၂၀၀၈ ဖြဲ႔စည္းပံုအတြက္ ျပင္ဆင္/ပယ္ဖ်က္/အသစ္ျပ႒ာန္းလုိသည့္အႀကံျပဳခ်က္ေပါင္း ၃၇၀၀ ေက်ာ္ရွိေန
၂၀၀၈ ဖြဲ႔စည္းပံုအေျခခံဥပေဒျပင္ဆင္ေရးအတြက္ ႏုိင္ငံေရးပါတီမ်ားမွ ျပင္ဆင္/ပယ္ဖ်က္/အသစ္ျဖည့္စြက္ လုိသည့္ အႀကံျပဳခ်က္ေပါင္း ၃၇၀၀ ေက်ာ္တင္ျပထားေၾကာင္း ၂၀၀၈ ဖြဲ႔စည္းပံုျပင္ဆင္ေရးပူးေပါင္းေကာ္မတီမွ အတြင္းေရးမွဴး ေဒါက္တာျမတ္ဥာဏစုိးကေျပာသည္။
ဇူလုိင္လ ၁၅ ရက္က က်င္းပသည့္ ဒုတိယအႀကိမ္ျပည္ေထာင္စုလႊတ္ေတာ္ (၁၃)ႀကိမ္ေျမာက္ ပံုမွန္အစည္းအေဝး၊ ပထမေန႔အစီအစဥ္တြင္ ျပည္ေထာင္စုသမၼတျမန္မာႏုိင္ငံေတာ္ ဖြဲ႔စည္းပံုအေျခခံဥပေဒ (၂၀၀၈)ျပင္ဆင္ေရးပူးေပါင္းေကာ္မတီ၏ အစီရင္ခံစာတင္ျပရာတြင္ ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။
“ ႏိ္ုင္ငံေရးပါတီအသီးသီးနဲ႔ တစ္သီးပုဂၢလိကလႊတ္ေတာ္ကိုယ္စားလွယ္မ်ားရဲ႕ ျပင္ဆင္၊ျဖည့္စြက္၊ပယ္ဖ်က္လုိတဲ့ အႀကံျပဳခ်က္မ်ားသာျဖစ္ပါတယ္။ ေဆြးေႏြးထားတဲ့အခ်က္ေတြအေပၚမွာပါဝင္သင့္တဲ့အခ်က္ေတြကို ျပဳစုၿပီးေတာ့ ဖြဲ႔စည္းပံုအေျခခံဥပေဒ ၂၀၀၈ ခုႏွစ္ကိုျပင္ဆင္တဲ့ဥပေဒၾကမ္းတစ္ရပ္ကို ျပဳစုၿပီးေတာ့ ၂၀၀၈ ဖြဲ႔စည္းပံုအေျခခံဥပေဒအခန္း(၁၂) ဖြဲ႔စည္းပံုအေျခခံဥပေဒျပင္ဆင္ျခင္းႏွင့္ ျပည္ေထာင္စုလႊတ္ေတာ္ဆုိင္ရာ ဥပေဒ၊ နည္းဥပေဒတုိ႔ကို ျပဌာန္းခ်က္ႏွင့္အညီဆက္လက္ေဆာင္ရြက္သြားမွာျဖစ္ပါတယ္” ဟု ၂၀၀၈ ဖြဲ႔စည္းပံုျပင္ဆင္ေရးပူးေပါင္းေကာ္မတီမွ အတြင္းေရးမွဴး ေဒါက္တာျမတ္ဥာဏစုိးကေျပာသည္။
အခန္း(၁)အတြက္ အႀကံျပဳခ်က္ ၂၃၁ခ်က္၊ အခန္း(၂)အတြက္ ၁၁၁ ခ်က္၊ အခန္း(၃)အတြက္ ၂၁၈ ခ်က္၊ အခန္း(၄) ၈၅၉ ခ်က္၊ အခန္း(၅)အတြက္ ၁၂၁၁ ခ်က္၊ အခန္း(၆)အတြက္ ၆၃၂ ခ်က္၊ အခန္း(၇)အတြက္ ၄၂ ခ်က္၊ အခန္း(၈)အတြက္ ၅၈ ခ်က္၊ အခန္း(၉)အတြက္ ၄၅ ခ်က္၊ အခန္း(၁၀)အတြက္ အခ်က္(၂၀)၊ အခန္း(၁၁) အတြက္ ၁၂၈ ခ်က္၊ အခန္း(၁၂)အတြက္ ၂၇ခ်က္၊ အခန္း(၁၃)အတြက္ ၁၃ ခ်က္၊ အခန္း ၁၄ အတြက္ ၁၀၂ ခ်က္ႏွင့္ အခန္း(၁၅)ႏွင့္ ေနက္ဆက္တြဲဇယား ၁ မွ ၅ အထိ ၆၈ ခ်က္တင္ျပထားေၾကာင္း သိရသည္။
ျပည္ေထာင္စုျမန္မာႏုိင္ငံေတာ္ ဖြဲ႔စည္းပံုအေျခခံဥပေဒ(၂၀၀၈)ခုႏွစ္ ျပင္ဆင္ေရးပူးေပါင္းေကာ္မတီကိုေဖေဖၚဝါရီလ ၁၉ရက္တြင္ ႏိုင္ငံေရးပါတီမ်ား၊ တပ္မေတာ္သားလႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ တစ္သီးပုဂၢလိကလႊတ္ေတာ္ကိုယ္စားလွယ္ ၄၅ဦးျဖင့္ ဖြဲ႔စည္းခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။
- ခ်မ္းၿငိမ္း (အကုန္သိသတင္းဌာန)
Unicode
------------
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် နိုင်ငံရေးပါတီများမှ ပြင်ဆင်/ပယ်ဖျက်/အသစ်ဖြည့်စွက် လိုသည့် အကြံပြုချက်ပေါင်း ၃၇၀၀ ကျော်တင်ပြထားကြောင်း ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးပူးပေါင်းကော်မတီမှ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးကပြောသည်။
ဇူလိုင်လ ၁၅ ရက်က ကျင်းပသည့် ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး၊ ပထမနေ့အစီအစဉ်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)ပြင်ဆင်ရေးပူးပေါင်းကော်မတီ၏ အစီရင်ခံစာတင်ပြရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
“ နိုင်ငံရေးပါတီအသီးသီးနဲ့ တစ်သီးပုဂ္ဂလိကလွှတ်တော်ကိုယ်စားလှယ်များရဲ့ ပြင်ဆင်၊ဖြည့်စွက်၊ပယ်ဖျက်လိုတဲ့ အကြံပြုချက်များသာဖြစ်ပါတယ်။ ဆွေးနွေးထားတဲ့အချက်တွေအပေါ်မှာပါဝင်သင့်တဲ့အချက်တွေကို ပြုစုပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ်ကိုပြင်ဆင်တဲ့ဥပဒေကြမ်းတစ်ရပ်ကို ပြုစုပြီးတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း(၁၂) ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်းနှင့် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေတို့ကို ပြဌာန်းချက်နှင့်အညီဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးပူးပေါင်းကော်မတီမှ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးကပြောသည်။
အခန်း(၁)အတွက် အကြံပြုချက် ၂၃၁ချက်၊ အခန်း(၂)အတွက် ၁၁၁ ချက်၊ အခန်း(၃)အတွက် ၂၁၈ ချက်၊ အခန်း(၄) ၈၅၉ ချက်၊ အခန်း(၅)အတွက် ၁၂၁၁ ချက်၊ အခန်း(၆)အတွက် ၆၃၂ ချက်၊ အခန်း(၇)အတွက် ၄၂ ချက်၊ အခန်း(၈)အတွက် ၅၈ ချက်၊ အခန်း(၉)အတွက် ၄၅ ချက်၊ အခန်း(၁၀)အတွက် အချက်(၂၀)၊ အခန်း(၁၁) အတွက် ၁၂၈ ချက်၊ အခန်း(၁၂)အတွက် ၂၇ချက်၊ အခန်း(၁၃)အတွက် ၁၃ ချက်၊ အခန်း ၁၄ အတွက် ၁၀၂ ချက်နှင့် အခန်း(၁၅)နှင့် နေက်ဆက်တွဲဇယား ၁ မှ ၅ အထိ ၆၈ ချက်တင်ပြထားကြောင်း သိရသည်။
ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ခုနှစ် ပြင်ဆင်ရေးပူးပေါင်းကော်မတီကိုဖေဖေါ်ဝါရီလ ၁၉ရက်တွင် နိုင်ငံရေးပါတီများ၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ၊ တစ်သီးပုဂ္ဂလိကလွှတ်တော်ကိုယ်စားလှယ် ၄၅ဦးဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
- ချမ်းငြိမ်း (အကုန်သိသတင်းဌာန)