုိး၊ ႐ႈတ္ခ်ခဲ့ပါတယ္။ ၂၀၁၉ ႏွစ္ဆန္းပုိင္း မွာဆုိလွ်င္ တူရကီစစ္စခန္းတစ္ခု ဝင္ေရာက္ပစ္ခတ္ တုိက္ခုိက္ခံခဲ့ရပါတယ္။

ယခုျဖစ္ရပ္မွာ ေသဆုံးသူေတြအနက္ တစ္ဦးဟာ အီရတ္-ကာဒစၥတန္ ေဒသဆုိင္ရာ တူရကီ ေကာင္စစ္ဝန္တစ္ဦးျဖစ္တယ္လုိ႔ တူရကီ ႏုိင္ငံျခားေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားၿပီး ကာ့ဒ္ လုံျခဳံေရး တပ္ဖြဲ႕ကေတာ့ သံတမန္ တစ္ဦးနဲ႔ အရပ္သား တစ္ဦး ေသဆုံးၿပီး တစ္ဦး ဒဏ္ရာရရွိတယ္လုိ႔ ထုတ္ျပန္ထားပါတယ္။

တူရကီဟာ PKK သူပုန္ေတြကုိ အီရတ္ေျမာက္ပုိင္းမွာအထိ ေလေၾကာင္းမွတုိက္ခုိက္ေလ့ရွိၿပီး ၂၀၁၉ ေမလမွာဆုိလွ်င္ စစ္ဆင္ေရးအသစ္အေနျဖင့္ အထူးတပ္ဖြဲ႕ဝင္ေတြကုိ ၄င္းေတာင္ေပၚေဒသသုိ႔ ေစလႊတ္ခဲ့ပါတယ္။

- ZHO ( အကုန္သိ သတင္းဌာန )  | (Ref : Reuters)

Unicode Version

 

အီရတ်နိုင်ငံမြောက်ပိုင်းရဲ့ မြို့တော်မှာ ဇူလိုင် ၁၇ ရက်တုန်းက လုပ်ကြံပစ်ခတ်မှုဖြစ်ပွားခဲ့ရာ တူရကီ ကောင်စစ်ဝန်အပါအဝင် လူ နှစ်ဦးထက်မနည်း သေဆုံးခဲ့ရကြောင်း ဒေသန္တရ လုံခြုံရေးအရာရှိတွေနဲ့ တူရကီ နိုင်ငံခြားရေးဝန်ကြီးဌာနတို့က ထုတ်ပြန်လိုက်ပါတယ်။

အာဘီးလ်မြို့ စားသောက်ဆိုင်တစ်ဆိုင်မှာ တူရကီ သံတမန်တွေ ညစာစားနေစဉ် သေနတ်သမား တစ်ဦးက ဝင်ရောက်ပစ်ခတ်ခဲ့ပြီးနောက် အသင့်စောင့်နေတဲ့ကားဖြင့် ထွက်ပြေးသွားခဲ့တယ်လို့ ကာ့ဒ်လူမျိုး လုံခြုံရေးအရာရှိ နှစ်ဦးနဲ့ မျက်မြင်သက်သေ တစ်ဦးတို့က ပြောပါတယ်။

အဆိုပါ လုပ်ကြံမှုကို တူရကီ၊ အီရတ် ဗဟိုအစိုးရနဲ့ ကာ့ဒ် အာဏာပိုင် သုံးဖက်စလုံးက ရှုတ်ချထားပါတယ်။ လုပ်ကြံမှုမဖြစ်ပွားခင် လွန်ခဲ့တဲ့ ရက်သတ္တပတ်တွေမှာတုန်းက တူရကီဟာ အီရတ်မြောက်ပိုင်းရှိ ကာ့ဒ်လူမျိုး ခွဲထွက်ရေးသမား လက်နက်ကိုင်တွေအပေါ် ထိုးစစ်အသစ် စတင်ခဲ့ပါတယ်။
ကာဒစ္စတန် အလုပ်သမားပါတီ (PKK) ဟာ ၎င်းဒေသမှာ ခွဲထွက်ရေးသူပုန်ထနေတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။ ၎င်းတို့ဟာ အာဘီးလ်မြို့ရဲ့ မြောက်ဖက် တောင်ပေါ်နယ်စပ်ဒေသကို အခြေစိုက်ပြီး တူရကီ အရှေ့တောင်ပိုင်းမှာ လက်နက်ကိုင် တိုက်ပွဲဝင်နေပါတယ်။  ယခုလုပ်ကြံမှုမှာ လက်သည်ကို လိုက်လံရှာဖွေ ဖော်ထုတ်နေဆဲဖြစ်ပြီး မည်သည့်အဖွဲ့အစည်းကမျှ တာဝန်ခံ၊ ကြေညာခြင်း မပြုသေးပါဘူး။
ယခင်မှာတော့ တူရကီနဲ့ ကာ့ဒ် အာဏာရပါတီ KDP တို့ဟာ တူရကီနဲ့ဆက်စပ်နေတဲ့ အီရတ် မြောက်ပိုင်း တိုက်ခိုက်မှုတွေမှာ PKK ပါတီကို လက်ညိုးထိုး၊ ရှုတ်ချခဲ့ပါတယ်။ ၂၀၁၉ နှစ်ဆန်းပိုင်း မှာဆိုလျှင် တူရကီစစ်စခန်းတစ်ခု ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခံခဲ့ရပါတယ်။

ယခုဖြစ်ရပ်မှာ သေဆုံးသူတွေအနက် တစ်ဦးဟာ အီရတ်-ကာဒစ္စတန် ဒေသဆိုင်ရာ တူရကီ ကောင်စစ်ဝန်တစ်ဦးဖြစ်တယ်လို့ တူရကီ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပြီး ကာ့ဒ် လုံခြုံရေး တပ်ဖွဲ့ကတော့ သံတမန် တစ်ဦးနဲ့ အရပ်သား တစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

တူရကီဟာ PKK သူပုန်တွေကို အီရတ်မြောက်ပိုင်းမှာအထိ လေကြောင်းမှတိုက်ခိုက်လေ့ရှိပြီး ၂၀၁၉ မေလမှာဆိုလျှင် စစ်ဆင်ရေးအသစ်အနေဖြင့် အထူးတပ်ဖွဲ့ဝင်တွေကို ၎င်းတောင်ပေါ်ဒေသသို့ စေလွှတ်ခဲ့ပါတယ်။

- ZHO ( အကုန်သိ သတင်းဌာန ) | (Ref : Reuters)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။