Skip to main content
ဂရစ္
Ads Block

ဂရစ္ဇ္မန္းရဲ ့အေျပာင္းအေရႊ ့အျပီးမွာ ဘာစီလုိနာနဲ ့အက္သလက္တီကုိအသင္းတုိ ့ၾကား ဆက္ဆံေရး ပ်က္ျပယ္ျပီလုိ ့ဆုိ

ဂရစ္ဇ္မန္းရဲ ့အေျပာင္းအေရႊ ့ကိစၥေနာက္ပုိင္းမွာ ဘာစီလုိနာနဲ ့အက္သလက္တီကုိအသင္းတုိ ့ရဲ ့အျပန္အလွန္ေလးစားတဲ့ ဆက္ဆံေရးေတြဟာ ျပိဳကြဲသြားျပီလုိ ့အားကစားမီဒီယာေတြက ေရးသားေဖာ္ျပလုိက္ပါတယ္။ 

ဘာစီလုိနာအသင္းက ႏွစ္ရွည္ေစာင့္ၾကည့္ျပီး အရေခၚယူဖုိ ့ၾကိဳးစားခဲ့တဲ့ ဂရစ္ဇ္မန္းဟာ ဘာစီလုိနာအသင္းဆီကုိ လက္ရွိအေျပာင္းအေရႊ ့ရာသီမွာပဲ ရုတ္တရက္ေျပာင္းေရႊ ့သြားပါတယ္။ ဒါေပမဲ့လည္း အက္သလက္တီ

ဂရစ္

ကုိအသင္းဘက္က မေက်နပ္တဲ့ျဖစ္စဥ္တစ္ခုေၾကာင့္ အခုလုိမ်ဳိး ႏွစ္သင္းၾကားမွာ အက္ေၾကာင္းေတြ ေပၚလာတာလုိ ့ဆုိႏုိင္ပါတယ္။ ဘာစီလုိနာအသင္းဟာ ဂရစ္ဇ္မန္းအတြက္ အမွန္ေပးေခ်ရမယ့္တန္ဖုိးထက္ ေလ်ာ့နည္းစြာနဲ ့ရရွိေအာင္ အခ်ိန္ဆြဲျပီး ကစားသမားကုိ ျဖည္းျဖည္းခ်င္းသိမ္းသြင္းခဲ့တယ္လုိ ့အက္သလက္တီကုိဘက္က ခံယူတဲ့အတြက္ ေဘာလုံးအဖြဲ ့ခ်ဳပ္ဆီ တုိင္ၾကားမႈေတြ စတင္လုိက္တာလည္း ျဖစ္ပါတယ္။ ဒီျဖစ္စဥ္အတြက္ ဘာစီလုိနာအသင္းဘက္ကေတာ့ ျပန္လည္တုံ ့ျပန္မႈေတြ မရွိေသးေပမယ့္ UEFA ဘက္က ေခၚယူစစ္ေမးမႈေတြလုပ္လာရင္ေတာ့ ေျဖရွင္းသြားရမွာပဲ ျဖစ္ပါတယ္။ ဘာစီလုိနာအသင္းဟာ တုိက္စစ္အတြက္ ျပင္သစ္ကစားသမား ဂရစ္ဇ္မန္းကုိ ေပါင္ ၁၀၈ သန္းနဲ ့ငါးႏွစ္စာခ်ဳပ္ခ်ဳပ္ဆုိ ေခၚယူလုိက္တာျဖစ္ျပီး တကယ္တမ္းေပးေခ်သင့္တာက သန္း ၁၈၀ လုိ ့ဆုိပါတယ္။ ဒီအတြက္ အက္သလက္တီကုိအသင္းဘက္က မေက်မနပ္ျဖစ္ေနျပီး ဘာစီလုိနာဟာ ကစားသမားနဲ ့ညိွျပီး အက္သလက္တီကုိအသင္းဘက္ကုိ အႏုိင္က်င့္သြားတာမ်ဳိး ျဖစ္တယ္လုိ ့ေထာက္ျပပါတယ္။ ဒါ့အျပင္ ဂရစ္ဇ္မန္းကုိ ျပန္လည္၀ယ္ယူခ်င္တဲ့အသင္းအေနနဲ ့ေျပာင္းေရႊ ့ေၾကး သန္း ၈၀၀ အထိ ျပန္လည္ေစ်းကြက္တင္ထားတာ ျဖစ္တဲ့အတြက္ အက္သလက္တီကုိအသင္းဘက္က ဘာစီလုိနာအသင္းကို အခဲမေက်ျဖစ္ေနရတာလုိ ့ဆုိပါတယ္။

ဒါေၾကာင့္ ႏွစ္သင္းၾကားမွာ တရားရင္ဆုိင္တာေတြ ျဖစ္လာႏုိင္သလုိ ေလးစားမႈရွိတဲ့ အျပန္အလွန္ဆက္ဆံေရးဟာလည္း ျပိဳကြဲသြားျပီျဖစ္တယ္လုိ ့အားကစားမီဒီယာေတြက ေဖာ္ျပၾကတာပါ။ 

Unicode Version 

ဂရစ်ဇ်မန်းရဲ့အပြောင်းအရွှေ့ကိစ္စနောက်ပိုင်းမှာ ဘာစီလိုနာနဲ့အက်သလက်တီကိုအသင်းတို့ရဲ့အပြန်အလှန်လေးစားတဲ့ ဆက်ဆံရေးတွေဟာ ပြိုကွဲသွားပြီလို့အားကစားမီဒီယာတွေက ရေးသားဖော်ပြလိုက်ပါတယ်။ 
ဘာစီလိုနာအသင်းက နှစ်ရှည်စောင့်ကြည့်ပြီး အရခေါ်ယူဖို့ကြိုးစားခဲ့တဲ့ ဂရစ်ဇ်မန်းဟာ ဘာစီလိုနာအသင်းဆီကို လက်ရှိအပြောင်းအရွှေ့ရာသီမှာပဲ ရုတ်တရက်ပြောင်းရွှေ့သွားပါတယ်။ ဒါပေမဲ့လည်း အက်သလက်တီကိုအသင်းဘက်က မကျေနပ်တဲ့ဖြစ်စဉ်တစ်ခုကြောင့် အခုလိုမျိုး နှစ်သင်းကြားမှာ အက်ကြောင်းတွေ ပေါ်လာတာလို့ဆိုနိုင်ပါတယ်။ ဘာစီလိုနာအသင်းဟာ ဂရစ်ဇ်မန်းအတွက် အမှန်ပေးချေရမယ့်တန်ဖိုးထက် လျော့နည်းစွာနဲ့ရရှိအောင် အချိန်ဆွဲပြီး ကစားသမားကို ဖြည်းဖြည်းချင်းသိမ်းသွင်းခဲ့တယ်လို့အက်သလက်တီကိုဘက်က ခံယူတဲ့အတွက် ဘောလုံးအဖွဲ့ချုပ်ဆီ တိုင်ကြားမှုတွေ စတင်လိုက်တာလည်း ဖြစ်ပါတယ်။ ဒီဖြစ်စဉ်အတွက် ဘာစီလိုနာအသင်းဘက်ကတော့ ပြန်လည်တုံ့ပြန်မှုတွေ မရှိသေးပေမယ့် UEFA ဘက်က ခေါ်ယူစစ်မေးမှုတွေလုပ်လာရင်တော့ ဖြေရှင်းသွားရမှာပဲ ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ တိုက်စစ်အတွက် ပြင်သစ်ကစားသမား ဂရစ်ဇ်မန်းကို ပေါင် ၁၀၈ သန်းနဲ့ငါးနှစ်စာချုပ်ချုပ်ဆို ခေါ်ယူလိုက်တာဖြစ်ပြီး တကယ်တမ်းပေးချေသင့်တာက သန်း ၁၈၀ လို့ဆိုပါတယ်။ ဒီအတွက် အက်သလက်တီကိုအသင်းဘက်က မကျေမနပ်ဖြစ်နေပြီး ဘာစီလိုနာဟာ ကစားသမားနဲ့ညှိပြီး အက်သလက်တီကိုအသင်းဘက်ကို အနိုင်ကျင့်သွားတာမျိုး ဖြစ်တယ်လို့ထောက်ပြပါတယ်။ ဒါ့အပြင် ဂရစ်ဇ်မန်းကို ပြန်လည်ဝယ်ယူချင်တဲ့အသင်းအနေနဲ့ပြောင်းရွှေ့ကြေး သန်း ၈၀၀ အထိ ပြန်လည်ဈေးကွက်တင်ထားတာ ဖြစ်တဲ့အတွက် အက်သလက်တီကိုအသင်းဘက်က ဘာစီလိုနာအသင်းကို အခဲမကျေဖြစ်နေရတာလို့ဆိုပါတယ်။ ဒါကြောင့် နှစ်သင်းကြားမှာ တရားရင်ဆိုင်တာတွေ ဖြစ်လာနိုင်သလို လေးစားမှုရှိတဲ့ အပြန်အလှန်ဆက်ဆံရေးဟာလည်း ပြိုကွဲသွားပြီဖြစ်တယ်လို့အားကစားမီဒီယာတွေက ဖော်ပြကြတာပါ။ 

    - မုိးတိမ္(အကုန္သိသတင္းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။