Skip to main content
ေျခဥျပင္ဆင္ေရးေကာ္မတီမွတင္ျပထားသည္မ်ားကိုျပင္ဆင္ပါက အႏၱရာယ္ရိွလာႏိုင္ဟု ဗိုလ္မွဴးခ်ဳပ္ ေမာင္ေမာင္ေျပာ
Ads Block

ေျခဥျပင္ဆင္ေရးေကာ္မတီမွတင္ျပထားသည္မ်ားကိုျပင္ဆင္ပါက အႏၱရာယ္ရိွလာႏိုင္ဟု ဗိုလ္မွဴးခ်ဳပ္ ေမာင္ေမာင္ေျပာ

၂၀၀၈ ဖဲြ႔စည္းပံုအေျခခံဥပေဒျပင္ဆင္ေရးပူးေပါင္းေကာ္မတီမွတင္ျပထားေသာ အခ်က္ေပါင္း ၃၇၆၅ ခ်က္ကို ျပင္ဆင္မည္ဆိုပါကအႏၱရာယ္ရိွလာႏိုင္ေၾကာင္း တပ္မေတာ္သားလႊတ္ေတာ္ကိုယ္စားလွယ္ ဗိုလ္မွဴးခ်ဳပ္ေမာင္ေမာင္က ေျပာသည္။
လက္ရိွတြင္ ျပင္ဆင္ျဖည့္စြက္ရန္အခ်က္မ်ားကို လႊတ္ေတာ္ကိုယ္စားလွယ္မ်ားသို႔ ေပးေ၀ထားၿပီးျဖစ္ေၾကာင္း ဗိုလ္မွဴးခ်ဳပ္ေမာင္ေမာင္က လႊတ္ေတာ္အၿပီး၌ သတင္းသမားမ်ားအား ေျပာသည္။
“ျပင္ဆင္မယ့္အခ်က္ေတြေပးထားတာပဲေလ။ မီဒီယာေတြလည္းရမွာပါ။ အဲဒီဟာနဲ႔ ပတ္သက္ျပီးေတာ့ ကၽြန္ေတာ္တို႔က အစည္းအေ၀းမွာလည္း သီးျခားမွတ္ခ်က္မေပးခဲ့ဘူး။ ကၽြန္ေတာ္ ဟိုတစ္ေန႔ကလည္း ေျပာပါေသးတယ္။ ေဆြးေႏြးဖို႔၊ ျပဳဖို႔ ကၽြန္ေတာ္တို႔ မဆံုးျဖတ္ရေသးပါဘူး။ ကၽြန္ေတာ္တို႔ကေတာ့ ဒါကို စကတည္းက ဖဲြ႔စည္းပံုအေျခခံဥပေဒျပင္ဆင္ေရးသည္ ဥပေဒနဲ႔မညီဘူး။ လုပ္ေဆာင္ခ်က္ေတြကေပါ့။ မညီတဲ့အတြက္ေၾကာင့္ ကၽြန္ေတာ္တို႔အေနနဲ႔ သီးျခားေျပာစရာေတာ့မရိွဘူး။ ဒါေပမဲ့လည္း ဖဲြ႔ေပးလိုက္တဲ့အခါမွာ အားလံုးလည္း သိပါတယ္။ ၃၇၆၅ ခ်က္။ နည္းတဲ့အခ်က္ေတြမဟုတ္ဘူး။ ဒါေတြၾကည့္လိုက္လို႔ရိွရင္ ကၽြန္ေတာ္တို႔ႏိုင္ငံရဲ႕ဖဲြ႔စည္းပံုအေျခခံဥပေဒမွာ ဘယ္ေလာက္ အႏၱရာယ္ရိွလာလဲဆိုတာ ျမင္ရမွာေပါ့ေနာ္” ဟု ဗိုလ္မွဴးခ်ဳပ္ ေမာင္ေမာင္က ေျပာသည္။
၂၀၀၈ ဖဲြ႔စည္းပံုအေျခခံဥပေဒျပင္ဆင္ေရး ပူးေပါင္းေကာ္မတီက အစီရင္ခံစာကို ၿပီးခဲ့ေသာဇူလိုင္လ ၁၅ ရက္က က်င္းပသည့္ ဒုတိယအႀကိမ္ျပည္ေထာင္စုလႊတ္ေတာ္ (၁၃) ႀကိမ္ေျမာက္ပုံမွန္အစည္းအေ၀းတြင္ တင္သြင္းခဲ့ၿပီး တပ္မေတာ္သားကိုယ္စားလွယ္မ်ားက ဖဲြ႔စည္းပံုတြင္ ျပ႒ာန္းခ်က္မ်ားႏွင့္ မကိုက္ညီဟု သေဘာထားမွတ္ခ်က္ ေပးထားေၾကာင္း သိရသည္။
တပ္မေတာ္သားမ်ားကေပးခဲ့သည့္ မွတ္ခ်က္မ်ားမွာ ဖြဲ႔စည္းပံုျပင္ဆင္ေရး ပူးေပါင္းေကာ္မတီေဆာင္ရြက္ျခင္း သည္ ဖြဲ႔စည္းပံုအေျခခံဥပေဒ ၁၂ ႏွင့္ ကိုက္ညီျခင္းမရွိေသာေၾကာင့္ တပ္မေတာ္သား လႊတ္ေတာ္ကိုယ္စားလွယ္မ်ားက ေကာ္မတီဖြဲ႔စည္းရန္ အဆိုတင္သြင္းစဥ္ကတည္းကပင္ ကန္႔ကြက္ခဲ့ျခင္း ျဖစ္ေၾကာင္း၊ သို႔ရာတြင္ ျပည္ေထာင္စုလႊတ္ေတာ္က မဲခြဲအတည္ျပဳျပီး အဆိုပါေကာ္မတီကို ဖြဲ႔စည္းျခင္းျဖစ္၍ ျပင္ဆင္ေရးပူးေပါင္းေကာ္မတီတြင္ တပ္မေတာ္သားလႊတ္ေတာ္ကိုယ္စားလွယ္မ်ားက ျပည္ေထာင္စုလႊတ္ေတာ္ ၏ ဆံုးျဖတ္ခ်က္ကို ေလးစားလိုက္နာေသာေၾကာင့္ တက္ေရာက္ခဲ့ပါေၾကာင္း တင္ျပထားသည္။
ယင္းကဲ့သို႔ လႊတ္ေတာ္တက္ေရာက္စဥ္တြင္လည္း တပ္မေတာ္သားလႊတ္ေတာ္ကိုယ္စားလွယ္မ်ားမွ ျပင္ဆင္ရန္ အဆိုျပဳခ်က္မ်ားတင္သြင္းျခင္း သေဘာထားမွတ္ခ်က္တို႔ကို ေဆာင္ရြက္ခဲ႔ျခင္းမရွိေၾကာင္း၊ ယခုပူးေပါင္း ေကာ္မတီ၏အစီရင္ခံစာ လုပ္ငန္းစဥ္မ်ားသည္ ဖြဲ႔စည္းပံုအေျခခံဥပေဒ အခန္း ၁၂ ပါဖြဲ႔စည္းပံု အေျခခံဥပေဒ ျပင္ဆင္ျခင္းဆိုင္ရာ ျပ႒ာန္းခ်က္မ်ားႏွင့္ကိုက္ညီမႈမရွိေၾကာင္း တပ္မေတာ္သားကိုယ္စားလွယ္မ်ားက သေဘာထားမွတ္ခ်က္ေပးထားေၾကာင္း သိရသည္။
ဖဲြ႔စည္းပံုျပင္ဆင္ေရး အစီရင္ခံစာတြင္ အခန္း ၁ မွ အခန္း ၁၅ အထိ အၾကံျပစုစည္းခ်က္ေပါင္း ၃၇၆၅ ခ်က္ ရွိသည္ကို ျပင္ဆင္ေရးပူးေပါင္းေကာ္မတီ၏အတြင္းေရးမွဴးျဖစ္သူ ေဒါက္တာျမတ္ဥာဏစိုးက လႊတ္ေတာ္တြင္ ဖတ္ၾကားတင္သြင္းခဲ့ၿပီး အဆိုပါကိစၥႏွင့္ပတ္သပ္၍ ေဆြးေႏြးလိုသည့္ ကိုယ္စားလွယ္မ်ားရွိပါက ဇူလိုင္လ ၂၂ ရက္ ေနာက္ဆံုးထားအမည္စာရင္းေပးသြင္းရမည္ျဖစ္ေၾကာင္း သိရသည္။

- တိုးေနျခည္ - ေနျပည္ေတာ္ ( အကုန္သိ သတင္းဌာန )

Unicode Version

 

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးပူးပေါင်းကော်မတီမှတင်ပြထားသော အချက်ပေါင်း ၃၇၆၅ ချက်ကို ပြင်ဆင်မည်ဆိုပါကအန္တရာယ်ရှိလာနိုင်ကြောင်း တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်မောင်မောင်က ပြောသည်။
လက်ရှိတွင် ပြင်ဆင်ဖြည့်စွက်ရန်အချက်များကို လွှတ်တော်ကိုယ်စားလှယ်များသို့ ပေးဝေထားပြီးဖြစ်ကြောင်း ဗိုလ်မှူးချုပ်မောင်မောင်က လွှတ်တော်အပြီး၌ သတင်းသမားများအား ပြောသည်။
“ပြင်ဆင်မယ့်အချက်တွေပေးထားတာပဲလေ။ မီဒီယာတွေလည်းရမှာပါ။ အဲဒီဟာနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့က အစည်းအဝေးမှာလည်း သီးခြားမှတ်ချက်မပေးခဲ့ဘူး။ ကျွန်တော် ဟိုတစ်နေ့ကလည်း ပြောပါသေးတယ်။ ဆွေးနွေးဖို့၊ ပြုဖို့ ကျွန်တော်တို့ မဆုံးဖြတ်ရသေးပါဘူး။ ကျွန်တော်တို့ကတော့ ဒါကို စကတည်းက ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးသည် ဥပဒေနဲ့မညီဘူး။ လုပ်ဆောင်ချက်တွေကပေါ့။ မညီတဲ့အတွက်ကြောင့် ကျွန်တော်တို့အနေနဲ့ သီးခြားပြောစရာတော့မရှိဘူး။ ဒါပေမဲ့လည်း ဖွဲ့ပေးလိုက်တဲ့အခါမှာ အားလုံးလည်း သိပါတယ်။ ၃၇၆၅ ချက်။ နည်းတဲ့အချက်တွေမဟုတ်ဘူး။ ဒါတွေကြည့်လိုက်လို့ရှိရင် ကျွန်တော်တို့နိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဘယ်လောက် အန္တရာယ်ရှိလာလဲဆိုတာ မြင်ရမှာပေါ့နော်” ဟု ဗိုလ်မှူးချုပ် မောင်မောင်က ပြောသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီက အစီရင်ခံစာကို ပြီးခဲ့သောဇူလိုင်လ ၁၅ ရက်က ကျင်းပသည့် ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော် (၁၃) ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် တင်သွင်းခဲ့ပြီး တပ်မတော်သားကိုယ်စားလှယ်များက ဖွဲ့စည်းပုံတွင် ပြဋ္ဌာန်းချက်များနှင့် မကိုက်ညီဟု သဘောထားမှတ်ချက် ပေးထားကြောင်း သိရသည်။
တပ်မတော်သားများကပေးခဲ့သည့် မှတ်ချက်များမှာ ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီဆောင်ရွက်ခြင်း သည် ဖွဲ့စည်းပုံအခြေခံဥပဒေ ၁၂ နှင့် ကိုက်ညီခြင်းမရှိသောကြောင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက ကော်မတီဖွဲ့စည်းရန် အဆိုတင်သွင်းစဉ်ကတည်းကပင် ကန့်ကွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ သို့ရာတွင် ပြည်ထောင်စုလွှတ်တော်က မဲခွဲအတည်ပြုပြီး အဆိုပါကော်မတီကို ဖွဲ့စည်းခြင်းဖြစ်၍ ပြင်ဆင်ရေးပူးပေါင်းကော်မတီတွင် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များက ပြည်ထောင်စုလွှတ်တော် ၏ ဆုံးဖြတ်ချက်ကို လေးစားလိုက်နာသောကြောင့် တက်ရောက်ခဲ့ပါကြောင်း တင်ပြထားသည်။
ယင်းကဲ့သို့ လွှတ်တော်တက်ရောက်စဉ်တွင်လည်း တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များမှ ပြင်ဆင်ရန် အဆိုပြုချက်များတင်သွင်းခြင်း သဘောထားမှတ်ချက်တို့ကို ဆောင်ရွက်ခဲ့ခြင်းမရှိကြောင်း၊ ယခုပူးပေါင်း ကော်မတီ၏အစီရင်ခံစာ လုပ်ငန်းစဉ်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၁၂ ပါဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်ကိုက်ညီမှုမရှိကြောင်း တပ်မတော်သားကိုယ်စားလှယ်များက သဘောထားမှတ်ချက်ပေးထားကြောင်း သိရသည်။
ဖွဲ့စည်းပုံပြင်ဆင်ရေး အစီရင်ခံစာတွင် အခန်း ၁ မှ အခန်း ၁၅ အထိ အကြံပြစုစည်းချက်ပေါင်း ၃၇၆၅ ချက် ရှိသည်ကို ပြင်ဆင်ရေးပူးပေါင်းကော်မတီ၏အတွင်းရေးမှူးဖြစ်သူ ဒေါက်တာမြတ်ဉာဏစိုးက လွှတ်တော်တွင် ဖတ်ကြားတင်သွင်းခဲ့ပြီး အဆိုပါကိစ္စနှင့်ပတ်သပ်၍ ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များရှိပါက ဇူလိုင်လ ၂၂ ရက် နောက်ဆုံးထားအမည်စာရင်းပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။

- တိုးနေခြည် - နေပြည်တော် ( အကုန်သိ သတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။