Skip to main content
လူကြမ်းသရုပ်ဆောင် ကိုဇော်ကြီး
Ads Block
ပီပီပြင်ပြင်သရုပ်ဆောင်နိုင်သောလူကြမ်းများကိုလည်းအကယ်ဒမီပေးသင့်ဟု လူကြမ်းသရုပ်ဆောင် ဇော်ကြီးပြော 
ပီပီပြင်ပြင်သရုပ်ဆောင်နိုင်သောလူကြမ်းများကိုလည်းအကယ်ဒမီပေးသင့်ဟု လူကြမ်းသရုပ်ဆောင် ဇော်ကြီးပြော
Unicode
--------
လူကြမ်းသရုပ်ဆောင်များကိုလည်းအကယ်ဒမီပေးသင့်ကြောင်း လူကြမ်းသရုပ်ဆောင် ကိုဇော်ကြီးက ပြောလိုက်သည်။
ဇူလိုင်လ ၁၅ ရက်၌အကုန်သိသတင်းဌာနနှင့် သီးသန့်တွေ့ဆုံမေးမြန်းရာတွင် ယခုကဲ့သို့ဖြေကြားပေးခြင်း ဖြစ်သည်။ 
“ ဥပမာဗျာ။ မင်းသမီးတစ်လက် သရုပ်ဆောင်ပြလိုက်တယ်။ငိုပြလိုက်တယ်။ မင်းသမီးကအကယ်ဒမီရှောခ့်ပဲ။ နောက်တစ်ခါ မင်းသားတစ်လက်သရုပ်ဆောင်တော့ ဒီမင်းသားငိုချင်လည်းငိုမယ်။ နောက်သူကြမ်းချင်လည်း ကြမ်းမယ်။ အဲဒီလိုမင်းသားလုပ်ကွက်ကိုအထင်ကြီးကြတယ်။ လေးစားကြတယ်။ တန်ဖိုးထားကြတယ်။ လူကြမ်းတစ်ယောက်ရဲ့ ပီပီပြင်ပြင်သရုပ်ဆောင်ကွက်ကြတော့ အထင်မကြီးဘူး။ ပိုအမြင်ကပ်တယ်။ နယ်တွေရောက်တော့ ဒါကပိုသိတယ်။ဟင် ဟိုလူကြီး၊ ဒီလူကြီးဆိုပြီးပေါ့။အခုခေတ်မှာတော့ အမြင်တွေ ပရိသတ်ကပြောင်းလာပါပြီ။ လက်ဆွဲနှုတ်ဆက်ကြတယ်။ အားပေးကြတယ်။ အဲဒီတော့ ပြည်သူတွေကတောင် ချီးကျူးတယ်။ အားပေးတယ်။ အမြင်တွေပြောင်းလဲလာတယ်။ ပြည်သူတွေကအကယ်ဒမီရစေချင်တယ်။ဒါပေမဲ့ အကယ်ဒမီပေးတဲ့လူကြီးတွေက ကြမ်းကြမ်းရမ်းရမ်းသရုပ်ဆောင်ရင် အကယ်ဒမီမပေးသင့်ဘူးလို့ ယူဆထားကြတယ်။ နိုင်ငံခြားမှာဆိုရင် ဒီလိုသရုပ်ဆောင်နိုင်ရင် အကယ်ဒမီအော်စကာဆုပေးတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာလူကြမ်းသရုပ်ဆောင်တွေပီပီပြင်ပြင် သရုပ်ဆောင်နိုင်တယ်ဆိုရင် ဘာဖြစ်လို့ မပေးနိုင်စရာအကြောင်းရှိမလဲလို့ ကျွန်တော်ပြောချင်ပါတယ်’’ ဟု လူကြမ်းသရုပ်ဆောင် ကိုဇော်ကြီးက ပြောသည်။
လူကြမ်းသရုပ်ဆောင် ကိုဇော်ကြီး
လူကြမ်းသရုပ်ဆောင်များထဲတွင် ဦးအံ့ကျော်သည်  “ဘယ်သူပြိုင်လို့လှပါတော့နိုင်” ဇာတ်ကားဖြင့် ဇာတ်ပို့ဆုကယ်ဒမီကို ၁၉၇၃ ခုနှစ်တွင် ရရှိခဲ့သည်။
အလားတူ ၂၀၀၀ ပြည့်နှစ်တွင် ငရဲသားရုပ်ရှင်ဇာတ်ကားဖြင့်လူကြမ်းသရုပ်ဆောင်အောင်ခိုင်မှ အမျိုးသားဇာတ်ပို့ဆုရရှိခဲ့သည်။
  • မင်းသီဟန်(အကုန်သိသတင်းဌာန) 
အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။