Skip to main content
zvsdg
Ads Block
မိဘတွေ အခြားနေရာမီးလောင်မှုက မီးသတ်သမားများအား အစားအသောက်သွားပို့ နေစဉ် ၄င်းတို့ နေအိမ်မီးလောင်ခဲ့တာကြောင့် သမီးနှစ်ဦး သေဆုံး
      မလေးရှားနိုင်ငံမှာ ဇူလိုင် ၁၄ ရက် မနက်ပိုင်းအာရုံမတက်မီအချိန်လောက်က မိဘဖြစ်သူတွေ အခြားနေရာတစ်ခုက မီးလောင်မှုဖြစ်စဉ်မှာ ငြိမ်းသတ်နေကြတဲ့ မီးသတ်သမားတွေကို အစားအစာ သွားပို့ နေချိန် ၄င်းတို့ နေအိမ် မီးလောင်ခဲ့တာကြောင့် အိမ်မှာ အိပ်ရင်းကျန်ရစ်ခဲ့တဲ့ သမီးနှစ်ဦး သေဆုံးခဲ့ရပါတယ်။
Selangor ပြည်နယ် Banting မြို့ရှိ ၄င်းတို့ရဲ့နေအိမ်မှာ မီးလောင်မှုဖြစ်ပွားချိန်က  
မိဘတွေဟာ Port Klang မြို့က ဓာတုစက်ရုံမီးလောင်မှုမှာ မီးငြိမ်းသတ်ခဲ့တဲ့ မီးသတ်သမားတွေကို စားစရာသွားပို့နေတာကြောင့် ၄င်းတို့နှစ်ယောက်တည်း အခုလို အိမ်မှာကျန်ခဲ့တာဖြစ်ပါတယ်။
မီးလောင်မှုဖြစ်နေတုန်းက ၄င်းတို့ညီအစ်မနှစ်ယောက်ကို ကယ်ဖို့ကြိုးစားခဲ့ပေမယ့် မီးတောက်ကြီးပြီး သစ်သားတွေပြိုကျလာတာကြောင့် ကယ်လို့မရခဲ့ဘူးလို့  အိမ်အနီးအနားမှာနေတဲ့ ၄င်းတို့ရဲ့ ဦးလေးဖြစ်သူ က ပြောဆိုခဲ့ပါတယ်။
CNA
-
-မေ(အကုန်သိ သတင်းဌာန)
Unicode Version
မိဘတွေ အခြားနေရာမီးလောင်မှုက မီးသတ်သမားများအား အစားအသောက်သွားပို့နေစဉ် ၎င်းတို့နေအိမ်မီးလောင်ခဲ့တာကြောင့် သမီးနှစ်ဦး သေဆုံး
      မလေးရှားနိုင်ငံမှာ ဇူလိုင် ၁၄ ရက် မနက်ပိုင်းအာရုံမတက်မီအချိန်လောက်က မိဘဖြစ်သူတွေ အခြားနေရာတစ်ခုက မီးလောင်မှုဖြစ်စဉ်မှာ ငြိမ်းသတ်နေကြတဲ့ မီးသတ်သမားတွေကို အစားအစာ သွားပို့နေချိန် ၎င်းတို့နေအိမ် မီးလောင်ခဲ့တာကြောင့် အိမ်မှာ အိပ်ရင်းကျန်ရစ်ခဲ့တဲ့ သမီးနှစ်ဦး သေဆုံးခဲ့ရပါတယ်။
Selangor ပြည်နယ် Banting မြို့ရှိ ၎င်းတို့ရဲ့နေအိမ်မှာ မီးလောင်မှုဖြစ်ပွားချိန်က  
Nur Salsabila Mohd Fakrul Khair ၁၆ နှစ်နဲ့ Nur Ain Sumayyah ၁၃ နှစ် တို့ညီအစ်မနှစ်ဦးတည်း အိမ်မှာကျန်နေခဲ့တာဖြစ်ပါတယ်။
မိဘတွေဟာ Port Klang မြို့က ဓာတုစက်ရုံမီးလောင်မှုမှာ မီးငြိမ်းသတ်ခဲ့တဲ့ မီးသတ်သမားတွေကို စားစရာသွားပို့နေတာကြောင့် ၎င်းတို့နှစ်ယောက်တည်း အခုလို အိမ်မှာကျန်ခဲ့တာဖြစ်ပါတယ်။
အိမ်က ပျဉ်ထောင်ပျဉ်ခင်းအိမ်ဖြစ်တာကြောင့် လျင်လျင်မြန်မြန်နဲ့ တစ်အိမ်လုံး မီးကူးစက် လောင်ကျွမ်းခဲ့တာဖြစ်ကြောင်း Selangor မီးသတ်နှင့် ကယ်ဆယ်ရေးဦးစီးဌာနက ပြောခဲ့ပါတယ်။ အခင်းဖြစ်ပွားရာနေရာကို မီးသတ်ကားနှစ်စီး နဲ့  မီးသတ်သမား ၁၇ ယောက်ကို စေလွှတ်ခဲ့ကာ ၂ မိနစ် အကြာမှာ မီးညွန့်ကျိုးပြီး ၁၀ မိနစ်အကြာမှာတော့ မီးငြိမ်းသွားခဲ့တာဖြစ်တယ်လို့ ၎င်းကပြောပါတယ်။ ၎င်းတို့ ညီအစ်မ ရုပ်အလောင်းတွေကိုတော့ အိပ်ခန်းထဲမှာတွေ့ခဲ့ရတာပဲဖြစ်ပါတယ်။
မီးလောင်မှုဖြစ်နေတုန်းက ၎င်းတို့ညီအစ်မနှစ်ယောက်ကို ကယ်ဖို့ကြိုးစားခဲ့ပေမယ့် မီးတောက်ကြီးပြီး သစ်သားတွေပြိုကျလာတာကြောင့် ကယ်လို့မရခဲ့ဘူးလို့  အိမ်အနီးအနားမှာနေတဲ့ ၎င်းတို့ရဲ့ ဦးလေးဖြစ်သူ က ပြောဆိုခဲ့ပါတယ်။
မီးလောင်ရတဲ့အကြောင်းအရင်းကိုသိရဖို့ စုံးစမ်းစစ်ဆေးမှုတွေလုပ်နေဆဲဖြစ်ကြောင်း အာဏာပိုင်တွေကပြောခဲ့ပါတယ်။
CNA
--မေ(အကုန်သိ သတင်းဌာန)
အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။