Skip to main content
မီလန္
Ads Block

လာမယ့္ရာသီ စီးရီးေအ ခ်န္ပီယံဆုကုိ အင္တာမီလန္ ဆြတ္ခူးမယ္လုိ ့ေမာ္ရင္ဟုိ ေဟာကိန္းထုတ္

လာမယ့္ရာသီမွာ အင္တာမီလန္အသင္းက အီတလီစီးရီးေအ ခ်န္ပီယံဆုကုိ ဆြတ္ခူးသြားလိမ့္မယ္လုိ ့စပါယ္ရွယ္၀မ္း နည္းျပ ေမာ္ရင္ဟုိက ေဟာကိန္းထုတ္လုိက္ပါတယ္။ 

အင္တာ

အသင္းလက္မဲ့ ျဖစ္ေနတဲ့ နည္းျပ ေမာ္ရင္ဟုိဟာ သူကုိယ္တုိင္ကုိင္တြယ္ခဲ့ဖူးတဲ့ အင္တာမီလန္အသင္းကုိ လာမယ့္ရာသီမွာ ဆုဖလားေတြ ရလိမ့္မယ္လုိ ့ခန္ ့မွန္းျပီးေတာ့ နည္းျပ ကြန္တီကုိ ဖိအားေပးလုိက္တာမ်ဳိးလည္း ျဖစ္တယ္လုိ ့အားကစားမီဒီယာေတြက ေရးသားေဖာ္ျပလုိက္ပါတယ္။ အီတလီစီးရီးေအမွာ ဂ်ဳဗင္တပ္အသင္းကပဲ လႊမ္းမုိးထားတဲ့ေခတ္တစ္ခုကုိ ေမာ္ရင္ဟုိကုိယ္တုိင္ကလည္း ကုန္ဆုံးေစခ်င္သလုိ ျပိဳင္ဘက္အသင္းေပါင္းမ်ားစြာဘက္ကလည္း ဂ်ဳဗင္တပ္ကုိ ေက်ာ္ျဖတ္ျပႏုိင္ေၾကာင္း တြန္းအားေပးတာမ်ဳိးလည္း ျဖစ္ပါတယ္။ " အင္တာမီလန္အသင္းဟာ လာမယ့္ စီးရီးေအျပိဳင္ပြဲမွာ ခ်န္ပီယံျဖစ္ပါလိမ့္မယ္။ ကၽြန္ေတာ္ေျပာရဲတာကေတာ့ သူတုိ ့ေသခ်ာေပါက္ ရလိမ့္မယ္ " လုိ ့ေမာ္ရင္ဟုိက ေျပာပါတယ္။ ေပၚတုိ၊ ခ်ဲလ္ဆီး၊ အင္တာမီလန္၊ ရီရဲလ္မက္ဒရစ္၊ မန္ယူ အစရွိတဲ့ ထိပ္သီးအသင္းေတြကုိ နည္းျပခဲ့သူ ဆုဖလားမ်ားစြာကုိ သိမ္းပုိက္ထားဖူးသူ ေမာ္ရင္ဟုိက လက္ရွိအခ်ိန္အထိ ဘယ္အသင္းကုိမွ နည္းျပျခင္းမရွိေတာ့ဘဲ စိတ္ေအးလက္ေအး ေစာင့္ၾကည့္သုံးသပ္ေနတာမ်ဳိးလည္း ျဖစ္ပါတယ္။ အင္တာမီလန္အသင္းဟာ ေမာ္ရင္ဟုိလက္ထက္မွာ ခ်န္ပီယံလိဂ္ဖလားကုိလည္း ဆြတ္ခူးရရွိထားသလုိ စီးရီးေအမွာ ထိပ္တန္းအသင္းအျဖစ္ ရပ္တည္ေနတဲ့အသင္းလည္း ျဖစ္ပါတယ္။

ဒါေပမဲ့လည္း ဂ်ဳဗင္တပ္အသင္းကုိ ေက်ာ္ျဖတ္ျပီး လုပ္ျပႏုိင္ဖုိ ့မွာေတာ့ အေတာ္ေလးကုိ ခက္ခဲတဲ့အေနအထားမ်ဳိး ရွိသလုိ အျခားေသာျပိဳင္ဘက္ေတြျဖစ္တဲ့ ေအစီမီလန္၊ နာပုိလီတုိ ့ကလည္း ခ်န္ပီယံဆုကုိ ဆြတ္ခူးႏုိင္တဲ့ အစြမ္းအစ အစဥ္အလာမ်ဳိး ရွိေနတဲ့အတြက္ ေမာ္ရင္ဟုိရဲ ့ခန္ ့မွန္းခ်က္ဟာ ျဖစ္လာႏုိင္မလားဆုိတာ ေစာင့္ၾကည့္ရမလုိျဖစ္သြားပါတယ္။ 

Unicode Version 

လာမယ့်ရာသီမှာ အင်တာမီလန်အသင်းက အီတလီစီးရီးအေ ချန်ပီယံဆုကို ဆွတ်ခူးသွားလိမ့်မယ်လို့စပါယ်ရှယ်ဝမ်း နည်းပြ မော်ရင်ဟိုက ဟောကိန်းထုတ်လိုက်ပါတယ်။ 
အသင်းလက်မဲ့ ဖြစ်နေတဲ့ နည်းပြ မော်ရင်ဟိုဟာ သူကိုယ်တိုင်ကိုင်တွယ်ခဲ့ဖူးတဲ့ အင်တာမီလန်အသင်းကို လာမယ့်ရာသီမှာ ဆုဖလားတွေ ရလိမ့်မယ်လို့ခန့်မှန်းပြီးတော့ နည်းပြ ကွန်တီကို ဖိအားပေးလိုက်တာမျိုးလည်း ဖြစ်တယ်လို့အားကစားမီဒီယာတွေက ရေးသားဖော်ပြလိုက်ပါတယ်။ အီတလီစီးရီးအေမှာ ဂျုဗင်တပ်အသင်းကပဲ လွှမ်းမိုးထားတဲ့ခေတ်တစ်ခုကို မော်ရင်ဟိုကိုယ်တိုင်ကလည်း ကုန်ဆုံးစေချင်သလို ပြိုင်ဘက်အသင်းပေါင်းများစွာဘက်ကလည်း ဂျုဗင်တပ်ကို ကျော်ဖြတ်ပြနိုင်ကြောင်း တွန်းအားပေးတာမျိုးလည်း ဖြစ်ပါတယ်။ " အင်တာမီလန်အသင်းဟာ လာမယ့် စီးရီးအေပြိုင်ပွဲမှာ ချန်ပီယံဖြစ်ပါလိမ့်မယ်။ ကျွန်တော်ပြောရဲတာကတော့ သူတို့သေချာပေါက် ရလိမ့်မယ် " လို့မော်ရင်ဟိုက ပြောပါတယ်။ ပေါ်တို၊ ချဲလ်ဆီး၊ အင်တာမီလန်၊ ရီရဲလ်မက်ဒရစ်၊ မန်ယူ အစရှိတဲ့ ထိပ်သီးအသင်းတွေကို နည်းပြခဲ့သူ ဆုဖလားများစွာကို သိမ်းပိုက်ထားဖူးသူ မော်ရင်ဟိုက လက်ရှိအချိန်အထိ ဘယ်အသင်းကိုမှ နည်းပြခြင်းမရှိတော့ဘဲ စိတ်အေးလက်အေး စောင့်ကြည့်သုံးသပ်နေတာမျိုးလည်း ဖြစ်ပါတယ်။ အင်တာမီလန်အသင်းဟာ မော်ရင်ဟိုလက်ထက်မှာ ချန်ပီယံလိဂ်ဖလားကိုလည်း ဆွတ်ခူးရရှိထားသလို စီးရီးအေမှာ ထိပ်တန်းအသင်းအဖြစ် ရပ်တည်နေတဲ့အသင်းလည်း ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဂျုဗင်တပ်အသင်းကို ကျော်ဖြတ်ပြီး လုပ်ပြနိုင်ဖို့မှာတော့ အတော်လေးကို ခက်ခဲတဲ့အနေအထားမျိုး ရှိသလို အခြားသောပြိုင်ဘက်တွေဖြစ်တဲ့ အေစီမီလန်၊ နာပိုလီတို့ကလည်း ချန်ပီယံဆုကို ဆွတ်ခူးနိုင်တဲ့ အစွမ်းအစ အစဉ်အလာမျိုး ရှိနေတဲ့အတွက် မော်ရင်ဟိုရဲ့ခန့်မှန်းချက်ဟာ ဖြစ်လာနိုင်မလားဆိုတာ စောင့်ကြည့်ရမလိုဖြစ်သွားပါတယ်။ 

   - မုိးတိမ္(အကုန္သိသတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။