Skip to main content
ရႈိ႕မီးျဖစ္ဖြယ္ရွိတဲ့ ဂ်ပန္ အန္နီေမးရွင္းစတူဒီယုိတစ္ခု မီးေလာင္မႈအတြင္း လူ ၁၃ ဦး ထက္မနည္း ေသဆုံး
Ads Block

ရႈိ႕မီးျဖစ္ဖြယ္ရွိတဲ့ ဂ်ပန္ အန္နီေမးရွင္းစတူဒီယုိတစ္ခု မီးေလာင္မႈအတြင္း လူ ၁၃ ဦး ထက္မနည္း ေသဆုံး

 

ရႈိ ့မီးလုိ ့ သံသယရွိတဲ့ ဂ်ပန္ႏုိင္ငံ က်ဳိတုိၿမိဳ႕က အန္နီေမးရွင္း စတူဒီယုိတစ္ခု မီးေလာင္မႈ ျဖစ္ပြားခဲ့ရာမွာ လူ ၁၃ ဦး ထက္မနည္းေသဆုံးၿပီး ၄၀ နီးပါး ထိခုိက္ဒဏ္ရာရခဲ့ေၾကာင္းနဲ ့ အမ်ားစုဟာ သတိလစ္ေမ့ေမ်ာေနၾကေၾကာင္း ရဲတပ္ဖြဲ ့နဲ႕ ေဒသဆုိင္ရာ အေရးေပၚဌာန တာ၀န္ရွိသူေတြက ေျပာပါတယ္။
ဒီေန ့(ဇူလုိင္ ၁၈) မနက္ပုိင္းက က်ဳိတုိ အန္နီေမးရွင္း ကုမၸဏီ စတူဒီယုိအတြင္းကုိ အမ်ဳိးသား တစ္ဦး က်ဴးေက်ာ္၀င္ေရာက္ခဲ့ကာ အမ်ဳိးအမည္မသိ မီးေလာင္လြယ္ အရည္ေတြ ဖ်န္းပက္ခဲ့ေၾကာင္း ရဲတပ္ဖြဲ႕ ရဲ႕ ေျပာဆုိမႈကုိ ကုိးကားၿပီး ေဒသတြင္း မီဒီယာေတြက ေဖာ္ျပခဲ့ပါတယ္။ မီးေလာင္မႈအတြင္း လူ ၃၀ ေလာက္ စာရင္းမေတြ ့ျဖစ္ေနေသးေၾကာင္း NHK သတင္းက ေဖာ္ျပပါတယ္။ သံသယရွိ မီးရႈိ ့သူကုိေတာ့ ဖမ္းဆီး ႏုိင္ခဲ့ၿပီျဖစ္ကာ ဒဏ္ရာေတြရထားလုိ ့ ေဆးရုံပုိ ့ေပးထားေၾကာင္း သိရပါတယ္။
ဒီေန ့မနက္ ေဒသစံေတာ္ခ်ိန္ ၁၀ နာရီခြဲေလာက္မွာ မီးေလာင္မႈစျဖစ္ခဲ့တာျဖစ္ၿပီး ကယ္ဆယ္ေရးေတြ ဆက္လုပ္ေနဆဲျဖစ္ေၾကာင္း သိရပါတယ္။
မီးေလာင္ခ်ိန္က ယင္း သုံးထပ္စတူဒီယုိအေဆာက္အအုံမွာ ၀န္ထမ္း ၇၀ ေလာက္ အလုပ္လုပ္ ေနၾကတယ္လုိ ့ ယုံၾကည္ရကာ ေသဆုံးခဲ့တဲ့ ရုပ္အေလာင္းအမ်ားစုကုိ ဒုတိယထပ္မွာ ေတြ ့ရွိခဲ့တာျဖစ္ပါတယ္။ မ်က္ျမင္ေတြ ့သူအခ်ဳိ ့ရဲ႕ ေျပာဆုိခ်က္အရ သံယရွိ အမ်ဳိးသားက “ေသၾကစမ္း” ေရရြတ္ကာ မီးစရႈိ႕ ခဲ့တာျဖစ္ေၾကာင္း ရဲေတြက ေျပာပါတယ္။ အခင္းျဖစ္ အေဆာက္အအုံမွာ ဓါးေတြ ေတြ ့ရွိခဲ့တယ္လုိ ့လည္း ရဲက ဆုိပါတယ္။
ဂ်ပန္မွာ KyoAni လုိ ့ အတုိေကာက္ေခၚၾကတဲ့ က်ဳိတုိ အန္နီးေမးရွင္းဟာ နာမည္ေက်ာ္ အန္နီေမးရွင္း ရုပ္သံဇာတ္လမ္းတြဲေတြ ထုတ္လႊင့္ျပသေနတာျဖစ္ပါတယ္။
စတူဒီယုိ အနီးပတ္၀န္းက်င္မွာ ေနသူေတြရဲ႕ အေျပာအရ ေပါက္ကြဲသံေတြၾကားခဲ့ရကာ အေဆာက္အအုံထဲကေန မီးခုိးမည္းေတြ ထြက္လာတာေတြ ့ခဲ့ရတယ္လုိ ့ ဆုိပါတယ္။

- ကုိလင္း  ( အကုန္သိ သတင္းဌာန )  | Ref : Kyodo News

Unicode Version

 

ရှို့မီးလို့ သံသယရှိတဲ့ ဂျပန်နိုင်ငံ ကျိုတိုမြို့က အန်နီမေးရှင်း စတူဒီယိုတစ်ခု မီးလောင်မှု ဖြစ်ပွားခဲ့ရာမှာ လူ ၁၃ ဦး ထက်မနည်းသေဆုံးပြီး ၄၀ နီးပါး ထိခိုက်ဒဏ်ရာရခဲ့ကြောင်းနဲ့ အများစုဟာ သတိလစ်မေ့မျောနေကြကြောင်း ရဲတပ်ဖွဲ့နဲ့ ဒေသဆိုင်ရာ အရေးပေါ်ဌာန တာဝန်ရှိသူတွေက ပြောပါတယ်။
ဒီနေ့(ဇူလိုင် ၁၈) မနက်ပိုင်းက ကျိုတို အန်နီမေးရှင်း ကုမ္ပဏီ စတူဒီယိုအတွင်းကို အမျိုးသား တစ်ဦး ကျူးကျော်ဝင်ရောက်ခဲ့ကာ အမျိုးအမည်မသိ မီးလောင်လွယ် အရည်တွေ ဖျန်းပက်ခဲ့ကြောင်း ရဲတပ်ဖွဲ့ ရဲ့ ပြောဆိုမှုကို ကိုးကားပြီး ဒေသတွင်း မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ မီးလောင်မှုအတွင်း လူ ၃၀ လောက် စာရင်းမတွေ့ဖြစ်နေသေးကြောင်း NHK သတင်းက ဖော်ပြပါတယ်။ သံသယရှိ မီးရှို့သူကိုတော့ ဖမ်းဆီး နိုင်ခဲ့ပြီဖြစ်ကာ ဒဏ်ရာတွေရထားလို့ ဆေးရုံပို့ပေးထားကြောင်း သိရပါတယ်။
ဒီနေ့မနက် ဒေသစံတော်ချိန် ၁၀ နာရီခွဲလောက်မှာ မီးလောင်မှုစဖြစ်ခဲ့တာဖြစ်ပြီး ကယ်ဆယ်ရေးတွေ ဆက်လုပ်နေဆဲဖြစ်ကြောင်း သိရပါတယ်။
မီးလောင်ချိန်က ယင်း သုံးထပ်စတူဒီယိုအဆောက်အအုံမှာ ဝန်ထမ်း ၇၀ လောက် အလုပ်လုပ် နေကြတယ်လို့ ယုံကြည်ရကာ သေဆုံးခဲ့တဲ့ ရုပ်အလောင်းအများစုကို ဒုတိယထပ်မှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။ မျက်မြင်တွေ့သူအချို့ရဲ့ ပြောဆိုချက်အရ သံယရှိ အမျိုးသားက “သေကြစမ်း” ရေရွတ်ကာ မီးစရှို့ ခဲ့တာဖြစ်ကြောင်း ရဲတွေက ပြောပါတယ်။ အခင်းဖြစ် အဆောက်အအုံမှာ ဓါးတွေ တွေ့ရှိခဲ့တယ်လို့လည်း ရဲက ဆိုပါတယ်။
ဂျပန်မှာ KyoAni လို့ အတိုကောက်ခေါ်ကြတဲ့ ကျိုတို အန်နီးမေးရှင်းဟာ နာမည်ကျော် အန်နီမေးရှင်း ရုပ်သံဇာတ်လမ်းတွဲတွေ ထုတ်လွှင့်ပြသနေတာဖြစ်ပါတယ်။
စတူဒီယို အနီးပတ်ဝန်းကျင်မှာ နေသူတွေရဲ့ အပြောအရ ပေါက်ကွဲသံတွေကြားခဲ့ရကာ အဆောက်အအုံထဲကနေ မီးခိုးမည်းတွေ ထွက်လာတာတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

- ကိုလင်း  ( အကုန်သိ သတင်းဌာန ) | Ref : Kyodo News

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။