Skip to main content
ႏိုင္ငံေရးတြင္ အၿမဲတမ္းရန္သူ၊ အၿမဲတမ္းမိတ္ေဆြမရွိဟု ျပည္သူ႔လႊတ္ေတာ္ဥကၠ႒ ေျပာ 
Ads Block

ႏိုင္ငံေရးတြင္ အၿမဲတမ္းရန္သူ၊ အၿမဲတမ္းမိတ္ေဆြမရွိဟု ျပည္သူ႔လႊတ္ေတာ္ဥကၠ႒ ေျပာ 

ႏိုင္ငံေရးတြင္ အၿမဲတမ္းရန္သူ၊ အၿမဲတမ္းမိတ္ေဆြမရွိဘဲ ႏိုင္ငံအတြက္ကုိယ္က်ိဳးစီးပြားသာရွိေၾကာင္း ျပည္သူ႔လႊတ္ေတာ္ဥကၠ႒ ဦးတီခြန္ျမတ္က ေျပာသည္။ 
ယေန႔(ဇူလုိင္လ ၁၅ ရက္)ကက်င္းပသည့္ ျပည္သူ႔လႊတ္ေတာ္အစည္းအေဝး၌ လႊတ္ေတာ္အဖြင့္မိန္႔ခြန္း ေျပာၾကားရာတြင္ ထည့္သြင္းေျပာၾကားျခင္းျဖစ္သည္။ 
“ ဒီကေန႔ ႏိုင္ငံတကာအေျခအေနကုိ ေလ့လာအကဲခတ္ၾကည့္မည္ဆုိရင္လည္း ႏိုင္ငံေရးရည္မွန္းခ်က္ အေျပာင္းအလဲေတြနဲ႔ မူ၀ါဒအေျပာင္းအလဲေတြကုိ ေတြ႔ျမင္ၾကရမွာျဖစ္ပါတယ္။ အျမဲတမ္းရန္သူ၊ အျမဲတမ္း မိတ္ေဆြဆုိတာမရွိပါဘူး။ ကုိယ္က်ိဳးစီးပြားသာရွိသည္ဆုိသည့္စကားအတုိင္း ၎တုိ႔ႏိုင္ငံရဲ႕အက်ိဳးစီးပြားကုိ အဓိကထားဦးစားေပးေဆာင္ရြက္ၾကတာေတြ႔ၾကရမွာျဖစ္ပါတယ္” ဟု ျပည္သူ႔လႊတ္ေတာ္ဥကၠ႒ ဦးတီခြန္ျမတ္က ေျပာသည္။
ထို႔အျပင္ ျမန္မာႏုိင္ငံအေနျဖင့္ ကမၻာ့ေရစီးေၾကာင္းအတြင္း လုိက္ပါေျပာင္းလဲတုိးတက္ႏုိင္သည့္ႏုိင္ငံအျဖစ္ ဖန္တီးပုံေဖာ္ႏုိင္ေရးအတြက္ ျပည္တြင္းၿငိမ္းခ်မ္းေရးရရွိရန္လိုအပ္ေၾကာင္းလည္း ၄င္းက ထည့္သြင္း ေျပာၾကားခဲ့သည္။ 
ယခုက်င္းပသည့္ ဒုတိယအႀကိမ္၊ ျပည္သူ႔လႊတ္ေတာ္ (၁၃) ႀကိမ္ေျမာက္ပုံမွန္အစည္းအေဝးကာလအတြင္း အေျခခံပညာေရးဥပေဒၾကမ္းအပါအဝင္ ဥပေဒၾကမ္း ၁၄ ခုကို ထည့္သြင္းေဆြးေႏြးသြားမည္ျဖစ္ေၾကာင္း သိရသည္။
အဆိုမ်ားအေနျဖင့္ ၁၂ ႀကိမ္ေျမာက္ပံုမွန္အစည္းအေဝးကာလအတြင္းတင္သြင္းခဲ့ၿပီး ေဆြးေႏြးရန္ က်န္႐ွိအဆို ၃ ခုႏွင့္ အသင့္ျဖစ္အဆို ၁၂ ခု႐ွိေသာေၾကာင့္ စုစုေပါင္း ၁၅ ခုရိွကာ အသင့္ျဖစ္ၾကယ္ပြင့္ျပေမးခြန္း ၁၀၉ ခု႐ွိေၾကာင္း၊ ယခင္အႀကိမ္မ်ားတြင္ က်န္႐ွိခဲ့သည့္ ၾကယ္ပြင့္ျပေမးခြန္း ၂၂၀ ခု ႐ွိသည့္အနက္ေမးခြန္း ၁၁၅ ခုကို အစည္းအေဝးကာလအတြင္းဆက္လက္ေဆာင္ရြက္ရန္လ်ာထားၿပီး ေမးခြန္း ၁၀၅ ခုကို စာေျဖျဖင့္ ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

- တိုးေနျခည္- ေနျပည္ေတာ္(အကုန္သိသတင္းဌာန)

Unicode version

နိုင်ငံရေးတွင် အမြဲတမ်းရန်သူ၊ အမြဲတမ်းမိတ်ဆွေမရှိဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ပြော 

နိုင်ငံရေးတွင် အမြဲတမ်းရန်သူ၊ အမြဲတမ်းမိတ်ဆွေမရှိဘဲ နိုင်ငံအတွက်ကိုယ်ကျိုးစီးပွားသာရှိကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ပြောသည်။ 
ယနေ့(ဇူလိုင်လ ၁၅ ရက်)ကကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေး၌ လွှတ်တော်အဖွင့်မိန့်ခွန်း ပြောကြားရာတွင် ထည့်သွင်းပြောကြားခြင်းဖြစ်သည်။ 
“ ဒီကနေ့ နိုင်ငံတကာအခြေအနေကို လေ့လာအကဲခတ်ကြည့်မည်ဆိုရင်လည်း နိုင်ငံရေးရည်မှန်းချက် အပြောင်းအလဲတွေနဲ့ မူဝါဒအပြောင်းအလဲတွေကို တွေ့မြင်ကြရမှာဖြစ်ပါတယ်။ အမြဲတမ်းရန်သူ၊ အမြဲတမ်း မိတ်ဆွေဆိုတာမရှိပါဘူး။ ကိုယ်ကျိုးစီးပွားသာရှိသည်ဆိုသည့်စကားအတိုင်း ၎င်းတို့နိုင်ငံရဲ့အကျိုးစီးပွားကို အဓိကထားဦးစားပေးဆောင်ရွက်ကြတာတွေ့ကြရမှာဖြစ်ပါတယ်” ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ပြောသည်။
ထို့အပြင် မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့ရေစီးကြောင်းအတွင်း လိုက်ပါပြောင်းလဲတိုးတက်နိုင်သည့်နိုင်ငံအဖြစ် ဖန်တီးပုံဖော်နိုင်ရေးအတွက် ပြည်တွင်းငြိမ်းချမ်းရေးရရှိရန်လိုအပ်ကြောင်းလည်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။ 
ယခုကျင်းပသည့် ဒုတိယအကြိမ်၊ ပြည်သူ့လွှတ်တော် (၁၃) ကြိမ်မြောက်ပုံမှန်အစည်းအဝေးကာလအတွင်း အခြေခံပညာရေးဥပဒေကြမ်းအပါအဝင် ဥပဒေကြမ်း ၁၄ ခုကို ထည့်သွင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုများအနေဖြင့် ၁၂ ကြိမ်မြောက်ပုံမှန်အစည်းအဝေးကာလအတွင်းတင်သွင်းခဲ့ပြီး ဆွေးနွေးရန် ကျန်ရှိအဆို ၃ ခုနှင့် အသင့်ဖြစ်အဆို ၁၂ ခုရှိသောကြောင့် စုစုပေါင်း ၁၅ ခုရှိကာ အသင့်ဖြစ်ကြယ်ပွင့်ပြမေးခွန်း ၁၀၉ ခုရှိကြောင်း၊ ယခင်အကြိမ်များတွင် ကျန်ရှိခဲ့သည့် ကြယ်ပွင့်ပြမေးခွန်း ၂၂၀ ခု ရှိသည့်အနက်မေးခွန်း ၁၁၅ ခုကို အစည်းအဝေးကာလအတွင်းဆက်လက်ဆောင်ရွက်ရန်လျာထားပြီး မေးခွန်း ၁၀၅ ခုကို စာဖြေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

- တိုးနေခြည်- နေပြည်တော်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။