Skip to main content
၁၇ ႏွစ္အရြယ္အမ်ဳိးသားက ၃ ႏွစ္ေက်ာ္အရြယ္မိန္းကေလးအား အဓမၼျပဳက်င့္ရန္ ၾကံစည္မူျဖစ္ပြား
Ads Block

၁၇ ႏွစ္အရြယ္အမ်ဳိးသားက ၃ ႏွစ္ေက်ာ္အရြယ္မိန္းကေလးအား အဓမၼျပဳက်င့္ရန္ ၾကံစည္မူျဖစ္ပြား

မတၱရာၿမိဳ႕နယ္တြင္ ၁၇ ႏွစ္အရြယ္အမ်ဳိးသားက အခန္းခ်င္းကပ္လ်က္ေနထိုင္သည့္ ၃ ႏွစ္ေက်ာ္အရြယ္ မိန္းကေလးအား အဓမၼျပဳက်င့္ရန္ ၾကံစည္မႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ မႏၲေလးတိုင္းေဒသႀကီး၊ မတၱရာၿမိဳ႕နယ္၊ ၿမိဳ႕သစ္(၂)ရပ္ကြက္ေန ေဒၚ…..သည္ ဇူလိုင္လ ၁၃ ရက္၊ ေန႔လယ္ ၂ နာရီခန္႔က ေနအိမ္တိုက္ခန္းအေပၚထပ္တြင္ သမီးျဖစ္သူ မ……၊ (၃)ႏွစ္(၃)လမွာ အိပ္ေပ်ာ္ေနခ်ိန္ အိမ္နီးခ်င္းအိမ္သို႔ အလည္သြားၿပီး ကြမ္းယာေတာင္းစား၍ နာရီဝက္ခန႔္အၾကာ၌ ျပန္လာေရာက္စဥ္ အိပ္ယာထဲတြင္ သမီးျဖစ္သူငိုေနသည္ကို ေတြ႔ရွိခဲ့ေၾကာင္း သိရသည္။
သမီးျဖစ္သူကို ငိုရသည့္အေၾကာင္းအရင္းအား ေဒၚ…… မွ ေမးျမန္းခဲ့ရာမွ အဆိုပါျဖစ္စဥ္ကို သိရွိခဲ့ရျခင္း ျဖစ္သည္။
“အဲဒီေကာင္ေလးနဲ႔ ကေလးမေလးရဲ႕အေဖတို႔က ဆိုင္ကယ္ေရာင္းဝယ္ေရးဆိုင္မွာ အလုပ္အတူတူၾကတယ္။ ဆိုင္ပိုင္ရွင္က သူ႔ဆီကဝန္ထမ္းေတြကို ေနစရာေပးထားတယ္။ အဲဒီေပးတဲ့အခန္းမွာပဲ သူတို႔ေတြက ေနၾကတာေပါ့။ ကေလးမေလးရဲ႕အေမက သူ႔သမီးအိပ္ေနတုန္းမွာ သူ႔အိမ္ေဘးကအိမ္တစ္အိမ္ကို အိမ္လည္သြားတယ္။ ကြမ္းသြားၿပီးလည္း ေတာင္းစားရင္းေပါ့။ နာရီဝက္ေလာက္ၾကာလို႔ အိမ္ျပန္တဲ့အခါ သမီးျဖစ္သူငိုေနတာကိုေမးၾကည့္ရာကေန သိရတယ္” ဟု မတၱရာၿမိဳ႕မရဲစခန္းမွ ရဲအရာရွိ တစ္ဦးက အကုန္သိသတင္းဌာနသို႔ ေျပာသည္။
လက္ရွိတြင္ သမီးျဖစ္သူ မ----- ကို မတၱရာေဆး႐ုံမွ မႏၲေလးေဆး႐ုံႀကီးသို႔ပို႔ေဆာင္ကာ ေဆးဝါးကုသေနၿပီး ရဲစခန္းသို႔ တိုင္ၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ယင္းျဖစ္စဥ္ႏွင့္ပတ္သက္၍ ေမာင္ထိုက္(ခ)ေက်ာ္စိုးထိုက္၊ (၁၇)ႏွစ္ကို မတၱရာၿမိဳ႕နယ္ရဲစခန္း၌ (ပ)၅၃၆/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ-၃၇၇/၅၁၁ ျဖင့္ ဖမ္းဆီးစစ္ေဆးေနေၾကာင္း သိရသည္။

- ႏိုင္မင္းလြင္ ( အကုန္သိ သတင္းဌာန ) | ဓာတ္ပုံ-ရဲတပ္ဖြဲ႔

Unicode Version

 

မတ္တရာမြို့နယ်တွင် ၁၇ နှစ်အရွယ်အမျိုးသားက အခန်းချင်းကပ်လျက်နေထိုင်သည့် ၃ နှစ်ကျော်အရွယ် မိန်းကလေးအား အဓမ္မပြုကျင့်ရန် ကြံစည်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ မြို့သစ်(၂)ရပ်ကွက်နေ ဒေါ်…..သည် ဇူလိုင်လ ၁၃ ရက်၊ နေ့လယ် ၂ နာရီခန့်က နေအိမ်တိုက်ခန်းအပေါ်ထပ်တွင် သမီးဖြစ်သူ မ……၊ (၃)နှစ်(၃)လမှာ အိပ်ပျော်နေချိန် အိမ်နီးချင်းအိမ်သို့ အလည်သွားပြီး ကွမ်းယာတောင်းစား၍ နာရီဝက်ခန့်အကြာ၌ ပြန်လာရောက်စဉ် အိပ်ယာထဲတွင် သမီးဖြစ်သူငိုနေသည်ကို တွေ့ရှိခဲ့ကြောင်း သိရသည်။
သမီးဖြစ်သူကို ငိုရသည့်အကြောင်းအရင်းအား ဒေါ်…… မှ မေးမြန်းခဲ့ရာမှ အဆိုပါဖြစ်စဉ်ကို သိရှိခဲ့ရခြင်း ဖြစ်သည်။
“အဲဒီကောင်လေးနဲ့ ကလေးမလေးရဲ့အဖေတို့က ဆိုင်ကယ်ရောင်းဝယ်ရေးဆိုင်မှာ အလုပ်အတူတူကြတယ်။ ဆိုင်ပိုင်ရှင်က သူ့ဆီကဝန်ထမ်းတွေကို နေစရာပေးထားတယ်။ အဲဒီပေးတဲ့အခန်းမှာပဲ သူတို့တွေက နေကြတာပေါ့။ ကလေးမလေးရဲ့အမေက သူ့သမီးအိပ်နေတုန်းမှာ သူ့အိမ်ဘေးကအိမ်တစ်အိမ်ကို အိမ်လည်သွားတယ်။ ကွမ်းသွားပြီးလည်း တောင်းစားရင်းပေါ့။ နာရီဝက်လောက်ကြာလို့ အိမ်ပြန်တဲ့အခါ သမီးဖြစ်သူငိုနေတာကိုမေးကြည့်ရာကနေ သိရတယ်” ဟု မတ္တရာမြို့မရဲစခန်းမှ ရဲအရာရှိ တစ်ဦးက အကုန်သိသတင်းဌာနသို့ ပြောသည်။
လက်ရှိတွင် သမီးဖြစ်သူ မ----- ကို မတ္တရာဆေးရုံမှ မန္တလေးဆေးရုံကြီးသို့ပို့ဆောင်ကာ ဆေးဝါးကုသနေပြီး ရဲစခန်းသို့ တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ မောင်ထိုက်(ခ)ကျော်စိုးထိုက်၊ (၁၇)နှစ်ကို မတ္တရာမြို့နယ်ရဲစခန်း၌ (ပ)၅၃၆/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ-၃၇၇/၅၁၁ ဖြင့် ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။

- နိုင်မင်းလွင် ( အကုန်သိ သတင်းဌာန ) | ဓာတ်ပုံ-ရဲတပ်ဖွဲ့

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။