Skip to main content
ကေလးသူငယ္အခြင့္အေရးဆုိင္ရာဥပေဒအတည္ျဖစ္လာပါက ငရဲတြင္းသို႔ေရာက္လာသည့္ႏုိင္ငံျဖစ္လာမည္ဟု ဦးသိန္းညြန္႔ သတိေပး
Ads Block

ကေလးသူငယ္အခြင့္အေရးဆုိင္ရာဥပေဒအတည္ျဖစ္လာပါက ငရဲတြင္းသို႔ေရာက္လာသည့္ႏုိင္ငံျဖစ္လာမည္ဟု ဦးသိန္းညြန္႔ သတိေပး

ကေလးသူငယ္အခြင့္အေရးဆုိင္ရာဥပေဒအတည္ျဖစ္လာပါက ဆင္းရဲတြင္းနက္သည့္ ႏုိင္ငံတင္မဟုတ္ဘဲ ငရဲတြင္းထဲသို႔ေရာက္လာသည့္ႏုိင္ငံျဖစ္လာမည္ဟု အမ်ိဳးသားဒီမုိကေရစီပါတီသစ္ ဥကၠ႒ ဦးသိန္းညြန္႔က ေျပာလုိက္သည္။
ရန္ကုန္ၿမိဳ႕ရွိ ေအာကစ္ေဟာက္စ္တြင္ ဇူလုိင္ ၁၄ ရက္ကက်င္းပေသာ ကေလးသူငယ္ဥပေဒေရေႏြးၾကမ္း စကား၀ုိင္းတြင္ ယခုကဲ့သို႔ေျပာျခင္းျဖစ္သည္။
“ ဒီဥပေဒဟာ အခုခ်က္ခ်င္းႏုိင္ငံသားမျဖစ္ေပမဲ့ ႏုိင္ငံသားျဖစ္မႈလြယ္ကူေအာင္ လမ္းခင္းေပးလုိက္ၿပီ။ ႏုိင္ငံသားေတြရဲ႕ပုိင္ဆုိင္ခြင့္ ပစၥည္းဥစၥာရပုိင္ခြင့္ အခြင့္အေရးေတြကုိလည္းထိပါးခံရေတာ့မယ္။ အခုလည္း အားလုံးသိတဲ့အတုိင္း ကြ်န္ေတာ္တုိ႔တုိင္းရင္းသားေတြအားလုံးက တကယ္ႏုိင္ငံျခားသားေတြ၊ ႏုိင္ငံျခားသားေတြ ႏြယ္တဲဲ့သူေတြနဲ႔စီးပြားေရးအေျခအေနယွဥ္ၾကည့္ရင္ အားလုံးသေဘာေပါက္တဲ့အတုိင္းပဲ။ ဒီေန႔ေကာင္းေကာင္းစားႏုိင္တာဘယ္သူလဲ။ အခုနပန္းေရာင္းေနတဲ့ကေလးေတြဘယ္သူလဲ။ လက္ဖက္ရည္ဆုိင္မွာ အလုပ္လုပ္ေနတဲ့ကေလးေတြကဘယ္သူေတြလဲ။ အဲဒီလူေတြမဟုတ္ဘူး။ အခုဥပေဒကုိ ကြ်န္ေတာ္တုိ႔ေျပာေနတာလည္းတစ္ျခားေၾကာင့္မဟုတ္ဘူး။ ဒီဥပေဒသာအတည္ျဖစ္လာရင္ အခုန ဆင္းရဲတြင္း ေရာက္ေနတဲ့ကြ်န္ေတာ္တုိ႔ႏုိင္ငံဟာ ႏုိင္ငံျခားသားေတြလႊမ္းမုိးတဲ့၊ ငရဲတြင္းေရာက္သြားတဲ့ႏုိင္ငံ ျဖစ္သြားလိမ့္မယ္’’ ဟု အမ်ိဳးသားဒီမုိကေရစီပါတီသစ္ဥကၠ႒ ဦးသိန္းညြန္႔က ေျပာသည္။
ၿပီးခဲ့ေသာ ၂၀၁၉ ခုႏွစ္၊ ဇြန္လ ၇ ရက္ကက်င္းပသည့္ ျပည္ေထာင္စုလႊတ္ေတာ္တြင္ ကေလးသူငယ္ အခြင့္အေရးဆုိင္ရာဥပေဒအားေထာက္ခံမဲ ၂၅၄ မဲ၊ ကန္႔ကြက္မဲ ၁၇၁ မဲ၊ ၾကားေနမဲ ၁ မဲ တုိ႔ျဖင့္ အတည္ျပဳထားၿပီး ႏုိင္ငံေတာ္သမၼတလက္မွတ္ေရးထုိးအတည္ျပဳရန္လႊတ္ေတာ္မွေပးပုိ႔ထားေၾကာင္း သိရသည္။
အဆိုပါဥပေဒအသစ္၏ ပုဒ္မ ၂၆ တြင္ “ျမန္မာႏိုင္ငံသားတစ္ဦးဦးသည္ ကေလးသူငယ္ကိုမိဘအရင္းသဖြယ္ ျပဳစုေစာင့္ေရွာက္ႏိုင္ပါက ကေလးသူငယ္အားသတ္မွတ္ခ်က္မ်ားႏွင့္အညီေမြးစားပိုင္ခြင့္ရွိသည္” ဟု ျပ႒ာန္းထားသည္။
ယင္းဥပေဒျပ႒ာန္းခ်က္အရ အသက္(၁၈)ႏွစ္ မျပည့္ေသးသူကေလးသူငယ္ကို မည္သည့္ေနရာ၊ မည္သည့္ ေဒသကကေလးျဖစ္ေစ၊ ႏိုင္ငံသားဟုတ္သည္ျဖစ္ေစ၊ မဟုတ္သည္ျဖစ္ေစ ေမြးစားခြင့္ရွိေနေၾကာင္းသိရသည္။

မင္းသီဟန္ ( အကုန္သိ သတင္းဌာန )

Unicode Version

 

ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေအတည်ဖြစ်လာပါက ဆင်းရဲတွင်းနက်သည့် နိုင်ငံတင်မဟုတ်ဘဲ ငရဲတွင်းထဲသို့ရောက်လာသည့်နိုင်ငံဖြစ်လာမည်ဟု အမျိုးသားဒီမိုကရေစီပါတီသစ် ဥက္ကဋ္ဌ ဦးသိန်းညွန့်က ပြောလိုက်သည်။
ရန်ကုန်မြို့ရှိ အောကစ်ဟောက်စ်တွင် ဇူလိုင် ၁၄ ရက်ကကျင်းပသော ကလေးသူငယ်ဥပဒေရေနွေးကြမ်း စကားဝိုင်းတွင် ယခုကဲ့သို့ပြောခြင်းဖြစ်သည်။
“ ဒီဥပဒေဟာ အခုချက်ချင်းနိုင်ငံသားမဖြစ်ပေမဲ့ နိုင်ငံသားဖြစ်မှုလွယ်ကူအောင် လမ်းခင်းပေးလိုက်ပြီ။ နိုင်ငံသားတွေရဲ့ပိုင်ဆိုင်ခွင့် ပစ္စည်းဥစ္စာရပိုင်ခွင့် အခွင့်အရေးတွေကိုလည်းထိပါးခံရတော့မယ်။ အခုလည်း အားလုံးသိတဲ့အတိုင်း ကျွန်တော်တို့တိုင်းရင်းသားတွေအားလုံးက တကယ်နိုင်ငံခြားသားတွေ၊ နိုင်ငံခြားသားတွေ နွယ်တဲ့သူတွေနဲ့စီးပွားရေးအခြေအနေယှဉ်ကြည့်ရင် အားလုံးသဘောပေါက်တဲ့အတိုင်းပဲ။ ဒီနေ့ကောင်းကောင်းစားနိုင်တာဘယ်သူလဲ။ အခုနပန်းရောင်းနေတဲ့ကလေးတွေဘယ်သူလဲ။ လက်ဖက်ရည်ဆိုင်မှာ အလုပ်လုပ်နေတဲ့ကလေးတွေကဘယ်သူတွေလဲ။ အဲဒီလူတွေမဟုတ်ဘူး။ အခုဥပဒေကို ကျွန်တော်တို့ပြောနေတာလည်းတစ်ခြားကြောင့်မဟုတ်ဘူး။ ဒီဥပဒေသာအတည်ဖြစ်လာရင် အခုန ဆင်းရဲတွင်း ရောက်နေတဲ့ကျွန်တော်တို့နိုင်ငံဟာ နိုင်ငံခြားသားတွေလွှမ်းမိုးတဲ့၊ ငရဲတွင်းရောက်သွားတဲ့နိုင်ငံ ဖြစ်သွားလိမ့်မယ်’’ ဟု အမျိုးသားဒီမိုကရေစီပါတီသစ်ဥက္ကဋ္ဌ ဦးသိန်းညွန့်က ပြောသည်။
ပြီးခဲ့သော ၂၀၁၉ ခုနှစ်၊ ဇွန်လ ၇ ရက်ကကျင်းပသည့် ပြည်ထောင်စုလွှတ်တော်တွင် ကလေးသူငယ် အခွင့်အရေးဆိုင်ရာဥပဒေအားထောက်ခံမဲ ၂၅၄ မဲ၊ ကန့်ကွက်မဲ ၁၇၁ မဲ၊ ကြားနေမဲ ၁ မဲ တို့ဖြင့် အတည်ပြုထားပြီး နိုင်ငံတော်သမ္မတလက်မှတ်ရေးထိုးအတည်ပြုရန်လွှတ်တော်မှပေးပို့ထားကြောင်း သိရသည်။
အဆိုပါဥပဒေအသစ်၏ ပုဒ်မ ၂၆ တွင် “မြန်မာနိုင်ငံသားတစ်ဦးဦးသည် ကလေးသူငယ်ကိုမိဘအရင်းသဖွယ် ပြုစုစောင့်ရှောက်နိုင်ပါက ကလေးသူငယ်အားသတ်မှတ်ချက်များနှင့်အညီမွေးစားပိုင်ခွင့်ရှိသည်” ဟု ပြဋ္ဌာန်းထားသည်။
ယင်းဥပဒေပြဋ္ဌာန်းချက်အရ အသက်(၁၈)နှစ် မပြည့်သေးသူကလေးသူငယ်ကို မည်သည့်နေရာ၊ မည်သည့် ဒေသကကလေးဖြစ်စေ၊ နိုင်ငံသားဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ မွေးစားခွင့်ရှိနေကြောင်းသိရသည်။

- မင်းသီဟန် ( အကုန်သိ သတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။