Skip to main content
 dvs
Ads Block

ရန္ကုန္ၿမိဳ႕ကို ေနခ်င္စဖြယ္ၿမိဳ႕ေတာ္ႀကီးျဖစ္လာေစရန္ စည္ပင္မွအစြမ္းကုန္ေဆာင္ရြက္ေနဟု ဆို

လာမည့္ ၂၀၄၀ ခုႏွစ္တြင္ စိမ္းလန္းစိုေျပၿပီး ေနခ်င္စဖြယ္ရန္ကုန္ၿမိဳ႕ႀကီးျဖစ္လာေစရန္ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီမွ အစြမ္းကုန္လုပ္ေဆာင္ေနေႀကာင္း ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရး ေကာ္မတီမွ တြဲဖက္အတြင္းေရးမွဴး ဦးသန္းက ေျပာသည္။

ရန္ကုန္ၿမိဳ႕ရွိ ၿမိဳ႕ေတာ္ခန္းမတြင္ ဇူလိုင္လ ၁၅ ရက္ကက်င္းပသည့္ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရး ေကာ္မတီ၏ သတင္းစာရွင္းလင္းပြဲတြင္ အထက္ပါအတိုင္း ေျပာလိုက္ျခင္းျဖစ္သည္။

casfc

"ကၽြန္ေတာ္တို႔ေကာ္မတီအေနနဲ႔ တိုင္းေဒသႀကီးအစိုးရအဖြဲ႔နဲ႔ ပူးေပါင္းၿပီး အဘက္ဘက္ကေန ျပဳျပင္ေဆာင္ရြက္မႈေတြလုပ္ေဆာင္ေနပါတယ္။ ေစ်းေတြအဆင့္ျမင့္တာ၊ ေရေပးေဝမႈေတြ တိုးခ်ဲ႕လုပ္ေဆာင္တာေတြ၊ ေရစီးေရလာေကာင္းမြန္ေရးေတြ၊ ေရစီးေရလာေကာင္းမြန္ဖို႔ဆိုရင္ ေန႔စဥ္မျပတ္ ဝန္ထမ္းေတြက အခ်ိန္ျပည့္လုပ္ေဆာင္ေနပါတယ္။ ပန္းဥယ်ာဥ္ေတြမွာ သစ္ပင္ေတြစိမ္းလန္းစိုေျပေစဖို႔လည္း ပန္းဥယ်ာဥ္ဌာနကလည္း လုပ္ေဆာင္ေနပါတယ္။ ေသခ်ာတာကေတာ့ လာမယ့္ ၂၀၄၀မွာ စိမ္းလန္းစိုေျပၿပီး ေနခ်င္စဖြယ္ၿမိဳ႕ႀကီးျဖစ္ေအာင္ စည္ပင္သာယာအေနနဲ႕ အစြမ္းကုန္လုပ္ေဆာင္ေနပါတယ္” ဟု ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရး ေကာ္မတီမွ တြဲဖက္အတြင္းေရးမွဴး ဦးသန္းက ေျပာသည္။

ရန္ကုန္ျမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီအေနျဖင့္ ၂၀၁၈ စည္ပင္ဥပေဒကိုေရးဆြဲကာ လုပ္ငန္းမ်ားကို လုပ္ေဆာင္ေနျပီး ယခုအခ်ိန္အထိ အဆိုပါဥပေဒႏွင့္ အေရးယူေဆာင္ရြက္မႈမ်ား မရွိေသးေႀကာင္း သိရသည္။

vfevg

ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီကို ေကာ္မတီ ၇ ခု၊ လုပ္ငန္းဌာန ၃ ခုျဖင့္ ဖြဲ႕စည္း လုပ္ေဆာင္ေနၿပီး ဝန္ႀကီးခ်ဳပ္ဦးျဖိဳးမင္းသိန္းကလည္း ရန္ကုန္ၿမိဳ႕ကို Smart City အျဖစ္လုပ္ေဆာင္မည္ဟု ေျပာၾကားထားသည္။

- ထက္ေဝလင္း(အကုန္သိသတင္းဌာန)

 

Unicode Version

 

 

ရန်ကုန်မြို့ကို နေချင်စဖွယ်မြို့တော်ကြီးဖြစ်လာစေရန် စည်ပင်မှအစွမ်းကုန်ဆောင်ရွက်နေဟု ဆို

လာမည့် ၂၀၄၀ ခုနှစ်တွင် စိမ်းလန်းစိုပြေပြီး နေချင်စဖွယ်ရန်ကုန်မြို့ကြီးဖြစ်လာစေရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ အစွမ်းကုန်လုပ်ဆောင်နေကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ တွဲဖက်အတွင်းရေးမှူး ဦးသန်းက ပြောသည်။

ရန်ကုန်မြို့ရှိ မြို့တော်ခန်းမတွင် ဇူလိုင်လ ၁၅ ရက်ကကျင်းပသည့် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၏ သတင်းစာရှင်းလင်းပွဲတွင် အထက်ပါအတိုင်း ပြောလိုက်ခြင်းဖြစ်သည်။

"ကျွန်တော်တို့ကော်မတီအနေနဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ ပူးပေါင်းပြီး အဘက်ဘက်ကနေ ပြုပြင်ဆောင်ရွက်မှုတွေလုပ်ဆောင်နေပါတယ်။ ဈေးတွေအဆင့်မြင့်တာ၊ ရေပေးဝေမှုတွေ တိုးချဲ့လုပ်ဆောင်တာတွေ၊ ရေစီးရေလာကောင်းမွန်ရေးတွေ၊ ရေစီးရေလာကောင်းမွန်ဖို့ဆိုရင် နေ့စဉ်မပြတ် ဝန်ထမ်းတွေက အချိန်ပြည့်လုပ်ဆောင်နေပါတယ်။ ပန်းဥယျာဉ်တွေမှာ သစ်ပင်တွေစိမ်းလန်းစိုပြေစေဖို့လည်း ပန်းဥယျာဉ်ဌာနကလည်း လုပ်ဆောင်နေပါတယ်။ သေချာတာကတော့ လာမယ့် ၂၀၄၀မှာ စိမ်းလန်းစိုပြေပြီး နေချင်စဖွယ်မြို့ကြီးဖြစ်အောင် စည်ပင်သာယာအနေနဲ့ အစွမ်းကုန်လုပ်ဆောင်နေပါတယ်” ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ တွဲဖက်အတွင်းရေးမှူး ဦးသန်းက ပြောသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် ၂၀၁၈ စည်ပင်ဥပဒေကိုရေးဆွဲကာ လုပ်ငန်းများကို လုပ်ဆောင်နေပြီး ယခုအချိန်အထိ အဆိုပါဥပဒေနှင့် အရေးယူဆောင်ရွက်မှုများ မရှိသေးကြောင်း သိရသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကို ကော်မတီ ၇ ခု၊ လုပ်ငန်းဌာန ၃ ခုဖြင့် ဖွဲ့စည်း လုပ်ဆောင်နေပြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကလည်း ရန်ကုန်မြို့ကို Smart City အဖြစ်လုပ်ဆောင်မည်ဟု ပြောကြားထားသည်။

- ထက်ဝေလင်း(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။