Skip to main content
mnpoi
Ads Block

ဗစ္တုိးရီးယားအမႈ အမႈမွန္ေဖာ္ထုတ္သြားမည္ဟု ဒရိုင္ဘာေအာင္ႀကီး၏ ေရွ႕ေနေျပာ

ေနျပည္ေတာ္တြင္ျဖစ္ပြားသည့္ ဗစ္တုိးရီးယားအမႈႏွင့္ပတ္သက္ၿပီး စြပ္စြဲခံရသူ ေအာင္ေက်ာ္မ်ိဳး(ခ) ေအာင္ႀကီး လြတ္ေျမာက္ေရးႏွင့္ အမႈမွန္ေပၚေပါက္ေရးေဖာ္ထုတ္သြားမည္ဟု စြပ္စြဲခံရသူ၏ေရွ႕ေန ဦးခင္ေမာင္ေဇာ္က ေျပာသည္။

ေနျပည္ေတာ္ Wisdom Hill မူႀကိဳေက်ာင္းတြင္ တက္ေရာက္ေနသည့္ အသက္ ၃ ႏွစ္ခန္႔အရြယ္ မိန္းကေလးအေပၚ လိင္ပိုင္းဆုိင္ရာက်ဴးလြန္မႈႏွင့္ပတ္သက္ၿပီးစြပ္စြဲခံရသူ ေအာင္ႀကီးကိုေနျပည္ေတာ္ ဒကၡိဏခရုိင္တရားရုံးတြင္ ဇူလုိင္လ ၁၅ ရက္ကပထမအႀကိမ္ရုံးထုတ္ရာတြင္ ေျပာၾကားခဲ့ျခင္းျဖစ္သည္။

vaf

 

“ အမွန္တရားေဖာ္ထုတ္ဖုိ႔ကနံပါတ္(၁)ပါ။ အမွန္ဘက္မွာဘယ္သူေတြရွိမလဲ။ အမွားဘက္မွာဘယ္သူေတြ ရွိမလဲေပါ့။ သြားမယ့္လမ္းေၾကာင္းကသံုးခုပါ။ နံပါတ္(၁)က ကၽြန္ေတာ္ယံုၾကည္တယ္။ ကုိေအာင္ႀကီးဟာ ဥပေဒအကူအညီလုိတယ္လုိ႔ထင္လုိ႔လုိက္တာ။ ကိုေအာင္ႀကီးကိုဒီအမႈကေနလြတ္ေအာင္ ေဆာင္ရြက္မယ္။ ေနာက္တစ္ခုက အဲဒီလုိလြတ္ေအာင္ေဆာင္ရြက္ျခင္းကေန တကယ္ကိုေအာင္ႀကီးမဟုတ္ဘူးဆုိတာကို ေဖာ္ႏုိ္င္ရင္ဘယ္သူလဲဆုိတာ၊ ဘယ္သူေတြမ်ားျဖစ္သလဲဆုိတာအတတ္ႏုိ္င္ဆံုးေဖာ္ထုတ္ရမယ္။ ကန္႔သတ္ခ်က္ေတြေတာ့ရွိတာေပါ့။တတိယကေတာ့ အဲဒီလုိေပၚတယ္ဆုိရင္ ဘယ္သူေတြက ကိုေအာင္ႀကီးကို ပံုခ်သလဲဆုိတဲ့ရည္ရြယ္ခ်က္နဲ႔ ေဆာင္ရြက္တာပါ” ဟု ေရွ႕ေနဦးခင္ေမာင္ေဇာ္ကေျပာသည္။

ဇူလုိင္လ ၁၅ ရက္ရုံးခ်ိန္းတြင္ အမႈစစ္ေဆးခဲ့ျခင္းမရွိေသးဘဲ ႏွစ္ဖက္သက္ေသအေနအထား၊ ရုံးခ်ိန္းေခၚဆုိမႈ အပိုင္းႏွင့္အမႈစီမံခန္႔ခြဲမႈအပုိင္းကိုသာ ေဆာင္ရြက္ခဲ့ေၾကာင္း ၎ကဆက္ေျပာသည္။

ဗစ္တုိးရီးယားအမႈႏွင့္ပတ္သက္၍ တရားလုိျပသက္ေသ ၂၆ ဦးတင္ထားၿပီးလာမည့္ရုံးခ်ိန္းကိုဇူလုိင္လ ၂၄ ရက္သို႔ ျပန္လည္ခ်ိန္းဆုိထားေၾကာင္း သိရသည္။

သက္ေသခုိင္လံုသည့္အတြက္ ေအာင္ႀကီးကိုဖမ္းဆီးအမႈဖြင့္လွစ္ခဲ့ျခင္းျဖစ္ၿပီးကေလးငယ္ေျပာဆုိထားသည့္ ဗီဒီယုိဖုိင္ကုိတရားရုံးသုိ႔ သက္ေသအျဖစ္ တင္ထားေၾကာင္းလည္း ႏုိ္င္ငံေတာ္သမၼတအိမ္ေတာ္ သတင္းစာ ရွင္းလင္းပြဲတြင္ ဦးေဇာ္ေဌးက သတင္းေထာက္မ်ားထံ ေျပာၾကားထားသည္။

 

ခ်မ္းၿငိမ္း(အကုန္သိသတင္းဌာန)

 

Unicode Version

 

 

ဗစ်တိုးရီးယားအမှု အမှုမှန်ဖော်ထုတ်သွားမည်ဟု ဒရိုင်ဘာအောင်ကြီး၏ ရှေ့နေပြော

 

နေပြည်တော်တွင်ဖြစ်ပွားသည့် ဗစ်တိုးရီးယားအမှုနှင့်ပတ်သက်ပြီး စွပ်စွဲခံရသူ အောင်ကျော်မျိုး(ခ) အောင်ကြီး လွတ်မြောက်ရေးနှင့် အမှုမှန်ပေါ်ပေါက်ရေးဖော်ထုတ်သွားမည်ဟု စွပ်စွဲခံရသူ၏ရှေ့နေ ဦးခင်မောင်ဇော်က ပြောသည်။

နေပြည်တော် Wisdom Hill မူကြိုကျောင်းတွင် တက်ရောက်နေသည့် အသက် ၃ နှစ်ခန့်အရွယ် မိန်းကလေးအပေါ် လိင်ပိုင်းဆိုင်ရာကျူးလွန်မှုနှင့်ပတ်သက်ပြီးစွပ်စွဲခံရသူ အောင်ကြီးကိုနေပြည်တော် ဒက္ခိဏခရိုင်တရားရုံးတွင် ဇူလိုင်လ ၁၅ ရက်ကပထမအကြိမ်ရုံးထုတ်ရာတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

“ အမှန်တရားဖော်ထုတ်ဖို့ကနံပါတ်(၁)ပါ။ အမှန်ဘက်မှာဘယ်သူတွေရှိမလဲ။ အမှားဘက်မှာဘယ်သူတွေ ရှိမလဲပေါ့။ သွားမယ့်လမ်းကြောင်းကသုံးခုပါ။ နံပါတ်(၁)က ကျွန်တော်ယုံကြည်တယ်။ ကိုအောင်ကြီးဟာ ဥပဒေအကူအညီလိုတယ်လို့ထင်လို့လိုက်တာ။ ကိုအောင်ကြီးကိုဒီအမှုကနေလွတ်အောင် ဆောင်ရွက်မယ်။ နောက်တစ်ခုက အဲဒီလိုလွတ်အောင်ဆောင်ရွက်ခြင်းကနေ တကယ်ကိုအောင်ကြီးမဟုတ်ဘူးဆိုတာကို ဖော်နိုင်ရင်ဘယ်သူလဲဆိုတာ၊ ဘယ်သူတွေများဖြစ်သလဲဆိုတာအတတ်နိုင်ဆုံးဖော်ထုတ်ရမယ်။ ကန့်သတ်ချက်တွေတော့ရှိတာပေါ့။တတိယကတော့ အဲဒီလိုပေါ်တယ်ဆိုရင် ဘယ်သူတွေက ကိုအောင်ကြီးကို ပုံချသလဲဆိုတဲ့ရည်ရွယ်ချက်နဲ့ ဆောင်ရွက်တာပါ” ဟု ရှေ့နေဦးခင်မောင်ဇော်ကပြောသည်။

ဇူလိုင်လ ၁၅ ရက်ရုံးချိန်းတွင် အမှုစစ်ဆေးခဲ့ခြင်းမရှိသေးဘဲ နှစ်ဖက်သက်သေအနေအထား၊ ရုံးချိန်းခေါ်ဆိုမှု အပိုင်းနှင့်အမှုစီမံခန့်ခွဲမှုအပိုင်းကိုသာ ဆောင်ရွက်ခဲ့ကြောင်း ၎င်းကဆက်ပြောသည်။

ဗစ်တိုးရီးယားအမှုနှင့်ပတ်သက်၍ တရားလိုပြသက်သေ ၂၆ ဦးတင်ထားပြီးလာမည့်ရုံးချိန်းကိုဇူလိုင်လ ၂၄ ရက်သို့ ပြန်လည်ချိန်းဆိုထားကြောင်း သိရသည်။

သက်သေခိုင်လုံသည့်အတွက် အောင်ကြီးကိုဖမ်းဆီးအမှုဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီးကလေးငယ်ပြောဆိုထားသည့် ဗီဒီယိုဖိုင်ကိုတရားရုံးသို့ သက်သေအဖြစ် တင်ထားကြောင်းလည်း နိုင်ငံတော်သမ္မတအိမ်တော် သတင်းစာ ရှင်းလင်းပွဲတွင် ဦးဇော်ဌေးက သတင်းထောက်များထံ ပြောကြားထားသည်။

- ချမ်းငြိမ်း(အကုန်သိသတင်းဌာန)

 

 

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။