Skip to main content
ရည္းစားျဖစ္သူထံအလည္လာသည့္တရုတ္ႏိုင္ငံသားအား အမည္မသိလူႏွစ္ဦးက ေသနတ္ျဖင့္ပစ္သတ္
Ads Block

ရည္းစားျဖစ္သူထံအလည္လာသည့္တရုတ္ႏိုင္ငံသားအား အမည္မသိလူႏွစ္ဦးက ေသနတ္ျဖင့္ပစ္သတ္

မူဆယ္ၿမိဳ႕နယ္တြင္ ရည္းစားျဖစ္သူထံအလည္လာသည့္တရုတ္ႏိုင္ငံသားအား အမည္မသိလူႏွစ္ဦးက ေသနတ္ျဖင့္ပစ္သတ္မႈ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ ရွမ္းျပည္နယ္၊ မူဆယ္ၿမိဳ႕နယ္၊ ၄၅ ကုန္းဟိုမြန္ရပ္ကြက္၊ မုံးေမာဝ္နယ္ကခ်င္ႏွစ္ျခင္းအသင္းေတာ္မ်ား အဖြဲ႔ခ်ဳပ္ ေက်ာင္းအနီးတြင္ ဇူလိုင္လ ၁၆ ရက္၊ နံနက္ ၁၁ နာရီခြဲခန္႔က ဆိုင္ကယ္စီးနင္းလာသည့္ တရုတ္ႏိုင္ငံ၊ ကြမ္တုံျပည္နယ္ေန အသက္ ၄၆ ႏွစ္အရြယ္ တရုတ္ႏိုင္ငံသားတစ္ဦးအား အမည္မသိလူႏွစ္ဦးက ေမာ္ေတာ္ယာဥ္ႏွင့္လိုက္ကာ ေသနတ္ျဖင့္ပစ္ခတ္ခဲ့ေၾကာင္း မူဆယ္ၿမိဳ႕မရဲစခန္းမွ သိရသည္။
“CCTV မွတ္တမ္းေတြအရသိရတာက သူက ဆိုင္ကယ္စီးလာတာ အေနာက္ကေနမွ ကားကလိုက္လာတာပါ။ ေသနတ္ေထာင္ေဖာက္ေတာ့ ေၾကာက္ၿပီးဆိုင္ကယ္လဲသြားတယ္။ ၿပီးေတာ့ ထြက္ေျပးခဲ့တယ္။ အဲဒီလူေတြနဲ႔ သူက အရင္တုန္းကတည္းက ရန္ၿငိဳးရန္စရွိရင္ရွိေနမွာေပါ့။ အတိအက်ေတာ့ မသိရေသးဘူး။ ထြက္ေျပးတာကို ျပစ္မႈက်ဴးလြန္သူေတြကျမင္ေတာ့ ကားကိုရပ္ၿပီးလိုက္ပစ္တယ္။ ပစ္တဲ့အခ်ိန္မွာ ဟိုကလမ္းပိတ္မိၿပီး လမ္းက်ဥ္း ထဲေရာက္သြားတဲ့အခ်ိန္မွာ ထိသြားတာေပါ့။ အဲဒီတရုတ္ႏိုင္ငံသားက သူနဲ႔ living together ေနတဲ့အမ်ဳိးသမီး ဆီလာတာေပါ့။ သြားလိုက္လာလိုက္ေနတာေပါ့။ သူ႔ေကာင္မေလးကပဲ တရားလိုလုပ္အမႈဖြင့္ထားတာပါ” ဟု မူဆယ္ၿမိဳ႕မရဲစခန္းမွ တာဝန္ရွိသူတစ္ဦးက အကုန္သိသတင္းဌာနသို႔ ေျပာသည္။
အဆိုပါတရုတ္ႏိုင္ငံသားသည္ ေသနတ္ဒဏ္ရာအသီးသီးရရွိ၍ အခင္းျဖစ္ေနရာတြင္ ေသဆုံးသြားေၾကာင္း သိရသည္။
ယင္းျဖစ္စဥ္ႏွင့္ပတ္သက္၍ အမည္မသိလူႏွစ္ဦးကို မူဆယ္ၿမိဳ႕မရဲစခန္း၌ (ပ)၆၁၉/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ-၃၀၂/၁၁၄ ျဖင့္ အမႈဖြင့္စုံစမ္းေနေၾကာင္း သိရသည္။

- ႏိုင္မင္းလြင္ ( အကုန္သိ သတင္းဌာန ) | ဓာတ္ပုံ-Thaung Tun

Unicode Version

 

မူဆယ်မြို့နယ်တွင် ရည်းစားဖြစ်သူထံအလည်လာသည့်တရုတ်နိုင်ငံသားအား အမည်မသိလူနှစ်ဦးက သေနတ်ဖြင့်ပစ်သတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်၊ ၄၅ ကုန်းဟိုမွန်ရပ်ကွက်၊ မုံးမောဝ်နယ်ကချင်နှစ်ခြင်းအသင်းတော်များ အဖွဲ့ချုပ် ကျောင်းအနီးတွင် ဇူလိုင်လ ၁၆ ရက်၊ နံနက် ၁၁ နာရီခွဲခန့်က ဆိုင်ကယ်စီးနင်းလာသည့် တရုတ်နိုင်ငံ၊ ကွမ်တုံပြည်နယ်နေ အသက် ၄၆ နှစ်အရွယ် တရုတ်နိုင်ငံသားတစ်ဦးအား အမည်မသိလူနှစ်ဦးက မော်တော်ယာဉ်နှင့်လိုက်ကာ သေနတ်ဖြင့်ပစ်ခတ်ခဲ့ကြောင်း မူဆယ်မြို့မရဲစခန်းမှ သိရသည်။
“CCTV မှတ်တမ်းတွေအရသိရတာက သူက ဆိုင်ကယ်စီးလာတာ အနောက်ကနေမှ ကားကလိုက်လာတာပါ။ သေနတ်ထောင်ဖောက်တော့ ကြောက်ပြီးဆိုင်ကယ်လဲသွားတယ်။ ပြီးတော့ ထွက်ပြေးခဲ့တယ်။ အဲဒီလူတွေနဲ့ သူက အရင်တုန်းကတည်းက ရန်ငြိုးရန်စရှိရင်ရှိနေမှာပေါ့။ အတိအကျတော့ မသိရသေးဘူး။ ထွက်ပြေးတာကို ပြစ်မှုကျူးလွန်သူတွေကမြင်တော့ ကားကိုရပ်ပြီးလိုက်ပစ်တယ်။ ပစ်တဲ့အချိန်မှာ ဟိုကလမ်းပိတ်မိပြီး လမ်းကျဉ်း ထဲရောက်သွားတဲ့အချိန်မှာ ထိသွားတာပေါ့။ အဲဒီတရုတ်နိုင်ငံသားက သူနဲ့ living together နေတဲ့အမျိုးသမီး ဆီလာတာပေါ့။ သွားလိုက်လာလိုက်နေတာပေါ့။ သူ့ကောင်မလေးကပဲ တရားလိုလုပ်အမှုဖွင့်ထားတာပါ” ဟု မူဆယ်မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက အကုန်သိသတင်းဌာနသို့ ပြောသည်။
အဆိုပါတရုတ်နိုင်ငံသားသည် သေနတ်ဒဏ်ရာအသီးသီးရရှိ၍ အခင်းဖြစ်နေရာတွင် သေဆုံးသွားကြောင်း သိရသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ အမည်မသိလူနှစ်ဦးကို မူဆယ်မြို့မရဲစခန်း၌ (ပ)၆၁၉/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ-၃၀၂/၁၁၄ ဖြင့် အမှုဖွင့်စုံစမ်းနေကြောင်း သိရသည်။

- နိုင်မင်းလွင် ( အကုန်သိ သတင်းဌာန )  | ဓာတ်ပုံ-Thaung Tun

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။