Skip to main content
၁၀ ရက္ၾကာေပ်ာက္ဆံုးေနေသာ မူႀကိဳဆရာမအား ေရေျမာင္းအတြင္းပုပ္ပြေသဆံုးလ်က္ ျပန္လည္ေတြ႕ရွိ
Ads Block

၁၀ ရက္ၾကာေပ်ာက္ဆံုးေနေသာ မူႀကိဳဆရာမအား ေရေျမာင္းအတြင္းပုပ္ပြေသဆံုးလ်က္ ျပန္လည္ေတြ႕ရွိ

မြန္ျပည္နယ္၊ မုဒံုၿမိဳ႕နယ္တြင္ ၁၀ ရက္ၾကာေပ်ာက္ဆံုးေနေသာ မူႀကိဳဆရာမအား ေရေျမာင္းအတြင္း ပုပ္ပြေသဆံုးလ်က္ျပန္လည္ေတြ႔ရွိခဲ့ေသာေၾကာင့္ လူသတ္မႈျဖင့္ အမႈဖြင့္စံုစမ္းေနၿပီျဖစ္ေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ မြန္ျပည္နယ္၊ မုဒံုၿမိဳ႕နယ္မွ မူႀကိဳဆရာမတစ္ဦးျဖစ္သူ မခ်မ္းမွာ ဇူလိုင္လ ၅ ရက္၌ ေက်ာင္းရွိ ကေလးမ်ားအတြက္ သင္ၾကားေရးအေထာက္အကူျပဳပန္းခ်ီကားခ်ပ္မ်ားကို ပလတ္စတစ္ေလာင္းရန္ႏွင့္ လိုအပ္သည္မ်ား၀ယ္ယူရန္ထြက္သြားခဲ့ရာမွ ေပ်ာက္ဆံုးသြားေသာေၾကာင့္ လူေပ်ာက္မႈျဖင့္ တိုင္ၾကားခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ ဇူလုိင္လ ၁၅ ရက္၊ ညေန ၃ နာရီ၌ မုဒံုၿမိဳ႕နယ္၊ ေကာ့ခပံုလမ္းဝမေရာက္မီ အေရွ႕ဘက္ေတာအတြင္း ဆည္ေျမာင္းအနီးေျမာင္းအတြင္း၌ဂံုနီအိတ္အျပာေရာင္အတြင္း လည္ပင္းကို ႀကိဳးႏွင့္ပတ္ခ်ည္လ်က္ ေသဆံုးပုပ္ပြေနသည္ကို ေတြ႕ရွိခဲ့ျခင္း ျဖစ္သည္။
အေလာင္းကိုေတြ႕ရွိခ်ိန္၌ မခ်မ္း၀တ္ဆင္ထားသည့္ လက္၀တ္ရတနာ ၂ က်ပ္သားခန္႔မွာလည္း ေပ်ာက္ဆံုးေနေၾကာင္း သိရသည္။
“ ကြ်န္ေတာ္ကိုယ္တိုင္လည္း ဒီကိစၥနဲ႔အခုကြင္းဆင္းေဆာင္ရြက္ေနပါတယ္။လက္ရွိအခ်ိန္အထိေတာ့ ျပစ္မႈက်ဴးလြန္သူေတြကိုစံုစမ္းေဖာ္ထုတ္ေနဆဲပါ။ ကြ်န္ေတာ္တို႔ အမႈမွန္ေပၚေပါက္ေရး ႀကိဳးစားေဆာင္ရြက္ေနပါတယ္ ” ဟု မုဒံုၿမိဳ႕မရဲစခန္းမွ ဒုရဲမွဴး ခင္ေမာင္ထြန္းက ဇူလိုင္လ ၁၇ ရက္၊ ေန႔လယ္ပိုင္းတြင္ အကုန္သိသတင္းဌာနသို႔ ေျပာသည္။
အမႈႏွင့္ပတ္သက္၍ မြန္ျပည္နယ္လႊတ္ေတာ္ဒုဥကၠ႒ေဒါက္တာေအာင္ႏုိင္ဦးကလည္း ကာယကံရွင္ မိသားစုမ်ားထံသြားေရာက္ေတြ႔ဆံုေမးျမန္းခဲ့ၿပီး အမႈမွန္ေပၚေပါက္ေရးႏွင့္ ျပစ္မႈက်ဴးလြန္သူမ်ား ဖမ္းဆီးရမိေရး ျပည္သူႏွင့္ပူးေပါင္းေဆာင္ရြက္ရန္ ရဲတပ္ဖြဲ႔အားတိုက္တြန္းထားေၾကာင္း သတင္းရရွိသည္။

-- ဒါးဇ ( အကုန္သိ သတင္းဌာန )

Unicode Version

 

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ၁၀ ရက်ကြာပျောက်ဆုံးနေသော မူကြိုဆရာမအား ရေမြောင်းအတွင်း ပုပ်ပွသေဆုံးလျက်ပြန်လည်တွေ့ရှိခဲ့သောကြောင့် လူသတ်မှုဖြင့် အမှုဖွင့်စုံစမ်းနေပြီဖြစ်ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မွန်ပြည်နယ်၊ မုဒုံမြို့နယ်မှ မူကြိုဆရာမတစ်ဦးဖြစ်သူ မချမ်းမှာ ဇူလိုင်လ ၅ ရက်၌ ကျောင်းရှိ ကလေးများအတွက် သင်ကြားရေးအထောက်အကူပြုပန်းချီကားချပ်များကို ပလတ်စတစ်လောင်းရန်နှင့် လိုအပ်သည်များဝယ်ယူရန်ထွက်သွားခဲ့ရာမှ ပျောက်ဆုံးသွားသောကြောင့် လူပျောက်မှုဖြင့် တိုင်ကြားခဲ့ကြောင်း သိရသည်။
ထို့နောက် ဇူလိုင်လ ၁၅ ရက်၊ ညနေ ၃ နာရီ၌ မုဒုံမြို့နယ်၊ ကော့ခပုံလမ်းဝမရောက်မီ အရှေ့ဘက်တောအတွင်း ဆည်မြောင်းအနီးမြောင်းအတွင်း၌ဂုံနီအိတ်အပြာရောင်အတွင်း လည်ပင်းကို ကြိုးနှင့်ပတ်ချည်လျက် သေဆုံးပုပ်ပွနေသည်ကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
အလောင်းကိုတွေ့ရှိချိန်၌ မချမ်းဝတ်ဆင်ထားသည့် လက်ဝတ်ရတနာ ၂ ကျပ်သားခန့်မှာလည်း ပျောက်ဆုံးနေကြောင်း သိရသည်။
“ ကျွန်တော်ကိုယ်တိုင်လည်း ဒီကိစ္စနဲ့အခုကွင်းဆင်းဆောင်ရွက်နေပါတယ်။လက်ရှိအချိန်အထိတော့ ပြစ်မှုကျူးလွန်သူတွေကိုစုံစမ်းဖော်ထုတ်နေဆဲပါ။ ကျွန်တော်တို့ အမှုမှန်ပေါ်ပေါက်ရေး ကြိုးစားဆောင်ရွက်နေပါတယ် ” ဟု မုဒုံမြို့မရဲစခန်းမှ ဒုရဲမှူး ခင်မောင်ထွန်းက ဇူလိုင်လ ၁၇ ရက်၊ နေ့လယ်ပိုင်းတွင် အကုန်သိသတင်းဌာနသို့ ပြောသည်။
အမှုနှင့်ပတ်သက်၍ မွန်ပြည်နယ်လွှတ်တော်ဒုဥက္ကဋ္ဌဒေါက်တာအောင်နိုင်ဦးကလည်း ကာယကံရှင် မိသားစုများထံသွားရောက်တွေ့ဆုံမေးမြန်းခဲ့ပြီး အမှုမှန်ပေါ်ပေါက်ရေးနှင့် ပြစ်မှုကျူးလွန်သူများ ဖမ်းဆီးရမိရေး ပြည်သူနှင့်ပူးပေါင်းဆောင်ရွက်ရန် ရဲတပ်ဖွဲ့အားတိုက်တွန်းထားကြောင်း သတင်းရရှိသည်။

- ဒါးဇ ( အကုန်သိ သတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။