Skip to main content
တီထြင္ဆန္းသစ္မႈမ်ားႏွင့္ ရင္းနွီးျမဳပ္နွံေနမည္ဆိုပါက လယ္ယာအင္အားႀကီး ႏုိင္ငံတစ္ႏုိင္ငံအျဖစ္သို႔ ေရာက္ရိွလာမည္ဟု ႏိုင္ငံ ေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ေျပာ
Ads Block

တီထြင္ဆန္းသစ္မႈမ်ားႏွင့္ ရင္းနွီးျမဳပ္နွံေနမည္ဆိုပါက လယ္ယာအင္အားႀကီး ႏုိင္ငံတစ္ႏုိင္ငံအျဖစ္သို႔ ေရာက္ရိွလာမည္ဟု ႏိုင္ငံ ေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ေျပာ

ျမန္မာႏိုင္ငံတြင္ စုိက္ပ်ိဳးေျမလက္က်န္ အမ်ားအျပားရွိေနသည့္တြက္ အခ်ိန္နဲ႔အမွ် တီထြင္ဆန္းသစ္မႈမ်ားႏွင့္ နည္းပညာေတြအရ ထိထိေရာက္ေရာက္ ရင္းနွီးျမဳပ္နွံၿပီး လုပ္ကုိင္ေဆာင္ရြက္ႏုိင္မည္ဆိုပါက လယ္ယာအင္အားႀကီး ႏုိင္ငံတစ္ႏုိင္ငံအျဖစ္သို႔ ေရာက္ ရိွလာမည္ျဖစ္ေၾကာင္း ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ေျပာၾကားလိုက္သည္။
ဇူလုိင္ ၁၇ ရက္က ရန္ကုန္ၿမဳိ႕ ပန္းဆိုးတန္းလမ္းႏွင့္ ကမ္းနားလမ္းတြင္ က်င္းပေသာ YANGON INNOVATION CENTER ဖြင့္ပြဲ အခမ္းအနားတြင္ ႏုိင္ငံေတာ္၏ အတုိင္ပင္ခံပုဂၢဳိလ္ ေဒၚေအာင္ဆန္းစုၾကည္က ေျပာၾကားခဲ့ျခင္းျဖစ္သည္။
“ ကြ်န္မတုိ႔ ႏုိင္ငံမွာ စုိက္ပ်ိဳးေျမလက္က်န္ အမ်ားအျပားရွိေနတဲ့အတြက္ေၾကာင့္လည္း  အခ်ိန္နဲ႔အမွ် တီထြင္ဆန္းသစ္မႈေတြနဲ႔ နည္းပညာေတြအရ ထိထိေရာက္ေရာက္ ရင္းနွီးျမဳပ္နွံ႔ၿပီးလုပ္ကုိင္ေဆာင္ရြက္ႏုိင္မယ္ဆုိရင္ လယ္ယာအင္အားႀကီးတဲ့ ႏုိင္ငံတစ္ ႏုိင္ငံအျဖစ္ကုိ ေရာက္ရွိလာလိမ့္မယ္လုိ႔ ကြ်န္မတုိ႔ျမင္ေနရပါတယ္။ ဒါေၾကာင့္ကုိယ့္ကုိယ္ကုိယ္ ယုံၾကည္မႈရွိဖုိ႔က အင္မတန္မွ အ ေရးႀကီးပါတယ္။ ကြ်န္မအေနနဲ႔ မၾကာခဏ ထုတ္ေဖာ္ေျပာဆုိတာရွိပါတယ္။ စတုတၱ စက္မႈေတာ္လွန္ေရးမွာျဖစ္ျဖစ္ ဘယ္ေခတ္ ဘယ္ကာလျဖစ္ျဖစ္ အေရးႀကီးဆုံးက ကြ်န္မတုိ႔ရဲ႕ ျပည္သူလူထုနဲ႔ လူသားအရင္းအျမစ္ပဲျဖစ္ပါတယ္” ဟု ႏုိင္ငံေတာ္၏ အတုိင္ ပင္ခံပုဂၢဳိလ္ ေဒၚေအာင္ဆန္းစုၾကည္က ေျပာသည္။
လက္ရိွ ျမန္မာႏုိင္ငံတြင္ လူဦးေရ သန္းငါးဆယ္ေက်ာ္ရွိေနၿပီး စုိက္ပ်ိဳးေရးကုိ အဓိကထားေသာ ႏုိင္ငံတစ္ခုလည္း ျဖစ္သည္။
လက္ရွိတြင္ အစုိးရအဖြဲ႔မွ လူသားအရင္းအျမစ္မ်ား အသုံးခ်ႏုိင္ေရးအတြက္ အသက္ေမြး၀မ္းေက်ာင္း သင္တန္းမ်ား၊ နည္းပညာ၊ အတတ္ပညာ သင္တန္းေက်ာင္းမ်ား တုိးျမွင့္ဖြင့္လွစ္လ်က္ရွိေၾကာင္း သိရသည္။

- မင္းသီဟန္ ( အကုန္သိ သတင္းဌာန )

Unicode Version

 

မြန်မာနိုင်ငံတွင် စိုက်ပျိုးမြေလက်ကျန် အများအပြားရှိနေသည့်တွက် အချိန်နဲ့အမျှ တီထွင်ဆန်းသစ်မှုများနှင့် နည်းပညာတွေအရ ထိထိရောက်ရောက် ရင်းနှီးမြုပ်နှံပြီး လုပ်ကိုင်ဆောင်ရွက်နိုင်မည်ဆိုပါက လယ်ယာအင်အားကြီး နိုင်ငံတစ်နိုင်ငံအဖြစ်သို့ ရောက် ရှိလာမည်ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။
ဇူလိုင် ၁၇ ရက်က ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းနှင့် ကမ်းနားလမ်းတွင် ကျင်းပသော YANGON INNOVATION CENTER ဖွင့်ပွဲ အခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ခြင်းဖြစ်သည်။
“ ကျွန်မတို့ နိုင်ငံမှာ စိုက်ပျိုးမြေလက်ကျန် အများအပြားရှိနေတဲ့အတွက်ကြောင့်လည်း  အချိန်နဲ့အမျှ တီထွင်ဆန်းသစ်မှုတွေနဲ့ နည်းပညာတွေအရ ထိထိရောက်ရောက် ရင်းနှီးမြုပ်နှံ့ပြီးလုပ်ကိုင်ဆောင်ရွက်နိုင်မယ်ဆိုရင် လယ်ယာအင်အားကြီးတဲ့ နိုင်ငံတစ် နိုင်ငံအဖြစ်ကို ရောက်ရှိလာလိမ့်မယ်လို့ ကျွန်မတို့မြင်နေရပါတယ်။ ဒါကြောင့်ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိဖို့က အင်မတန်မှ အ ရေးကြီးပါတယ်။ ကျွန်မအနေနဲ့ မကြာခဏ ထုတ်ဖော်ပြောဆိုတာရှိပါတယ်။ စတုတ္တ စက်မှုတော်လှန်ရေးမှာဖြစ်ဖြစ် ဘယ်ခေတ် ဘယ်ကာလဖြစ်ဖြစ် အရေးကြီးဆုံးက ကျွန်မတို့ရဲ့ ပြည်သူလူထုနဲ့ လူသားအရင်းအမြစ်ပဲဖြစ်ပါတယ်” ဟု နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် လူဦးရေ သန်းငါးဆယ်ကျော်ရှိနေပြီး စိုက်ပျိုးရေးကို အဓိကထားသော နိုင်ငံတစ်ခုလည်း ဖြစ်သည်။
လက်ရှိတွင် အစိုးရအဖွဲ့မှ လူသားအရင်းအမြစ်များ အသုံးချနိုင်ရေးအတွက် အသက်မွေးဝမ်းကျောင်း သင်တန်းများ၊ နည်းပညာ၊ အတတ်ပညာ သင်တန်းကျောင်းများ တိုးမြှင့်ဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။

- မင်းသီဟန် ( အကုန်သိ သတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။