Skip to main content
NLD ပါတီက ေျခဥျပင္ဆင္ေရးႏွင့္ပတ္သက္၍ ထိပ္တိုက္ရင္ဆိုင္ေရးလမ္းေၾကာင္းကိုသြားေနဟု ဦးလွေဆြ ေ၀ဖန္
Ads Block

NLD ပါတီက ေျခဥျပင္ဆင္ေရးႏွင့္ပတ္သက္၍ ထိပ္တိုက္ရင္ဆိုင္ေရးလမ္းေၾကာင္းကိုသြားေနဟု ဦးလွေဆြ ေ၀ဖန္

NLD ပါတီသည္ ဖြဲ႕စည္းပံုျပင္ဆင္ေရးနည္းလမ္းအတိုင္းမသြားဘဲ ထိပ္တိုက္ရင္ဆိုင္ေရးလမ္းေၾကာင္းကို သြားေနေၾကာင္း ဂန္႔ေဂါ အမ်ိဳးသားလႊတ္ေတာ္ကုိယ္စားလွယ္ေဟာင္းဦးလွေဆြက ေ၀ဖန္လိုက္သည္။

NLD ပါတီက ေျခဥျပင္ဆင္ေရးႏွင့္ပတ္သက္၍ ထိပ္တိုက္ရင္ဆိုင္ေရးလမ္းေၾကာင္းကိုသြားေနဟု ဦးလွေဆြ ေ၀ဖန္


လက္ရွိ ၂၀၀၈ ဖြဲ႕စည္းပံုအေျခခံဥပေဒျပင္ဆင္ေရးႏွင့္ပတ္သက္၍ အကုန္သိသတင္းဌာနမွ ဆက္သြယ္ ေမးျမန္းရာ၌ ယခုကဲ့သို႔ေျဖၾကားေပးျခင္း ျဖစ္သည္။
“ အခုသူတုိ႔(NLD)က ထိပ္တုိက္ရင္ဆုိင္ေရးလမ္းေၾကာင္းကုိသြားေနတယ္ဗ်ာ။ တပ္ကုိယ္စားလွယ္ေတြက ကန္႔ကြက္တယ္ဆုိတာက စဖြဲ႔ကတည္းက ဥပေဒနည္းလမ္းမက်လုိ႔ ဟုိကကန္႔ကြက္ေနတာ။ အဲဒါကုိ ဖြဲ႔စည္းပုံအေျခခံဥပေဒျပင္ဆင္ေရးနည္းလမ္းအတုိင္းမသြားဘဲ ေကာ္မတီဖြဲ႔စည္းၿပီး သူတုိ႔ဘာသာ ပယ္ပယ္နယ္နယ္ဒါကုိလုပ္ၾကတယ္။ ႏုိင္ငံေတာ္အလံကအစ၊ အမွတ္အသားေတြအဆုံးထိေပါ့ေလ။ အဲဒါက ပုဒ္မ- ၄၃၆ ေအာက္ေရာက္ေနတယ္။ျပည္နယ္ကအစ ၈ ျပည္နယ္တုိ႔ဘာတုိ႔။ အဲဒီေတာ့ တပ္က ကုိယ္စားလွယ္ေတြ ကြ်န္ေတာ္တီးေခါက္ၾကည့္ေတာ့မဟုတ္ဘူး။ သူတုိ႔ဘာသာ ၇၅ ရာခုိင္ႏႈန္းကုိ စည္းရုံးလာပါ။ တုိင္းျပည္အတြက္ အမ်ိဳးသားေရးအတြက္အမွန္တကယ္ျပင္ရမယ္ဟာဆုိရင္ တပ္က ၇၅ ရာခုိင္နႈန္းအေပါင္းတစ္နဲ႔ ေထာက္ခံေပးမယ္ဆုိတယ္။အဲဒီေတာ့ ၇၅ ရာခုိင္ႏႈန္းကုိ ခ်ျပေဆြးေႏြးတုိင္ပင္ၿပီး အဲဒီေထာက္ခံမႈရေအာင္စည္းရုံးရမွာ။ဒါမွ တကယ္ျပင္ႏုိင္မယ္။အမွန္ေရာက္မယ္’’ဟု ဦးလွေဆြကေျပာသည္။
ၿပီးခဲ့ေသာ ၂၀၁၉ ခုႏွစ္၊ ဇန္န၀ါရီလ ၂၉ ရက္က ျပည္ေထာင္စုလႊတ္ေတာ္တြင္ NLDပ ါတီမွ အမ်ိဳးသားလႊတ္ေတာ္ကုိယ္စားလွယ္ ဦးေအာင္ၾကည္ညြန္႔က ၂၀၀၈ ဖြဲ႔စည္းပုံအေျခခံဥပေဒျပင္ဆင္ေရး အေရးႀကီးအဆုိ တင္သြင္းခဲ့သည္။
၄င္းေနာက္ ျပည္ေထာင္စုလႊတ္ေတာ္မွ ၂၀၀၈ဖြဲ႔စည္းပုံအေျခခံဥပေဒ ျပင္ဆင္ေရးပူးေပါင္းေကာ္မတီကို ဖြဲ႔စည္းခဲ့သည္။

- မင္းသီဟန္( အကုန္သိသတင္းဌာန )

Unicode Version

 

NLD ပါတီသည် ဖွဲ့စည်းပုံပြင်ဆင်ရေးနည်းလမ်းအတိုင်းမသွားဘဲ ထိပ်တိုက်ရင်ဆိုင်ရေးလမ်းကြောင်းကို သွားနေကြောင်း ဂန့်ဂေါ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်းဦးလှဆွေက ဝေဖန်လိုက်သည်။
လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်၍ အကုန်သိသတင်းဌာနမှ ဆက်သွယ် မေးမြန်းရာ၌ ယခုကဲ့သို့ဖြေကြားပေးခြင်း ဖြစ်သည်။
“ အခုသူတို့(NLD)က ထိပ်တိုက်ရင်ဆိုင်ရေးလမ်းကြောင်းကိုသွားနေတယ်ဗျာ။ တပ်ကိုယ်စားလှယ်တွေက ကန့်ကွက်တယ်ဆိုတာက စဖွဲ့ကတည်းက ဥပဒေနည်းလမ်းမကျလို့ ဟိုကကန့်ကွက်နေတာ။ အဲဒါကို ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနည်းလမ်းအတိုင်းမသွားဘဲ ကော်မတီဖွဲ့စည်းပြီး သူတို့ဘာသာ ပယ်ပယ်နယ်နယ်ဒါကိုလုပ်ကြတယ်။ နိုင်ငံတော်အလံကအစ၊ အမှတ်အသားတွေအဆုံးထိပေါ့လေ။ အဲဒါက ပုဒ်မ- ၄၃၆ အောက်ရောက်နေတယ်။ပြည်နယ်ကအစ ၈ ပြည်နယ်တို့ဘာတို့။ အဲဒီတော့ တပ်က ကိုယ်စားလှယ်တွေ ကျွန်တော်တီးခေါက်ကြည့်တော့မဟုတ်ဘူး။ သူတို့ဘာသာ ၇၅ ရာခိုင်နှုန်းကို စည်းရုံးလာပါ။ တိုင်းပြည်အတွက် အမျိုးသားရေးအတွက်အမှန်တကယ်ပြင်ရမယ်ဟာဆိုရင် တပ်က ၇၅ ရာခိုင်နှုန်းအပေါင်းတစ်နဲ့ ထောက်ခံပေးမယ်ဆိုတယ်။အဲဒီတော့ ၇၅ ရာခိုင်နှုန်းကို ချပြဆွေးနွေးတိုင်ပင်ပြီး အဲဒီထောက်ခံမှုရအောင်စည်းရုံးရမှာ။ဒါမှ တကယ်ပြင်နိုင်မယ်။အမှန်ရောက်မယ်’’ဟု ဦးလှဆွေကပြောသည်။
ပြီးခဲ့သော ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်က ပြည်ထောင်စုလွှတ်တော်တွင် NLDပ ါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး အရေးကြီးအဆို တင်သွင်းခဲ့သည်။
၎င်းနောက် ပြည်ထောင်စုလွှတ်တော်မှ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးပူးပေါင်းကော်မတီကို ဖွဲ့စည်းခဲ့သည်။

- မင်းသီဟန်( အကုန်သိသတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။