Skip to main content
ေနာက္ေၾကာင္းျပန္အေရးမယူေရး  ေတာင္းဆုိခ်က္ကုိ ဆန္႔က်င္ သြားမည္ဟု ဆူဒန္ရဲ႕ အရပ္သား အတုိက္အခံအင္အားစု ေျပာ
Ads Block

ေနာက္ေၾကာင္းျပန္အေရးမယူေရး ေတာင္းဆုိခ်က္ကုိ ဆန္႔က်င္ သြားမည္ဟု ဆူဒန္ရဲ႕ အရပ္သား အတုိက္အခံအင္အားစု ေျပာ

ဆူဒန္ရဲ႕ အတုိက္အခံအင္အားစုဟာ ဆႏၵျပပြဲမ်ားအတြင္း လူတစ္ရာေက်ာ္ ေသဆုံးခဲ့ရတဲ့အထိ အၾကမ္းဖက္ၿဖိဳခြဲခံခဲ့ရမႈနဲ႔ စပ္လ်ဥ္းၿပီး စစ္အုပ္ခ်ဳပ္ေရးေကာင္စီမွ ေတာင္းဆုိထားတဲ့ “ေနာက္ေၾကာင္းျပန္အေရးမယူေရး” ကင္းလြတ္ခြင့္ကုိ ဆန္႔က်င္၊ ကန္႔ကြက္ပိတ္ပင္မည္ျဖစ္ေၾကာင္း ဇူလုိင္ ၁၆ ရက္မွာ သတင္းရရွိပါတယ္။
ဆူဒန္မွာ အာဏာရွင္ သမၼတေဟာင္း ဘာရွား ျဖဳတ္ခ်ခံရၿပီးေနာက္ အရပ္သားအစုိးရအျဖစ္ အာဏာလႊဲေျပာင္းေပးေရးအတြက္ အာဏာသိမ္း စစ္အုပ္ခ်ဳပ္ေရးေကာင္စီ (TMC) နဲ႔ အရပ္သား လြတ္လပ္ေရးနဲ႔ေျပာင္းလဲေရးအင္အားစ ု(FFC) တုိ႔ ေဆြးေႏြးၫွိႏႈိင္းေနပါတယ္။ ၄င္းမွာ ဥပေဒ ဆုိင္ရာကင္းလြတ္ခြင့္ေတြ ရရွိလုိေၾကာင္း စစ္အုပ္ခ်ဳပ္ေရးေကာင္စီရဲ႕ ေတာင္းဆုိခ်က္ဟာ ၫွိႏႈိင္းသေဘာတူရန္ ခက္ခဲေနတဲ့ ေခါင္းစဥ္ေတြအနက္ တစ္ခုအပါအဝင္ျဖစ္ပါတယ္။
၄င္းေတာင္းဆုိခ်က္နဲ႔စပ္လ်ဥ္းၿပီး မည္သုိ႔ေသာ ကင္းလြတ္ခြင့္မ်ိဳးကုိမဆုိ ပိတ္ပင္ကန္႔သတ္ရန္ အဖြဲ႕အစည္းအားလုံးက သေဘာတူ၊ ဆုံးျဖတ္ထားတယ္လုိ႔ FFC အဖြဲ႕ဝင္ ဆူဒန္ ပေရာ္ဖက္ရွင္နယ္မ်ားအဖြဲ႕ (SPA) ရဲ႕ ေခါင္းေဆာင္တစ္ဦးက ေျပာၾကားလုိက္ပါတယ္။
“TMC ဘက္က တင္ျပထားတဲ့ ဖြဲ႕စည္းပုံအေျခခံဥပေဒမူၾကမ္းမွာ ပါေနတဲ့ ေနာက္ေၾကာင္းျပန္ အေရးမယူေရး ကင္းလြတ္ခြင့္က အႂကြင္းမဲ့ကင္းလြတ္ခြင့္မ်ိဳး။ အဲ့ဒီကိစၥအတြက္ ဘယ္လုိ ကင္းလြတ္ခြင့္မ်ိဳးကုိမဆုိ လုပ္ထုံးလုပ္နည္းအတုိင္း ကန္႔သတ္ပိတ္ပင္သြားဖုိ႔ FFC အဖြဲ႕ဝင္အားလုံးက သေဘာတူ၊ ဆုံးျဖတ္ထားတယ္”လုိ႔ ၄င္းက ေျပာျပပါတယ္။
ဆူဒန္မွာ အာဏာရွင္ ဘာရွားကုိ ျပည္သူေတြက ရက္သတၱပတ္မ်ားၾကာေအာင္ ဆႏၵျပခဲ့ၿပီးေနာက္ ဧၿပီလမွာ စစ္တပ္က အာဏာသိမ္း၊ ျဖဳတ္ခ်ခဲ့ပါတယ္။ ထုိ႔ေနာက္မွာေတာ့ အရပ္သားအစုိးရထံ အာဏာလႊဲေျပာင္းေပးရန္  ဆႏၵျပျပည္သူေတြက ဆက္လက္ေတာင္းဆုိလာၾကရာ အကူးအေျပာင္း ကာလတြင္း အရပ္ဘက္နဲ႔စစ္ဘက္ အာဏာခြဲေဝယူၾကရန္ သေဘာတူႏုိင္ခဲ့ပါတယ္။
ဒါေပမဲ့ စစ္တပ္က အာဏာစြန္႔လုိပုံ မေပၚတဲ့အျပင္ အကူးအေျပာင္းအစုိးရကုိလည္း လႊမ္းမုိး ခ်ဳပ္ကုိင္ရန္ ေတာင္းဆုိလာတာေၾကာင့္ ျပည္သူေတြက ထုိင္သပိတ္ျဖင့္ ဆႏၵျပဆက္ျပၾကပါတယ္။ ဇြန္ ၃ ရက္မွာေတာ့ ထုိင္သပိတ္ကုိ TMC နဲ႔ဆက္စပ္ေနတဲ့ စစ္တစ္ပုိင္းတပ္ RSF က အၾကမ္းဖက္ၿဖိဳခြဲ ခဲ့တဲ့အတြက္ လူ ၁၂၀ ခန္႔ ေသဆုံးၿပီး ၇၀ ခန္႔ အဓမၼက်င့္ခံခဲ့ရပါတယ္။

TMC ကေတာ့ ၄င္းၿဖိဳခြဲမႈမွာ လူ ၆၁ ဦးထက္မနည္း ေသဆုံးေၾကာင္း ထုတ္ျပန္ထားပါတယ္။ ထုိျဖစ္ရပ္အတြက္ တာဝန္ရွိသူ အရာရွိေတြကုိ ႐ႈတ္ခ်ထားၿပီး ခုံ႐ုံးတင္မယ္လုိ႔ ေျပာၾကားခဲ့ေပမယ့္ ၄င္းေနာက္ကြယ္မွာ TMC အဖြဲ႕ဝင္ ဗုိလ္ခ်ဳပ္ႀကီးေတြ ပါဝင္ျခင္းမရွိဘူးလုိ႔ ျငင္းဆုိထားပါတယ္။

- ZHO  ( အကုန္သိ သတင္းဌာန ) | (Ref : Reuters)

Unicode Version

 

ဆူဒန်ရဲ့ အတိုက်အခံအင်အားစုဟာ ဆန္ဒပြပွဲများအတွင်း လူတစ်ရာကျော် သေဆုံးခဲ့ရတဲ့အထိ အကြမ်းဖက်ဖြိုခွဲခံခဲ့ရမှုနဲ့ စပ်လျဉ်းပြီး စစ်အုပ်ချုပ်ရေးကောင်စီမှ တောင်းဆိုထားတဲ့ “နောက်ကြောင်းပြန်အရေးမယူရေး” ကင်းလွတ်ခွင့်ကို ဆန့်ကျင်၊ ကန့်ကွက်ပိတ်ပင်မည်ဖြစ်ကြောင်း ဇူလိုင် ၁၆ ရက်မှာ သတင်းရရှိပါတယ်။
ဆူဒန်မှာ အာဏာရှင် သမ္မတဟောင်း ဘာရှား ဖြုတ်ချခံရပြီးနောက် အရပ်သားအစိုးရအဖြစ် အာဏာလွှဲပြောင်းပေးရေးအတွက် အာဏာသိမ်း စစ်အုပ်ချုပ်ရေးကောင်စီ (TMC) နဲ့ အရပ်သား လွတ်လပ်ရေးနဲ့ပြောင်းလဲရေးအင်အားစ ု(FFC) တို့ ဆွေးနွေးညှိနှိုင်းနေပါတယ်။ ၎င်းမှာ ဥပဒေ ဆိုင်ရာကင်းလွတ်ခွင့်တွေ ရရှိလိုကြောင်း စစ်အုပ်ချုပ်ရေးကောင်စီရဲ့ တောင်းဆိုချက်ဟာ ညှိနှိုင်းသဘောတူရန် ခက်ခဲနေတဲ့ ခေါင်းစဉ်တွေအနက် တစ်ခုအပါအဝင်ဖြစ်ပါတယ်။
၎င်းတောင်းဆိုချက်နဲ့စပ်လျဉ်းပြီး မည်သို့သော ကင်းလွတ်ခွင့်မျိုးကိုမဆို ပိတ်ပင်ကန့်သတ်ရန် အဖွဲ့အစည်းအားလုံးက သဘောတူ၊ ဆုံးဖြတ်ထားတယ်လို့ FFC အဖွဲ့ဝင် ဆူဒန် ပရော်ဖက်ရှင်နယ်များအဖွဲ့ (SPA) ရဲ့ ခေါင်းဆောင်တစ်ဦးက ပြောကြားလိုက်ပါတယ်။
“TMC ဘက်က တင်ပြထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းမှာ ပါနေတဲ့ နောက်ကြောင်းပြန် အရေးမယူရေး ကင်းလွတ်ခွင့်က အကြွင်းမဲ့ကင်းလွတ်ခွင့်မျိုး။ အဲ့ဒီကိစ္စအတွက် ဘယ်လို ကင်းလွတ်ခွင့်မျိုးကိုမဆို လုပ်ထုံးလုပ်နည်းအတိုင်း ကန့်သတ်ပိတ်ပင်သွားဖို့ FFC အဖွဲ့ဝင်အားလုံးက သဘောတူ၊ ဆုံးဖြတ်ထားတယ်”လို့ ၎င်းက ပြောပြပါတယ်။
ဆူဒန်မှာ အာဏာရှင် ဘာရှားကို ပြည်သူတွေက ရက်သတ္တပတ်များကြာအောင် ဆန္ဒပြခဲ့ပြီးနောက် ဧပြီလမှာ စစ်တပ်က အာဏာသိမ်း၊ ဖြုတ်ချခဲ့ပါတယ်။ ထို့နောက်မှာတော့ အရပ်သားအစိုးရထံ အာဏာလွှဲပြောင်းပေးရန်  ဆန္ဒပြပြည်သူတွေက ဆက်လက်တောင်းဆိုလာကြရာ အကူးအပြောင်း ကာလတွင်း အရပ်ဘက်နဲ့စစ်ဘက် အာဏာခွဲဝေယူကြရန် သဘောတူနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ စစ်တပ်က အာဏာစွန့်လိုပုံ မပေါ်တဲ့အပြင် အကူးအပြောင်းအစိုးရကိုလည်း လွှမ်းမိုး ချုပ်ကိုင်ရန် တောင်းဆိုလာတာကြောင့် ပြည်သူတွေက ထိုင်သပိတ်ဖြင့် ဆန္ဒပြဆက်ပြကြပါတယ်။ ဇွန် ၃ ရက်မှာတော့ ထိုင်သပိတ်ကို TMC နဲ့ဆက်စပ်နေတဲ့ စစ်တစ်ပိုင်းတပ် RSF က အကြမ်းဖက်ဖြိုခွဲ ခဲ့တဲ့အတွက် လူ ၁၂၀ ခန့် သေဆုံးပြီး ၇၀ ခန့် အဓမ္မကျင့်ခံခဲ့ရပါတယ်။

TMC ကတော့ ၎င်းဖြိုခွဲမှုမှာ လူ ၆၁ ဦးထက်မနည်း သေဆုံးကြောင်း ထုတ်ပြန်ထားပါတယ်။ ထိုဖြစ်ရပ်အတွက် တာဝန်ရှိသူ အရာရှိတွေကို ရှုတ်ချထားပြီး ခုံရုံးတင်မယ်လို့ ပြောကြားခဲ့ပေမယ့် ၎င်းနောက်ကွယ်မှာ TMC အဖွဲ့ဝင် ဗိုလ်ချုပ်ကြီးတွေ ပါဝင်ခြင်းမရှိဘူးလို့ ငြင်းဆိုထားပါတယ်။

- ZHO  ( အကုန်သိ သတင်းဌာန )  | ( Ref : Reuters )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။