Skip to main content
ဆရာေတာ္ ေမာင္းႏွင္လာသည့္ကား ဝင္တိုက္၍ ပထမတန္းေက်ာင္းသားတစ္ဦး ေသဆံုး
Ads Block

ဆရာေတာ္ ေမာင္းႏွင္လာသည့္ကား ဝင္တိုက္၍ ပထမတန္းေက်ာင္းသားတစ္ဦး ေသဆံုး

ပဲခူးတိုင္းေဒသႀကီး ေရတာရွည္ၿမိဳ႕နယ္ သာဂရၿမိဳ႕ ေျမာက္ဖက္ ၂ မိုင္ခန္႔အကြာ ေဒဝေက်းရြာ အနီးတြင္ ဇူလိုင္ ၁၅ ရက္ ေန႔ လယ္ ၁၂ နာရီ ၄၅ မိနစ္အခ်ိန္ခန္႔က ဆရာေတာ္တစ္ပါး ေမာင္းႏွင္လာသည္ ယာဥ္မွ ေန႔လယ္ ထမင္းစားေက်ာင္းဆင္းလာ သည့္ ေက်ာင္းသားကေလးငယ္မ်ားအား အရွိန္လြန္ကာ ဝင္တိုက္မိခ့ဲသည့္အတြက္ ကေလးငယ္တစ္ဦးေသဆံုးသြားခဲ့ေၾကာင္း သိရသည္။
ရန္ကုန္ - မႏၲေလး ကားလမ္းအတိုင္း ေျမာက္မွေတာင္သို႔ ဆရာေတာ္ ဥဴးပညာေဇာတ ( ၃၃ )ႏွစ္ ဥသ်ွစ္ကုန္းရြာ သံေတာင္ႀကီး ၿမိဳ႕နယ္ ေနသူေမာင္းႏွင္လာသည္ TOYOTA VITZ 9M ------- ယာဥ္သည္ ေဒဝေက်းရြာ ဘုန္းေတာ္ႀကီးေက်ာင္းေရွ႕ ေတာင္ ဘက္အလြန္ ကားလမ္းအေနာက္ဘက္ ေျမသားလမ္း အတိုင္းသြားေနသည့္ ေက်ာင္းသား၊ေက်ာင္းသူမ်ားအား အရိွန္လြန္ဝင္ တိုက္မိခဲ့သည့္အတြက္ ေမာင္ဘုန္းေက်ာ္ျမင့္( ၇) ႏွစ္ ပထမတန္းသည္ ယာဥ္တိုက္ခံရေသာ ဒါဏ္ရာမ်ားျဖင့္ ေသဆံုးသြားခ့ဲၿပီး မအိမြန္ (၁၃ )ႏွစ္ (ဆဌမတန္း)၊ ေမာင္ေဝထြန္း ( ၁၀ )ႏွစ္ (တတိယတန္း)၊ ေမာင္ျမင့္ျမတ္ေအာင္( ၆ ) ႏွစ္ (KG တန္း) ေဒဝ ေက်းရြာေနသူတို႔တြင္ စိုးရိမ္ရဒါဏ္ရာမ်ား ႐ရွိခ့ဲေၾကာင္း ရဲမွတ္တမ္းမ်ားအရ သိရသည္။
"ေက်ာင္းသားေတြကို ကားတစ္စီးတိုက္ၿပီး ေျပးသြားတယ္ၾကားၾကားခ်င္း အျမန္စုံစမ္းခ့ဲတာ ရန္ကုန္ -မႏၲေလး လမ္းေဟာင္း မိုင္ တိုင္ ၁၇၄/၁ ႏွင့္ ၂ အျကားမွာ ျပန္လည္ဖမ္းဆီးရမိခ့ဲပါတယ္။ ဆရာေတာ္က ဘုန္းႀကီးဝတ္နဲ႔ျဖစ္ေနလို႔ သိကၡာခ် လူဝတ္လဲၿပီး အမႈဖြင့္ အေရးယူထားပါတယ္" ဟု သာဂရ နယ္ေျမရဲစခန္းမွ ရဲအရာရွိတစ္ဦးက ေျပာသည္။
အဆိုပါ ျဖစ္စဥ္ ႏွင့္ပက္သက္ၿပီး ေတာင္ငူခရိုင္ ေရတာရွည္ၿမိဳ႕နယ္ သာဂရနယ္ေျမရဲစခန္းတြင္ ယာဥ္ျဖင့္ ေက်ာင္းသားေလးမ်ား အား တိုက္ၿပီးထြက္ေျပးသြားေသာ ဥဴးပညာေဇာတ ဥသ်ွစ္ကုန္းေက်းရြာ၊ သံေတာင္ႀကီးၿမိဳ႕နယ္ေနသူအား ရဲအုပ္အုပ္ စိန္ေသာင္း မွ တရားလိုလုပ္ အမႈဖြင့္ စစ္ေဆးေဆာင္ရြက္လ်က္ရွိေၾကာင္း သိရသည္။

- ေနလင္းေအာင္ - ေတာင္ငူ ( အကုန္သိ သတင္းဌာန ) | ဓာတ္ပုံ - ကိုလြင္

Unicode Version

 

ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် သာဂရမြို့ မြောက်ဖက် ၂ မိုင်ခန့်အကွာ ဒေဝကျေးရွာ အနီးတွင် ဇူလိုင် ၁၅ ရက် နေ့ လယ် ၁၂ နာရီ ၄၅ မိနစ်အချိန်ခန့်က ဆရာတော်တစ်ပါး မောင်းနှင်လာသည် ယာဉ်မှ နေ့လယ် ထမင်းစားကျောင်းဆင်းလာ သည့် ကျောင်းသားကလေးငယ်များအား အရှိန်လွန်ကာ ဝင်တိုက်မိခဲ့သည့်အတွက် ကလေးငယ်တစ်ဦးသေဆုံးသွားခဲ့ကြောင်း သိရသည်။
ရန်ကုန် - မန္တလေး ကားလမ်းအတိုင်း မြောက်မှတောင်သို့ ဆရာတော် ဥူးပညာဇောတ ( ၃၃ )နှစ် ဥသျှစ်ကုန်းရွာ သံတောင်ကြီး မြို့နယ် နေသူမောင်းနှင်လာသည် TOYOTA VITZ 9M ------- ယာဉ်သည် ဒေဝကျေးရွာ ဘုန်းတော်ကြီးကျောင်းရှေ့ တောင် ဘက်အလွန် ကားလမ်းအနောက်ဘက် မြေသားလမ်း အတိုင်းသွားနေသည့် ကျောင်းသား၊ကျောင်းသူများအား အရှိန်လွန်ဝင် တိုက်မိခဲ့သည့်အတွက် မောင်ဘုန်းကျော်မြင့်( ၇) နှစ် ပထမတန်းသည် ယာဉ်တိုက်ခံရသော ဒါဏ်ရာများဖြင့် သေဆုံးသွားခဲ့ပြီး မအိမွန် (၁၃ )နှစ် (ဆဌမတန်း)၊ မောင်ဝေထွန်း ( ၁၀ )နှစ် (တတိယတန်း)၊ မောင်မြင့်မြတ်အောင်( ၆ ) နှစ် (KG တန်း) ဒေဝ ကျေးရွာနေသူတို့တွင် စိုးရိမ်ရဒါဏ်ရာများ ရရှိခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။
"ကျောင်းသားတွေကို ကားတစ်စီးတိုက်ပြီး ပြေးသွားတယ်ကြားကြားချင်း အမြန်စုံစမ်းခဲ့တာ ရန်ကုန် -မန္တလေး လမ်းဟောင်း မိုင် တိုင် ၁၇၄/၁ နှင့် ၂ အကြားမှာ ပြန်လည်ဖမ်းဆီးရမိခဲ့ပါတယ်။ ဆရာတော်က ဘုန်းကြီးဝတ်နဲ့ဖြစ်နေလို့ သိက္ခာချ လူဝတ်လဲပြီး အမှုဖွင့် အရေးယူထားပါတယ်" ဟု သာဂရ နယ်မြေရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။
အဆိုပါ ဖြစ်စဉ် နှင့်ပက်သက်ပြီး တောင်ငူခရိုင် ရေတာရှည်မြို့နယ် သာဂရနယ်မြေရဲစခန်းတွင် ယာဉ်ဖြင့် ကျောင်းသားလေးများ အား တိုက်ပြီးထွက်ပြေးသွားသော ဥူးပညာဇောတ ဥသျှစ်ကုန်းကျေးရွာ၊ သံတောင်ကြီးမြို့နယ်နေသူအား ရဲအုပ်အုပ် စိန်သောင်း မှ တရားလိုလုပ် အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

- နေလင်းအောင် - တောင်ငူ ( အကုန်သိ သတင်းဌာန ) | ဓာတ်ပုံ - ကိုလွင်

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။