Skip to main content
ဖခင္က သမီးအရင္း ၂ ဦးအား အႀကိမ္ႀကိမ္အဓမၼျပဳက်င့္မႈျဖစ္ပြား
Ads Block

ဖခင္က သမီးအရင္း ၂ ဦးအား အႀကိမ္ႀကိမ္အဓမၼျပဳက်င့္မႈျဖစ္ပြား

မႏၱေလးတိုင္းေဒသႀကီး၊ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၌ သမီးအရင္း ၂ ဦးအား အႀကိမ္ႀကိမ္အဓမၼျပဳက်င့္ခဲ့သည့္ ဖခင္ကို အေရးယူေပးရန္တိုင္ၾကားမႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၊ သင္ပန္းကုန္းရပ္ကြက္၌ ေနထိုင္ေသာ ေဒၚ------ သည္ ၿပီီးခဲ့ေသာ ဇူလုိင္လ ၁၄ ရက္တြင္ ၄င္း၏သမီး ဆြံ႔အနားမၾကားျဖစ္သူ မ-----၊ ၁၂ ႏွစ္အား ဖခင္ျဖစ္သူ ဦးမ်ိဳးျမင့္ေအာင္၊ ၄၂ ႏွစ္သည္ ေနာက္အိမ္ေထာင္ျပဳသြားၿပီျဖစ္ေၾကာင္း လက္ဟန္၊ ေျခဟန္ျဖင့္ ေျပာျပခဲ့သည္ဟု သိရသည္။
ထိုစဥ္ မ-----၊ ၁၂ ႏွစ္က ၄င္းအား ဖခင္ျဖစ္သူ ဦးမ်ိဳးျမင့္ေအာင္က အႀကိမ္ႀကိမ္အဓမၼျပဳက်င့္ခဲ့ေၾကာင္း မိခင္ျဖစ္သူ ေဒၚ----- ထံ ျပန္လည္ေျပာျပခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ေဒၚ------- သည္ ဦးမ်ိဳးျမင့္ေအာင္၏ ယခင္အိမ္ေထာင္မွပါလာေသာ သမီးျဖစ္သူ မ------၊ ၂၀ ႏွစ္အား သြားေရာက္တိုင္ပင္ရာမွ ဦးမ်ိဳးျမင့္ေအာင္သည္ အဆိုပါ မ------ ၊ ၂၀ ႏွစ္ကိုပါ ႏွစ္ေပါင္းမ်ားစြာ အဓမၼျပဳက်င့္ခဲ့သည္ကို သိရွိခဲ့ျခင္း ျဖစ္သည္။
ထို႔ေၾကာင့္ ေဒၚ------သည္ ဇူလိုင္လ ၁၅ ရက္၊ ညေန ၅ နာရီတြင္ ျပည္ႀကီးတံခြန္ၿမိဳ႕မရဲစခန္းသို႔ တရားလိုျပဳလုပ္တိုင္တန္းခဲ့သျဖင့္ ျပစ္မႈက်ဴးလြန္သူ မ်ိဳးျမင့္ေအာင္ (၄၂)ႏွစ္၊ ေမြးျမဴေရးလုပ္ငန္းလုပ္ကိုင္သူကို ဖမ္းဆီးကာ (ပ)၇၇၇/၂၀၁၉ ၊ မုဒိမ္မႈ - ၃၇၆ ျဖင့္ အမႈဖြင့္စစ္ေဆးေနေၾကာင္း သတင္းရရွိသည္။
 

- ဒါးဇ(အကုန္သိသတင္းဌာန)

Unicode Version

 

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၌ သမီးအရင်း ၂ ဦးအား အကြိမ်ကြိမ်အဓမ္မပြုကျင့်ခဲ့သည့် ဖခင်ကို အရေးယူပေးရန်တိုင်ကြားမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်းရပ်ကွက်၌ နေထိုင်သော ဒေါ်------ သည် ပြီးခဲ့သော ဇူလိုင်လ ၁၄ ရက်တွင် ၎င်း၏သမီး ဆွံ့အနားမကြားဖြစ်သူ မ-----၊ ၁၂ နှစ်အား ဖခင်ဖြစ်သူ ဦးမျိုးမြင့်အောင်၊ ၄၂ နှစ်သည် နောက်အိမ်ထောင်ပြုသွားပြီဖြစ်ကြောင်း လက်ဟန်၊ ခြေဟန်ဖြင့် ပြောပြခဲ့သည်ဟု သိရသည်။
ထိုစဉ် မ-----၊ ၁၂ နှစ်က ၎င်းအား ဖခင်ဖြစ်သူ ဦးမျိုးမြင့်အောင်က အကြိမ်ကြိမ်အဓမ္မပြုကျင့်ခဲ့ကြောင်း မိခင်ဖြစ်သူ ဒေါ်----- ထံ ပြန်လည်ပြောပြခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ဒေါ်------- သည် ဦးမျိုးမြင့်အောင်၏ ယခင်အိမ်ထောင်မှပါလာသော သမီးဖြစ်သူ မ------၊ ၂၀ နှစ်အား သွားရောက်တိုင်ပင်ရာမှ ဦးမျိုးမြင့်အောင်သည် အဆိုပါ မ------ ၊ ၂၀ နှစ်ကိုပါ နှစ်ပေါင်းများစွာ အဓမ္မပြုကျင့်ခဲ့သည်ကို သိရှိခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် ဒေါ်------သည် ဇူလိုင်လ ၁၅ ရက်၊ ညနေ ၅ နာရီတွင် ပြည်ကြီးတံခွန်မြို့မရဲစခန်းသို့ တရားလိုပြုလုပ်တိုင်တန်းခဲ့သဖြင့် ပြစ်မှုကျူးလွန်သူ မျိုးမြင့်အောင် (၄၂)နှစ်၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူကို ဖမ်းဆီးကာ (ပ)၇၇၇/၂၀၁၉ ၊ မုဒိမ်မှု - ၃၇၆ ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သတင်းရရှိသည်။
 

- ဒါးဇ(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။