Skip to main content
မူးယစ္ေဆးေရာင္းခ်သူမ်ားကိုသာ ဖမ္းဆီးႏုိင္ေရးေဆာင္ရြက္သင့္ၿပီး ေဆးသံုးစြဲသူကို လူမႈေရးနည္းျဖင့္သာ အျပစ္ေပးသင့္ဟု ဆို
Ads Block

မူးယစ္ေဆးေရာင္းခ်သူမ်ားကိုသာ ဖမ္းဆီးႏုိင္ေရးေဆာင္ရြက္သင့္ၿပီး ေဆးသံုးစြဲသူကို လူမႈေရးနည္းျဖင့္သာ အျပစ္ေပးသင့္ဟု ဆို

မူးယစ္ေဆး၀ါးသံုးစဲြေနသူမ်ားကို အသိပညာေပးေဟာေျပာျခင္း၊ လူမႈေရးနည္းျဖင့္ျပစ္ဒဏ္ေပးၿပီး မူးယစ္ေဆးဝါးျဖန္႔ေဝေရာင္းခ်သူကုိသာဖမ္းဆီးႏိုင္ေရး ေဆာင္ရြက္သင့္ဟု ျမန္မာႏုိင္ငံအမ်ိဳးသား လူ႔အခြင့္အေရးေကာ္မရွင္ဥကၠ႒ ဦး၀င္းျမက ေျပာသည္။
ဇူလုိင္လ ၁၇ ရက္က ျပည္ေထာင္စုလႊတ္ေတာ္သုိ႔ ျမန္မာႏိုင္ငံအမ်ိဳးသားလူ႔အခြင့္အေရးေကာ္မရွင္၏ ၂၀၁၈ ခုႏွစ္၊ ႏွစ္ပတ္လည္အစီရင္ခံစာႏွင့္စပ္လ်ဥ္းၿပီး ရွင္းလင္းတင္ျပစဥ္ ေျပာၾကားျခင္းျဖစ္သည္။
“ ႏုိင္ငံအတြင္း မူးယစ္ေဆး၀ါးသံုးစဲြေနသူမ်ားကို ဖမ္းဆီးအက်ဥ္းခ်ျခင္းထက္ အသိပညာေပးေဟာေျပာျခင္း၊ လူမႈေရးနည္းျဖင့္ ျပစ္ဒဏ္ေပးျခင္းျပဳလုပ္ၿပီး မူးယစ္ေဆးဝါး ျဖန္႔ေဝေရာင္းခ်သူကုိသာ ဖမ္းဆီးႏိုင္ေရး ေဆာင္ရြက္သင့္ပါတယ္” ဟု ျမန္မာႏုိင္ငံအမ်ိဳးသားလူ႔အခြင့္အေရးေကာ္မရွင္ဥကၠ႒ ဦး၀င္းျမက လႊတ္ေတာ္သို႔ တင္သြင္းသည္။
ထို႔အျပင္ လူငယ္အက်ဥ္းသားမ်ားပညာသင္ၾကားမႈ အဆက္မျပတ္ေစေရးတုိ႔ကိုလည္း အင္းစိန္ႏွင့္ မႏၱေလး အုိးဘုိဗဟုိအက်ဥ္းေထာင္တုိ႔တြင္ ၾကိဳးပမ္းေဆာင္ရြက္မႈမ်ားေတြ႔ရွိရေၾကာင္း၊ အျခားအက်ဥ္းေထာင္မ်ားလည္း ေဆာင္ရြက္ေပးသင့္ၿပီး ဂုဏ္ထူးမ်ားျဖင့္ေအာင္ျမင္ေသာ အက်ဥ္းသားလူငယ္မ်ားကို လြတ္ၿငိမ္းခ်မ္းသာခြင့္ သိ႔ုမဟုတ္ ေလ်ာ့ေပါ့သက္သာခြင့္မ်ားေပးသလို အက်ဥ္းသား၊ ေက်ာင္းဆရာမ်ားကိုလည္း အလားတူ သက္သာခြင့္မ်ားေပးသင့္ေၾကာင္း အစီရင္ခံစာတြင္ ပါရိွသည္။
ထို႔အျပင္ ျမန္မာႏိုင္ငံရွိ အက်ဥ္းေထာင္မ်ားတြင္ သတ္မွတ္ထားေသာ အက်ဥ္းသားအေရအတြက္ထက္ ၅၀ ရာခိုင္ႏႈန္း ေက်ာ္လြန္ေနေသာ အက်ဥ္းေထာင္မ်ားကို အက်ဥ္းသားဦးေရေလွ်ာ့ခ်ႏိုင္ေရး နည္းလမ္းရွာေဖြ ေဆာင္ရြက္သင့္ေၾကာင္း ေဖာ္ျပထားသည္။
အထက္ပါအေၾကာင္းအရာမ်ားႏွင့္ စပ္လ်ဥ္းၿပီး ေဆြးေႏြးလိုေသာ လႊတ္ေတာ္ကုိယ္စားလွယ္မ်ားရွိပါက ယခုလ ၂၂ ရက္၊ ညေန ၄ နာရီတြင္ ေနာက္ဆံုးထားအမည္စာရင္းေပးသြင္းနုိင္ေၾကာင္း ျပည္ေထာင္စုလႊတ္ေတာ္ နာယက ဦးတီခြန္ျမတ္က လႊတ္ေတာ္သို႔ အသိေပးေၾကျငာခဲ့သည္။

- တိုးေနျခည္ - ေနျပည္ေတာ္( အကုန္သိ သတင္းဌာန )

Unicode Version

 

မူးယစ်ဆေးဝါးသုံးစွဲနေသူများကို အသိပညာပေးဟောပြောခြင်း၊ လူမှုရေးနည်းဖြင့်ပြစ်ဒဏ်ပေးပြီး မူးယစ်ဆေးဝါးဖြန့်ဝေရောင်းချသူကိုသာဖမ်းဆီးနိုင်ရေး ဆောင်ရွက်သင့်ဟု မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြက ပြောသည်။
ဇူလိုင်လ ၁၇ ရက်က ပြည်ထောင်စုလွှတ်တော်သို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ ၂၀၁၈ ခုနှစ်၊ နှစ်ပတ်လည်အစီရင်ခံစာနှင့်စပ်လျဉ်းပြီး ရှင်းလင်းတင်ပြစဉ် ပြောကြားခြင်းဖြစ်သည်။
“ နိုင်ငံအတွင်း မူးယစ်ဆေးဝါးသုံးစွဲနေသူများကို ဖမ်းဆီးအကျဉ်းချခြင်းထက် အသိပညာပေးဟောပြောခြင်း၊ လူမှုရေးနည်းဖြင့် ပြစ်ဒဏ်ပေးခြင်းပြုလုပ်ပြီး မူးယစ်ဆေးဝါး ဖြန့်ဝေရောင်းချသူကိုသာ ဖမ်းဆီးနိုင်ရေး ဆောင်ရွက်သင့်ပါတယ်” ဟု မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြက လွှတ်တော်သို့ တင်သွင်းသည်။
ထို့အပြင် လူငယ်အကျဉ်းသားများပညာသင်ကြားမှု အဆက်မပြတ်စေရေးတို့ကိုလည်း အင်းစိန်နှင့် မန္တလေး အိုးဘိုဗဟိုအကျဉ်းထောင်တို့တွင် ကြိုးပမ်းဆောင်ရွက်မှုများတွေ့ရှိရကြောင်း၊ အခြားအကျဉ်းထောင်များလည်း ဆောင်ရွက်ပေးသင့်ပြီး ဂုဏ်ထူးများဖြင့်အောင်မြင်သော အကျဉ်းသားလူငယ်များကို လွတ်ငြိမ်းချမ်းသာခွင့် သိ့ုမဟုတ် လျော့ပေါ့သက်သာခွင့်များပေးသလို အကျဉ်းသား၊ ကျောင်းဆရာများကိုလည်း အလားတူ သက်သာခွင့်များပေးသင့်ကြောင်း အစီရင်ခံစာတွင် ပါရှိသည်။
ထို့အပြင် မြန်မာနိုင်ငံရှိ အကျဉ်းထောင်များတွင် သတ်မှတ်ထားသော အကျဉ်းသားအရေအတွက်ထက် ၅၀ ရာခိုင်နှုန်း ကျော်လွန်နေသော အကျဉ်းထောင်များကို အကျဉ်းသားဦးရေလျှော့ချနိုင်ရေး နည်းလမ်းရှာဖွေ ဆောင်ရွက်သင့်ကြောင်း ဖော်ပြထားသည်။
အထက်ပါအကြောင်းအရာများနှင့် စပ်လျဉ်းပြီး ဆွေးနွေးလိုသော လွှတ်တော်ကိုယ်စားလှယ်များရှိပါက ယခုလ ၂၂ ရက်၊ ညနေ ၄ နာရီတွင် နောက်ဆုံးထားအမည်စာရင်းပေးသွင်းနိုင်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က လွှတ်တော်သို့ အသိပေးကြေငြာခဲ့သည်။

- တိုးနေခြည် - နေပြည်တော်( အကုန်သိ သတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။