Skip to main content
ျပည္သူလူထုက လက္မခံလွ်င္ က်ဆံုးသြားမည္ဟု မုံရြာဦးေအာင္ရွင္ေျပာ
Ads Block

ျပည္သူလူထုက လက္မခံလွ်င္ က်ဆံုးသြားမည္ဟု မုံရြာဦးေအာင္ရွင္ေျပာ

ျပည္သူလူထုက လက္မခံလွ်င္ က်ဆံုးသြားမည္ျဖစ္ေၾကာင္း  အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ပါတီ ဗဟိုျပန္ၾကားေရးေကာ္မတီ အ တြင္းေရးမွဴး မုံရြာ ဦးေအာင္ရွင္ ကေျပာၾကားလုိက္သည္။
NLD ပါတီအေပၚ ေ၀ဖန္တိုက္ခိုက္ေနမႈမ်ားႏွင့္ ပတ္သက္၍ ဆက္သြယ္ေမးျမန္းစဥ္ ၎က ယခုကဲ့သို႔ ျပန္လည္ ေျဖၾကားခဲ့ျခင္း ျဖစ္သည္။
 “ကြ်န္ေတာ္တုိ႔ NLDပါတီကုိ တုိက္ခုိက္ေျပာဆုိတာေတြ ကြ်န္ေတာ့္အျမင္ကေတာ့ တစ္ဦးခ်င္း ျပန္တုံ႔ျပန္ဖုိ႔အစီအစဥ္မရွိပါဘူး။ ဘာေၾကာင့္လဲဆုိေတာ့ သူတုိ႔ေျပာတာ သူတုိ႔မေက်နပ္ခ်က္ေတြျဖစ္ခ်င္ လည္းျဖစ္မယ္။ သူတုိ႔ခံစားခ်က္ေတြ ေျပာတာလည္း ျဖစ္ ခ်င္ျဖစ္မယ္။ အဓိက ျပည္သူလူထု လက္မခံရင္ က်ဆုံးမွာဘဲ။ အဲဒီေတာ့ သူတုိ႔ေျပာတာဆုိတာေတြ ဒါေတြကုိ ျပည္သူလူထုကပဲ ဆုံးျဖတ္မွာျဖစ္တယ္။ ျပည္သူလူထုက လက္မခံရင္ ဒါေတြက NLD ပါတီအတြက္ အားသာခ်က္ေတြျဖစ္လာမွာပါပဲ”ဟု မုံရြာ ဦးေအာင္ရွင္က ေျပာသည္။
NLD ပါတီ၏ အမတ္ေလာင္းမ်ား ေရြးခ်ယ္မႈသည္ ကန္စြန္းရြက္မ်ားေရြးခ်ယ္၀ယ္ယူမႈေလာက္ပင္တန္ဖုိးမရွိေၾကာင္း ေဟာျပာပြဲ တစ္ခုတြင္ ဂန္႔ေဂါအမတ္ေဟာင္း ဦးလွေဆြက ေျပာၾကားခဲ့သည္။
အလားတူ ျပည္ခုိင္ၿဖဳိးပါတီ ဥကၠ႒ ဦးသန္းေဌးကလည္း  ယေန႔ေခတ္ကာလ တုိင္းျပည္အေျခအေနသည္ အဆုိးဘက္တြင္ ဂုဏ္ ထူးထြက္ေနေၾကာင္း ေျပာၾကားထားသည္။
“ကြ်န္ေတာ္တုိ႔က ယေန႔ျဖစ္ေပၚေနတဲ့ တုိင္းျပည္အေျခအေနကုိ ေထာက္ျပေျပာဆုိေနတာ အစုိးရျပဳတ္က်ေရးမဟုတ္ဘူး။ တုိင္း ျပည္အတြက္ လုိအပ္တာ ျဖည့္ဆည္းဖုိ႔မွန္သမွ်ကုိ အတုိက္အခံပါတီႀကီး တစ္ရပ္အေနနဲ႔ အမ်ိဳးသားအက်ိဳးစီးပြားအတြက္ ေျပာ ဆုိေနတာျဖစ္တယ္”ဟု ျပည္ခုိင္ၿဖဳိးပါတီ ဗဟုိအလုပ္အမႈေဆာင္ ေဒါက္တာနႏၵာလွျမင့္ကလည္း ေျပာၾကားထားသည္။

- မင္းသီဟန္( အကုန္သိ သတင္းဌာန )

Unicode Version

 

ပြည်သူလူထုက လက်မခံလျှင် ကျဆုံးသွားမည်ဖြစ်ကြောင်း  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုပြန်ကြားရေးကော်မတီ အ တွင်းရေးမှူး မုံရွာ ဦးအောင်ရှင် ကပြောကြားလိုက်သည်။
NLD ပါတီအပေါ် ဝေဖန်တိုက်ခိုက်နေမှုများနှင့် ပတ်သက်၍ ဆက်သွယ်မေးမြန်းစဉ် ၎င်းက ယခုကဲ့သို့ ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။
 “ကျွန်တော်တို့ NLDပါတီကို တိုက်ခိုက်ပြောဆိုတာတွေ ကျွန်တော့်အမြင်ကတော့ တစ်ဦးချင်း ပြန်တုံ့ပြန်ဖို့အစီအစဉ်မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့ပြောတာ သူတို့မကျေနပ်ချက်တွေဖြစ်ချင် လည်းဖြစ်မယ်။ သူတို့ခံစားချက်တွေ ပြောတာလည်း ဖြစ် ချင်ဖြစ်မယ်။ အဓိက ပြည်သူလူထု လက်မခံရင် ကျဆုံးမှာဘဲ။ အဲဒီတော့ သူတို့ပြောတာဆိုတာတွေ ဒါတွေကို ပြည်သူလူထုကပဲ ဆုံးဖြတ်မှာဖြစ်တယ်။ ပြည်သူလူထုက လက်မခံရင် ဒါတွေက NLD ပါတီအတွက် အားသာချက်တွေဖြစ်လာမှာပါပဲ”ဟု မုံရွာ ဦးအောင်ရှင်က ပြောသည်။
NLD ပါတီ၏ အမတ်လောင်းများ ရွေးချယ်မှုသည် ကန်စွန်းရွက်များရွေးချယ်ဝယ်ယူမှုလောက်ပင်တန်ဖိုးမရှိကြောင်း ဟောပြာပွဲ တစ်ခုတွင် ဂန့်ဂေါအမတ်ဟောင်း ဦးလှဆွေက ပြောကြားခဲ့သည်။
အလားတူ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးကလည်း  ယနေ့ခေတ်ကာလ တိုင်းပြည်အခြေအနေသည် အဆိုးဘက်တွင် ဂုဏ် ထူးထွက်နေကြောင်း ပြောကြားထားသည်။
“ကျွန်တော်တို့က ယနေ့ဖြစ်ပေါ်နေတဲ့ တိုင်းပြည်အခြေအနေကို ထောက်ပြပြောဆိုနေတာ အစိုးရပြုတ်ကျရေးမဟုတ်ဘူး။ တိုင်း ပြည်အတွက် လိုအပ်တာ ဖြည့်ဆည်းဖို့မှန်သမျှကို အတိုက်အခံပါတီကြီး တစ်ရပ်အနေနဲ့ အမျိုးသားအကျိုးစီးပွားအတွက် ပြော ဆိုနေတာဖြစ်တယ်”ဟု ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာနန္ဒာလှမြင့်ကလည်း ပြောကြားထားသည်။

- မင်းသီဟန်( အကုန်သိ သတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။